Connect with us

China

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရှန်ဟိုင်း ဒေသတွင်း စင်တာ တရားဝင် စတင်ဖွင့်လှစ်

ရှန်ဟိုင်း၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရှန်ဟိုင်း ဒေသတွင်း စင်တာကို ဇွန် ၁၉ ရက်တွင် တရားဝင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှန်ဟိုင်း ဒေသတွင်း စင်တာသည် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၏ ကမ္ဘာတစ်ဝန်းတွင် ဖွင့်လှစ်သော ဒေသတွင်း စင်တာများအနက် တစ်ခု ဖြစ်ကြောင်း တရုတ်ပြည်သူ့ဘဏ်ထံမှ သိရသည်။ ထိုသို့ ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်မှာ IMF နှင့် အာရှ-ပစိဖိတ် ဒေသ စီးပွားရေးနိုင်ငံများ ပူးပေါင်းဖလှယ်မှုကို အားဖြည့်ရန်၊ ထွန်းသစ်စဈေးကွက်နှင့် အလယ်အလတ်အဆင့် ဝင်ငွေရနိုင်ငံများ ဂရုပြုကြသော ကဏ္ဍများ၌ သက်ဆိုင်ရာ သုတေသနများ ပြုလုပ်သွားရန်၊ ဒေသတွင်း စီးပွားရေးအတွက် တိကျထိရောက်မှုရှိသော စွမ်းရည်တည်ဆောက်မှုကို ထောက်ခံအားပေးရန်၊ ကမ္ဘာတစ်ဝန်းနှင့် ဒေသတွင်း ဘဏ္ဍာရေးကဏ္ဍ တည်ငြိမ်မှုကို ထိန်းသိမ်းရန် အတွက် ဖြစ်ကြောင်း တရုတ်ပြည်သူ့ဘဏ်ထံမှ သိရသည်။ (Xinhua)
…………………………
(Chinese Version)
国际货币基金组织上海区域中心正式启动
新华社上海6月19日电(记者吴雨、桑彤)19日,国际货币基金组织上海区域中心正式启动。
记者从中国人民银行了解到,上海区域中心是国际货币基金组织在全球设立的区域中心之一,旨在加强国际货币基金组织与亚太地区经济体的交流与合作,就新兴市场和中等收入国家关注领域开展相关研究,为区域内经济体提供有针对性的能力建设支持,维护全球和区域金融稳定。