Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Shehbaz Sharif တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ တရားဝင် အလည်အပတ်ခရီးစဉ် ရောက်ရှိနေသည့် ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Shehbaz Sharif နှင့် ဇွန် ၇ ရက် နံနက်ပိုင်းက ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ တရားဝင် အလည်အပတ်ခရီးစဉ် ရောက်ရှိနေသည့် ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Shehbaz Sharif နှင့် ဇွန် ၇ ရက် နံနက်ပိုင်းက ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့သည့် တောတောင်ရေမြေချင်းဆက်စပ်နေသည့် အိမ်နီးချင်းကောင်း၊ အပြန်အလှန်ယုံကြည်မှုနှင့်မှန်ကန်မျှတမှု ရှိကြသည့် မိတ်ဆွေကောင်း ဖြစ်သလို အပြန်အလှန်ဖေးမကူညီကြသည့် မိတ်ဖက်ကောင်း၊ ကောင်းအတူ ဆိုးအတူ ဖြတ်သန်းကြသည့် ညီအစ်ကိုကောင်းများ ပို၍ပင် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်-ပါကစ္စတန် အချိန်အခါမရွေး မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးသည် အဆက်မပြတ် နက်ရှိုင်းလာရာ ခိုင်မာသည့် ပြည်သူ့ဆန္ဒအခြေခံ၊ အားကောင်းသည့် အတွင်းမောင်းနှင်အား၊ ကျယ်ပြန့်သည့် ဖွံ့ဖြိုးတိုးတက်ရေး အလားအလာ ရှိပါကြောင်း၊ တရုတ်နိုင်ငံသည် ပါကစ္စတန်နိုင်ငံနှင့်အတူ ခိုင်မာစွာ အပြန်အလှန်ထောက်ခံအားပေးသွားလိုကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုကို နီးကပ်အောင်၊ မဟာဗျူဟာ ညှိနှိုင်းမှု နက်ရှိုင်းအောင် ဆောင်ရွက်ပြီး ခေတ်သစ် ပို၍ နီးကပ်မှုရှိသော တရုတ်-ပါကစ္စတန် အေးအတူ ပူအမျှအသိုက်အဝန်းကို အရှိန်မြှင့်တင် တည်ဆောက်ကာ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ စည်ပင်ဝပြောရေးအတွက် ပိုမိုကြီးမားစွာ အကျိုးဆောင်သွားလိုကြောင်း သမ္မတရှီက ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Shehbaz Sharif က သမ္မတရှီကျင့်ဖိန်၏ အမြော်အမြင်ကြီးသော ဦးဆောင်မှုအောက်တွင် တရုတ်နိုင်ငံသည် ဆင်းရဲနွမ်းပါးမှုလွတ်မြောက်ရေး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး စသည့်ကဏ္ဍများတွင် ကမ္ဘာသိ ကြီးမားသော အောင်မြင်မှု ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

သမ္မတရှီကျင့်ဖိန်၏ အမြော်အမြင်ကြီးမှုနှင့် ထူးချွန်ပြောင်မြောက်သည့် ဦးဆောင်နိုင်မှုစွမ်းရည်သည် ပါကစ္စတန် ပြည်သူများနှင့် ကမ္ဘာ့နိုင်ငံအသီးသီး ပြည်သူများ၏ လေးစားမှု၊ ချီးကျူးမှုကို ရရှိခဲ့ကြောင်း၊ သမ္မတ ရှီကျင့်ဖိန်သည် လူသားမျိုးနွယ် တစ်ရပ်လုံး၏ အကျိုးစီးပွားကို အလေးထားခြင်း၊ ကမ္ဘာ့ ငြိမ်းချမ်းရေးကို အပြုသဘော မြှင့်တင်ဆောင်ရွက်ခြင်း၊ ထိပ်တိုက်ရင်ဆိုင်မှုမဟုတ်သည့် တွေ့ဆုံဆွေးနွေးမှုကို အားပေးခြင်း ဖြစ်ရာ အဆိုပြုခဲ့သည့် “ရပ်ဝန်းနှင့်ပိုးလမ်းမ” အတူတည်ဆောက်ရေး၊ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက်(GDI) ၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက် (GSI) ၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအဆိုပြုချက် (GCI) သည် မျက်မှောက်ကမ္ဘာတွင် ကြုံတွေ့နေရသည့် ပြဿနာများကို ဖြေရှင်းရန်အတွက် ပိုမို ငြိမ်းချမ်း သာယာလှပသော ကမ္ဘာတည်ဆောက်ရေးကို တွန်းအားပေးရာတွင် မဟာဗျူဟာ လမ်းညွှန်မှု ဖြစ်စေရာ ပါကစ္စတန်နိုင်ငံအနေဖြင့် အလွန်တန်ဖိုးထားသလို အပြည့်အဝ ထောက်ခံကြောင်း Shehbaz Sharif က ပြောကြားခဲ့သည်။

တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြံသည် ပါကစ္စတန်နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အားကောင်းစွာ မြှင့်တင်ခဲ့ရာ ပါကစ္စတန်ပြည်သူများအတွက် လက်တွေ့အကျိုးစီးပွားများကို ဆောင်ကြဉ်းခဲ့ပါကြောင်း၊ ပါကစ္စတန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ နိုင်ငံရေးရာ စီမံခန့်ခွဲမှု အတွေ့အကြုံများကို လေ့လာသွားမည် ဖြစ်ပြီး တရုတ်နိုင်ငံနှင့်အတူ “ရပ်ဝန်းနှင့်ပိုးလမ်းမ” အရည်အသွေးမြင့် အတူတည်ဆောက်ရေးကို ဆက်လက်ဖော်ဆောင်သွားမည် ဖြစ်ပြီး ကဏ္ဍအသီးသီး လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို ထဲထဲဝင်ဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၄င်းက ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံသည် တရုတ်နိုင်ငံ၏ အယုံကြည်ရဆုံးမိတ်ဆွေ၊ မိတ်ဖက်အနေဖြင့် ခိုင်မာစွာ ရပ်တည် သွားမည် ဖြစ်ကြောင်း၊ တရုတ်တစ်နိုင်ငံတည်း မူဝါဒသည် ပါကစ္စတန် အစိုးရ၏ မပြောင်းလဲသည့် ခိုင်မာသော ကတိကဝတ် ဖြစ်ပြီး ထိုင်ဝမ်သည် တရုတ်နိုင်ငံနယ်နိမိတ်တွင် ခွဲခြားမရသည့် အစိတ်အပိုင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ထိုင်ဝမ်၊ ရှီးဇန့်၊ တောင်တရုတ်ပင်လယ် စသည့် ဗဟိုအကျိုးစီပွား ရပ်တည်ချက်အပေါ် ပါကစ္စတန်နိုင်ငံအနေဖြင့် မဆိုင်းမတွ ခိုင်မာစွာ ဆက်လက်ထောက်ခံသွားမည် ဖြစ်ကြောင်း Shehbaz Sharif က ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို ဝမ်ရိ၊ ကျန်းရို့ရှာတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

……………………….
(Chinese Version)
习近平会见巴基斯坦总理夏巴兹
新华社北京6月7日电(记者孙奕)6月7日下午,国家主席习近平在北京人民大会堂会见来华正式访问的巴基斯坦总理夏巴兹。
习近平指出,中国和巴基斯坦是山水相连的好邻居、信义相交的好朋友,更是守望相助的好伙伴、患难与共的好兄弟。中巴全天候战略合作伙伴关系不断深化,拥有坚实的民意基础、强大的内生动力、广阔的发展前景。中方愿同巴方坚定相互支持,拉紧合作纽带,深化战略协调,加快构建新时代更加紧密的中巴命运共同体,为地区和平、稳定、发展、繁荣作出更大贡献。
夏巴兹表示,在习近平主席英明领导下,中国在脱贫、反腐和发展方面取得世界瞩目的伟大成就。习近平主席的远见卓识和杰出领导力,得到巴基斯坦人民和世界各国人民的由衷敬佩和高度评价。习近平主席着眼全人类福祉,积极促进世界和平,主张对话而不对抗,提出的共建“一带一路”和全球发展倡议、全球安全倡议、全球文明倡议,为解决当今世界面临的问题,推动建设更加和平、美好的世界提供了战略引领,巴方高度赞赏并全力支持。中巴经济走廊有力促进了巴基斯坦国家发展,实实在在地造福了巴基斯坦人民。巴方将学习借鉴中国的治国理政经验,同中方持续高质量共建“一带一路”,深化各领域务实合作。
巴方将坚定不移做中国最可信赖的朋友和伙伴。一个中国原则是巴政府坚定不移的承诺,台湾是中国领土不可分割的一部分。巴方将继续毫不迟疑地坚定支持中国在涉台、涉藏、涉疆、南海等所有核心利益问题上的立场。
王毅、张又侠参加会见。
1.  6月7日下午,国家主席习近平在北京人民大会堂会见来华正式访问的巴基斯坦总理夏巴兹。 新华社记者 黄敬文 摄