Connect with us

International Organizations

ရေရှည်ဖြစ်သော ဥရောပတိုက်လုံခြုံရေးမူဘောင် တည်ဆောက်ခြင်းသည် နိုင်ငံတကာအသိုက်အဝန်း၏ ဘုံမျှော်မှန်းရာ ဖြစ်သည်ဟု တရုတ်ကိုယ်စားလှယ်ပြောကြား

နယူးယောက်မြို့ ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ကျင်းပသော လုံခြုံရေးကောင်စီ အစည်းအဝေးမြင်ကွင်းအား ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)
အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံး အကောင်အထည်ဖော်ရန်၊ ငြိမ်းချမ်းရေးကို ဆောလျင်စွာ ပြန်လည်ဖော်ဆောင်ရန်၊ ဟန်ချက်ညီမှု၊ ထိရောက်မှုနှင့်ရေရှည်ဖြစ်သော ဥရောပတိုက်လုံခြုံရေး မူဘောင် တည်ဆောက်ရန်မှာ သက်ဆိုင်ရာဘက်ပေါင်းစုံ၏ ဘုံအကျိုးစီးပွားနှင့်ကိုက်ညီသလို နိုင်ငံတကာအသိုက်အဝန်း၏ ဘုံမျှော်မှန်းရာလည်း ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် ကိန်းစွမ်က ဇွန် ၁၈ ရက် လုံခြုံရေးကောင်စီ ယူကရိန်းအရေးစိစစ်သုံးသပ်မှုတွင် ပြောကြားခဲ့သည်။
ကိန်းစွမ်က တရုတ်နိုင်ငံ၏ သံတမန်ရေးကြိုးပမ်းမှု သတင်းစကားအားလုံးသည် ထပ်တူဖြစ်ကြောင်း ၊ ၎င်းမှာ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရန်၊ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပဋိပက္ခတိုင်း၏ အဆုံးမှာ စေ့စပ်ဆွေးနွေးရေးစားပွဲဝိုင်းသာ ဖြစ်သည်ကို သမိုင်းက သက်သေပြပြီးဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အချင်းဖြစ်ပွားသည့်သက်ဆိုင်ရာနိုင်ငံများကနိုင်ငံရေးသဘောဆန္ဒကို ဖော်ပြပြီး အတူဆောင်ရွက်ကြရန်၊ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှု အမြန်ဆုံး စတင်ရန် တိုက်တွန်းကြောင်း၊ တစ်ချိန်တည်းတွင်ပင် သက်ဆိုင်ရာ နိုင်ငံများက မျှတမှန်ကန်မှုကို လက်ကိုင်ထားကာ ထို့အတွက် အကျိုးဖြစ်ထွန်းအောင် ဖန်တီးကြရန် တရုတ်နိုင်ငံ အနေဖြင့် တိုက်တွန်းကြောင်း ၊ အထူးသဖြင့် အမေရိကန်နိုင်ငံအနေဖြင့် စစ်ပွဲဆောလျင်စွာ အဆုံးသတ်ရေး၊ ပြန်လည်ငြိမ်းချမ်းရေးတွင် အပြုသဘောအခန်းကဏ္ဍမှ ပါဝင်ရမည်ဖြစ်ပြီး ပဋိပက္ခ အရှိန်အဟုန် ဆိုးရွားစွာ မြင့်တက်လာအောင်၊ အုပ်စုဖွဲ့ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားအောင်၊ နိုင်ငံတကာ စည်းလုံးညီညွတ်မှု ပျက်စီးအောင် လုပ်ဆောင်ရမည် မဟုတ်ကြောင်း၊ တရုတ်နိုင်ငံသည် သက်ဆိုင်ရာဘက်ပေါင်းစုံနှင့် ထိတွေ့ဆွေးနွေးမှုများ ဆက်လက် ထားရှိသွားမည် ဖြစ်ပြီး နိုင်ငံရေးနည်းလမ်းဖြင့် အကျပ်အတည်းဖြေရှင်းရေးကို တွန်းအားပေးရာတွင် မဆုတ်မနစ် ကြိုးပမ်းသွားမည် ဖြစ်သလို အပြုသဘောအခန်းကဏ္ဍမှ ပါဝင်သွားမည်ဖြစ်ကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။ (Xinhua)
…………………………
(Chinese Version)
中国代表:建立可持续的欧洲安全框架是国际社会的共同期盼
新华社联合国6月18日电(记者王建刚)中国常驻联合国副代表耿爽18日在安理会审议乌克兰问题时表示,尽快停火止战、早日恢复和平,建立均衡、有效、可持续的欧洲安全框架,符合有关各方的共同利益,也是国际社会的共同期盼。
耿爽说,中方所有外交努力释放的信息都是一致的,那就是劝和促谈、政治解决。历史早已证明,任何冲突的终点都是谈判桌。中方呼吁当事方展现政治意愿,相向而行,早日开启和谈。中方同时呼吁有关国家秉持客观公正立场,为此创造有利条件。特别要呼吁美国能为早日结束战争、恢复和平发挥积极作用,而不是继续加剧冲突升级,挑动阵营对抗,破坏国际团结。中方将继续同有关各方保持接触沟通,为推动政治解决危机作出不懈努力,发挥建设性作用。
1. 这是2023年12月20日在位于纽约的联合国总部拍摄的联合国安理会会议现场。