Connect with us

China

တရုတ်-ကာဂျစ္စတန်-ဥဇဘက်ကစ္စတန် ရထားလမ်း စီမံကိန်း သုံးနိုင်ငံအစိုးရကြား သဘောတူညီမှုလက်မှတ်ရေးထိုးမှုအား သုံးနိုင်ငံခေါင်းဆောင်များက ဗီဒီယိုလင့်ခ်မှတစ်ဆင့် ဂုဏ်ပြုကြ

တရုတ်-ကာဂျစ္စတန်-ဥဇဘက်ကစ္စတန် ရထားလမ်း စီမံကိန်း သုံးနိုင်ငံအစိုးရကြား သဘောတူညီမှုလက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဇွန် ၆ ရက်က ပေကျင်းမြို့တွင် ကျင်းပခဲ့ရာ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဗီဒီယိုလင့်ခ်ဖြင့် ဂုဏ်ပြုစကားပြောကြားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၇ ရက် (ဆင်ဟွာ)
တရုတ်-ကာဂျစ္စတန်-ဥဇဘက်ကစ္စတန် ရထားလမ်း စီမံကိန်း သုံးနိုင်ငံအစိုးရကြား သဘောတူညီမှုလက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဇွန် ၆ ရက်က ပေကျင်းမြို့တွင် ကျင်းပခဲ့ရာ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၊ ကာဂျစ္စတန်နိုင်ငံသမ္မတ Sadyr Japarov၊ ဥဇဘက်ကစ္စတန်နိုင်ငံ သမ္မတ Shavkat Mirziyoyev တို့က ဗီဒီယိုလင့်ခ်မှတစ်ဆင့် ဂုဏ်ပြုခဲ့ကြသည်။

သမ္မတ ရှီကျင့်ဖိန်က တရုတ်-ကာဂျစ္စတန်-ဥဇဘက်ကစ္စတန် ရထားလမ်းသည် တရုတ်နိုင်ငံနှင့် အလယ်အာရှ အပြန်အလှန်ချိတ်ဆက်သည့် မဟာဗျူဟာ စီမံကိန်း ဖြစ်သလို “ရပ်ဝန်းနှင့်ပိုးလမ်းမ” အတူ ပူးပေါင်းတည်ဆောက်ရေး၏ ပြယုဂ်စီမံကိန်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

သုံးနိုင်ငံ အစိုးရချင်း ရေးထိုးသည့် သဘောတူညီချက်သည် တရုတ်-ကာဂျစ္စတန်-ဥဇဘက်ကစ္စတန် ရထားလမ်း စီမံကိန်း တည်ဆောက်ရာတွင် ခိုင်မာသည့် ဥပဒေ အခြေခံ ဖြစ်လာမည် ဖြစ်ပြီး တရုတ်-ကာဂျစ္စတန်-ဥဇဘက်ကစ္စတန် ရထားလမ်းကို စိတ်ကူးမှ လက်တွေ့အဖြစ်သို့ ပြောင်းလဲသည့် အမှတ်သညာဖြစ်သလို သုံးနိုင်ငံ လက်တွဲ၍ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွကြိုးပမ်းခြင်း၏ ခိုင်မာသည့် သန္နိဋ္ဌာန်အား နိုင်ငံတကာ အသိုက်အဝန်းသို့ ပြသခြင်း ဖြစ်ကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ကာဂျစ္စတန်၊ ဥဇဘက်ကစ္စတန် နှစ်နိုင်ငံနှင့်အတူ ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ကြောင်း၊ စီမံကိန်းတည်ဆောက်မှုများ စတင်ရန် ကဏ္ဍအသီးသီး၌ ကောင်းမွန်စွာ ကြိုတင်ပြင်ဆင်သွားမည် ဖြစ်ပြီး သုံးနိုင်ငံနှင့် သုံးနိုင်ငံ ပြည်သူများအား အကျိုးဖြစ်ထွန်းစေမည့်၊ ဒေသတွင်း လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူအင်အားဖြစ်စေမည့် မဟာဗျူဟာလမ်းကြောင်းတည်ဆောက်မှုကို ဆောလျင်စွာ ပြီးမြောက်အောင် ဆောင်ရွက်သွားလိုကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

Sadyr Japarov က တရုတ်-ကာဂျစ္စတန်-ဥဇဘက်ကစ္စတန် ရထားလမ်းသည် သုံးနိုင်ငံ “ရပ်ဝန်းနှင့်ပိုးလမ်းမ” လက်တွဲအတူ တည်ဆောက်ရေး၏ အဓိကဦးဆောင် စီမံကိန်း ဖြစ်ရာ ဆောက်လုပ်ပြီးစီးပါက အာရှတိုက်မှ ဥရောပတိုက်နှင့် ပါရှားပင်လယ်ကွေ့နိုင်ငံများသို့ သွားရာ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းသစ် ဖြစ်လာမည် ဖြစ်ပြီး လမ်းကြောင်းတစ်လျှောက်နိုင်ငံများသာမက ဒေသတွင်းတစ်ခုလုံး၏ အပြန်အလှန်ချိတ်ဆက်မှု မြှင့်တင်ရေး၊ ကုန်သွယ်စီးပွားအသွားအလာ အားဖြည့်ရေးတို့တွင် လေးနက်သည့်အဓိပ္ပါယ်ရှိကြောင်း ပြောကြားခဲ့သည်။ ဤရထားလမ်း ဆောလျင်စွာ ဆောက်လုပ်ပြီးစီးကာ ဒေသတွင်း ဘုံဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရန်၊ နိုင်ငံအသီးသီး ပြည်သူများ အကျိုးစီးပွားတိုးပွားရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Shavkat Mirziyoyev က ယနေ့ လက်မှတ်ရေးထိုးပွဲသည် သမိုင်းဝင်ဖြစ်ပြီး ဒေသတွင်း အပြန်အလှန် ချိတ်ဆက်မှုများ တည်ဆောက်ရေးအတွက် လက်တွေ့ခြေလှမ်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရုတ်-ကာဂျစ္စတန်-ဥဇဘက်ကစ္စတန် ရထားလမ်းသည် တရုတ်နိုင်ငံနှင့် အလယ်အာရှနိုင်ငံများအကြား ချိတ်ဆက်သည့် အတိုဆုံးသော ကုန်းလမ်း လမ်းကြောင်းဖြစ်လာမည် ဖြစ်ကြောင်း၊ တောင်အာရှ၊ အရှေ့အလယ်ပိုင်း နိုင်ငံများ၏ ဈေးကွက်ကြီးများကို ဖွင့်လှစ်နိုင်မည် ဖြစ်ရာ ဒေသတွင်းနိုင်ငံများက တရုတ်နိုင်ငံနှင့် ပူးပေါင်း ဆောက်ရွက်မှုကို တစ်ဆင့်တိုးချဲ့ရာတွင် အကျိုးဖြစ်ထွန်းစေပြီး နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို နက်ရှိုင်းစေမည် ဖြစ်သလို နိုင်ငံအသီးသီး၏ ရေရှည်အကျိုးစီးပွားနှင့်ကိုက်ညီကြောင်း Shavkat Mirziyoyev က ပြောကြားခဲ့သည်။

တရုတ်-ကာဂျစ္စတန်-ဥဇဘက်ကစ္စတန် ရထားလမ်းသည် တရုတ်နိုင်ငံ ရှင်းကျန်းဒေသ ခါးရှီမြို့မှအစပြု၍ ကာဂျစ္စတန်နိုင်ငံကို ဖြတ်သန်းကာ ဥဇဘက်ကစ္စတန်နိုင်ငံ နယ်နိမိတ်သို့ ဝင်ရောက်မည် ဖြစ်ကြောင်း၊ အနာဂတ်တွင် အနောက်အာရှ၊ တောင်အာရှအထိ တိုးချဲ့နိုင်ရာ ဆောက်လုပ်ပြီးစီးပါက သုံးနိုင်ငံ အပြန်အလှန်ချိတ်ဆက်ရေးကို များစွာ မြှင့်တင်ပေးနိုင်မည် ဖြစ်ပြီး ဒေသတွင်း လူမှုစီးပွားကဏ္ဍ ပိုမိုလျင်မြန်စွာ တိုးတက်ရေးကို ဖော်ဆောင်ပေးနိုင်မည် ဖြစ်သည်။ (Xinhua)
…………………………………..
(Chinese Version)
中国、吉尔吉斯斯坦、乌兹别克斯坦三国元首视频祝贺中吉乌铁路项目三国政府间协定签署
新华社北京6月6日电 6月6日,中国-吉尔吉斯斯坦-乌兹别克斯坦铁路项目三国政府间协定签字仪式在北京举行,国家主席习近平、吉尔吉斯斯坦总统扎帕罗夫、乌兹别克斯坦总统米尔济约耶夫视频祝贺协定签署。
习近平指出,中吉乌铁路是中国同中亚互联互通的战略性项目,是三国共建“一带一路”合作的标志性工程。三国政府间协定的签署,将为中吉乌铁路项目建设提供坚实的法律基础,标志着中吉乌铁路正由设想变为现实,向国际社会展现了三国携手促合作、共同谋发展的坚定决心。中国愿同吉尔吉斯斯坦、乌兹别克斯坦两国一道,再接再厉,为启动项目建设作好各项准备,早日建成这条惠及三国和三国人民、助力地区经济社会发展的战略通道。
扎帕罗夫表示,中吉乌铁路是三国共建“一带一路”的旗舰工程,建成后将成为亚洲到欧洲和波斯湾国家的新运输线,对促进沿线各国乃至整个地区互联互通、加强经贸往来意义重大。希望这条铁路早日建成运营,为推动地区共同发展、增进各国人民福祉提供新助力。
米尔济约耶夫表示,今天的签字仪式具有历史意义,是地区互联互通建设迈出的务实步伐。中吉乌铁路将成为联通中国同中亚国家的最短陆上通道,还可打通南亚、中东国家大市场,有利于进一步扩大地区国家对华合作,深化国家间友好关系,符合各国长远利益。
中吉乌铁路起自新疆喀什,经吉尔吉斯斯坦进入乌兹别克斯坦境内,未来可向西亚、南亚延伸,建成后将极大促进三国互联互通,带动地区经济社会实现更快发展。(完)
6月6日,中国-吉尔吉斯斯坦-乌兹别克斯坦铁路项目三国政府间协定签字仪式在北京举行,国家主席习近平视频祝贺协定签署。新华社记者 李学仁 摄