Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံ ရှီးဇန့်ဒေသ ရှီးဇန့်ဒရယ်ငယ်များ ရွှေ့ပြောင်းနေထိုင်ကြသည့် အလှမြင်ကွင်း

တရုတ်နိုင်ငံ ချန်းထန်အမျိုးသား သဘာဝဘေးမဲ့တောတွင် ရှီးဇန့်ဒရယ်ငယ်အုပ်စုတစ်စု ရွှေ့ပြောင်းနေကြသည်ကို ဇွန် ၁၃ ရက် ညနေပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

ရှီးဇန့်၊ ဇွန် ၂၀ (ဆင်ဟွာ)

တရုတ်နိုင်ငံ ချင်းဟိုင်-ရှီးဇန့် ကုန်းပြင်မြင့်၏ ကျယ်ပြန့်လှသော ကုန်းမြေပြင်တွင် ရှီးဇန့် ဒရယ်ငယ်မလေးများသည် အုပ်စုလိုက် ရှည်လျားစွာ တန်းစီကာ “မီးဖွားခန်းများ” ဆီသို့ ဦးတည်သွားခဲ့သည်။ ယင်းမှာ “ကမ္ဘာ့အံ့မခန်းဖွယ်ရာ ခြေထောက်တွင် ခွာပါရှိသော နို့တိုက်သတ္တဝါတို့ ရွှေ့ပြောင်းနေထိုင်မှု သုံးခုအနက်မှ တစ်ခု”ဟူ၍ လူသိများသော ရှီးဇန့် ဒရယ်ငယ်များ ရွှေ့ပြောင်းနေထိုင်ခြင်းဖြစ်သည်။နှစ်စဉ် မေလမှ ဇူလိုင်လသည် ရှီးဇန့် မြောက်ပိုင်း ချန်းထန်အမျိုးသား သဘာဝဘေးမဲ့တောအတွင်းရှိ ရှီးဇန့် ဒရယ်ငယ်မလေးများ၏ ရွှေ့ပြောင်းမျိုးပွားသည့် ရာသီဖြစ်သည်။ ရှီးဇန့် ဒရယ်ငယ်များ၏ အဓိက ရွှေ့ပြောင်းသွားလာရာလမ်းကြောင်းတစ်ခုအနေဖြင့် သောင်းနှင့်ချီသော ရှီးဇန့်ဒရယ်ငယ်မလေးများသည် ဒရယ်ငယ်ပေါက်လေးများမွေးဖွားရာ နေရာဖြစ်သော ချန်းထန်သဘာဝဘေးမဲ့တောနက်ပိုင်း Margé Tsakha အနီး နှင့် ယွိလုန် မြစ်ကမ်းစပ်သို့ ရွှေ့ပြောင်းနေထိုင်ကြပြီး ၎င်းတို့သည် ဒရယ်ငယ်များမွေးဖွားပြီးမှ ပြန်လည် ရွှေ့ပြောင်းကြလေ့ရှိကြောင်း သိရသည်။

ဆင်ဟွာသတင်းဌာနမှ သတင်းထောက်များသည် မေလမှစတင်၍ ရှီးဇန့် ဒရယ်ငယ်များ ပြောင်းရွှေ့နေထိုင်ခြင်းခရီးကို လိုက်လံရိုက်ကူးရန် ချန်းထန် အမျိုးသားသဘာဝဘေးမဲ့တောသို့ ဝင်ရောက်ခဲ့သည်။ ဇွန် ၁၂ ရက်မှ ၁၅ ရက်အထိ သတင်းထောက်များသည် ကျွမ်းကျင်သော တောရိုင်းတိရိစ္ဆာန် စီမံခန့်ခွဲမှုအဖွဲ့နှင့်လိုက်ကာ ချန်းထန် သဘာဝဘေးမဲ့တော၏ အဓိက ဧရိယာသို့ ထဲထဲဝင်ဝင် သွားရောက်ခဲ့ကြပြီး ပင်လယ်ရေ မျက်နှာပြင် အမြင့်ပေ ၅,၄၀၀ မီတာခန့်ရှိ ထျန်ဆွေ မြစ်ဘေးတွင် လေးရက်နှင့် သုံးညကြာ စခန်းချခဲ့ကြပြီး ရှီးဇန့်ဒရယ်ငယ်များ၏ ရွှေ့ပြောင်းနေထိုင်သွားရာလမ်းကြောင်းတွင် ဤရင်သပ်ရှုမောဖွယ် ကြီးကျယ်ခမ်းနားသော ရွှေ့ပြောင်းနေထိုင်မှု အလှမြင်ကွင်းကို မှတ်တမ်းတင်ခဲ့ဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………………………….
(Chinese Version)
神奇动物在西藏|藏羚羊的迁徙之美
那曲(西藏),2024年6月19日
青藏高原的苍茫大地间,一群群母藏羚羊排成长队,向着“产房”走去,这是被誉为“全球最壮观的三大有蹄类动物大迁徙之一”的藏羚羊迁徙。
每年5月至7月,藏北羌塘国家级自然保护区内的母藏羚羊进入迁徙繁殖季。作为藏羚羊迁徙的主要线路之一,数万只母羊向着羌塘保护区深处玛尔盖茶卡附近和玉龙河畔的产羔地迁徙,于此生下小羊羔后再回迁。
从5月开始,新华社记者进入羌塘国家级自然保护区跟踪拍摄藏羚羊的迁徙之旅;6月12日到15日,记者跟随野生动物专业管护队员,深入羌塘保护区核心区,在海拔5400米左右的甜水河畔安营扎寨四天三夜,在藏羚羊迁徙的必经之路上记录这一神奇而壮美的迁徙场景。
图说:6月13日傍晚,在羌塘国家级自然保护区,一群藏羚羊在迁徙中。新华社记者 费茂华 摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.