Connect with us

International Organizations

ထိပ်တိုက်ရင်ဆိုင်မှုက အီရန် နျူကလီးယားပြဿနာကို ဖြေရှင်းနိုင်မည် မဟုတ်ဟု တရုတ်နိုင်ငံ ကိုယ်စားလှယ် ပြောကြား

အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ(IAEA)ဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် လီဆုန်းက IAEA မတ်လ အမှုဆောင်အဖွဲ အစည်းအဝေး၌ အမှာစကားပြောကြားနေသည်ကို ၂၀၂၄ ခုနှစ် မတ် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်နာ၊ ဇွန် ၆ ရက် (ဆင်ဟွာ)

အီရန် နျူကလီးယားအရေးအပေါ် အီရန်အား ဖိအားပေးမည့် ဆုံးဖြတ်ချက်ကို ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီနိုင်ငံများက ဇွန် ၅ ရက်၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ(IAEA)အမှုဆောင်အဖွဲ့ အစည်းအဝေးတွင် အတည်ပြုခဲ့သည်။အဆိုပါ ဆုံးဖြတ်ချက်ကို အမှုဆောင်အဖွဲ့ဝင် ၃၅ နိုင်ငံအနက် တရုတ်နှင့်ရုရှားတို့က ဆန့်ကျင်မဲပေးခဲ့ကြပြီး တောင်အာဖရိက၊ အိန္ဒိယ၊ ဆော်ဒီအာရေဗျ၊ အင်ဒိုနီးရှား ၊ တူရကီ စသည့် ဖွံ့ဖြိုးဆဲနိုင်ငံ ၁၂ နိုင်ငံက ကြားနေမဲပေးကြောင်း သိရသည်။
ထိပ်တိုက်ရင်ဆိုင်မှုက အီရန် နျူကလီးယားပြဿနာကို ဖြေရှင်းနိုင်မည် မဟုတ်ဟု အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ(IAEA)ဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် လီဆုန်းက တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

မေလဆန်းပိုင်းတွင် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ(IAEA)ညွှန်ကြားရေးမှူးချုပ် Grossi သည် အီရန်နိုင်ငံသို့ အောင်မြင်စွာ သွားရောက်လည်ပတ်နိုင်ခဲ့ပြီး အီရန်နှင့် အပြုသဘော လှုပ်ရှားမှုများ ထိန်းသိမ်း၍ အီရန်တွင် စောင့်ကြည့်ရေးလုပ်ငန်းများ ပုံမှန်ဆောင်ရွက်နိုင်အောင် အတူကြိုးပမ်းခဲ့ကြကြောင်း လီဆုန်းက ထောက်ပြ ပြောဆိုခဲ့သည်။ အီရန်နိုင်ငံသည် မကြာသေးမီကမှ နိုင်ငံ၏ဝမ်းနည်းဖွယ်အခြေအနေမှ လျှောက်လှမ်းလာခြင်း ဖြစ်ပြီး ယခုလတွင် ရွေးကောက်ပွဲ ကျင်းပရဦးမည် ဖြစ်ကြောင်း၊ ဤကဲ့သို့သော အထူးအခြေအနေတွင် နိုင်ငံအချို့က နိုင်ငံရေးအသွင်ပြောင်းလိုသော ရည်ရွယ်ချက်ဖြင့် ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ပွားအောင် နှိုးဆော်နေခြင်းသည် အီရန် နျူကလီးယားပြဿနာ နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရေးအပေါ် အပြုသဘော မဆောင်ကြောင်း၊ လူဖန်တီးသည့် ထိပ်တိုက်ရင်ဆိုင်မှု၊ ဖိအားပေး အင်အားပြမှုများသည် ပြဿနာကို မဖြေရှင်းနိုင်ဘဲ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ(IAEA)နှင့် အီရန်အကြား ပူးပေါင်းဆောင်ရွက်မှုကို ပျက်စီးစေပြီး ပြဿနာများ တစ်ဆင့်တိုး ပိုမို ရှုပ်ထွေးလာခြင်း ဖြစ်သည်ကို လက်တွေ့တွင်လည်း အဖန်တလဲလဲ သက်သေပြပြီး ဖြစ်ကြောင်း လီဆုန်းက ပြောကြားခဲ့သည်။

လီဆုန်းက ထိပ်တိုက်ရင်ဆိုင်ခြင်းသည် အီရန် နျူကလီးယားပြဿနာကို မဖြေရှင်းနိုင်ကြောင်း ပြောကြားခဲ့သည်။ အီရန် နျူကလီးယားပြဿနာဆိုင်ရာ ဘက်စုံသဘောတူညီချက်သည် ဘက်ပေါင်းစုံ နှစ်ပေါင်းများစွာ သံတမန်ရေးဖြင့် ကြိုးပမ်းခဲ့ခြင်း ဖြစ်ပြီး အီရန်နျူကလီးယားပြဿနာ ဖြေရှင်းရေး၏ တစ်ခုတည်းသော မှန်ကန်သည့် လမ်းကြောင်း ဖြစ်ကြောင်း ၊ အမေရိကန်သည် ဘက်စုံ သဘောတူညီချက်ကို စတင် ချိုးဖောက်သူ ဖြစ်ရာ စေတနာအမှန်ကို အပြည့်အဝ ပြသသင့်ပြီး ဘက်စုံသဘောတူညီချက်ကို ပြည့်စုံ ထိရောက်စွာ ပြန်လည်အကောင်အထည်ဖော်ရေး ဘက်ပေါင်းစုံနှင့်အတူ ဆောင်ရွက်သင့်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဘက်ပေါင်းစုံက လက်ရှိအခြေအနေကို အေးဆေးတည်ငြိမ်မှုနှင့် တာဝန်ယူမှု ရှိစွာ ရှုမြင်ကြရန်၊ နိုင်ငံတကာ နျူကလီးယားမပြန့်ပွားရေးစနစ် အမှန်တကယ် ကာကွယ်စောင့်ရှောက်မှုရှုထောင့်မှ IAEA နှင့် အီရန် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးကို လက်တွေ့ထောက်ခံအားပေးရန်၊ အီရန် နျူကလီးယားပြဿနာကို ဖြေရှင်းသည့် နိုင်ငံရေး၊ သံတမန်ရေးနည်းလမ်းဖြင့် ကြိုးပမ်းမှုများ မှန်ကန်သည့် လမ်းပေါ်သို့ ပြန်လည် ရောက်ရှိအောင် တွန်းအားပေးဆောင်ရွက်ရန် တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
…………………….
(Chinese Version)
中国代表:对抗解决不了伊朗核问题
新华社维也纳6月5日电(记者于涛)6月5日,在国际原子能机构理事会上,法国、英国、德国就伊朗核问题推动通过对伊施压决议。理事会35个成员国中,中国和俄罗斯对决议投反对票,南非、印度、沙特阿拉伯、印度尼西亚、土耳其等12个发展中国家投弃权票。中国常驻国际原子能机构代表李松大使发言阐述中方立场,表示对抗解决不了伊朗核问题。
李松指出,5月初,国际原子能机构总干事格罗西成功访问伊朗,与伊方保持建设性互动,共同致力于在伊保障监督工作正常推进。伊朗刚刚走出国丧,本月还将举行大选,在这样特殊背景下,个别国家出于政治化目的挑动对抗,对推动伊朗核问题政治解决不具建设性。事实一再证明,人为制造对抗、施压示强非但不能解决问题,反而会破坏国际原子能机构与伊方之间的合作关系,导致问题进一步复杂化。
李松强调,对抗解决不了伊朗核问题。伊朗核问题全面协议凝聚了各方多年外交努力,是解决伊朗核问题的唯一正确途径。美国作为破坏全面协议的始作俑者,应充分展示诚意,与各方共同恢复全面协议完整、有效执行。中方敦促各方以冷静和负责任态度看待当前形势,从真正维护国际核不扩散体系出发,以实际行动支持国际原子能机构与伊方加强合作,推动解决伊朗核问题的政治外交努力回归正确轨道。(完)
1. 3月4日,在奥地利维也纳,中国常驻国际原子能机构代表李松大使在国际原子能机构3月理事会上发言。