Connect with us

Europe

ပူတင်နှင့် မိုဒီတို့ ယူကရိန်းအကျပ်အတည်းစသည့် ကိစ္စရပ်များ တွေ့ဆုံဆွေးနွေး

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒြာမိုဒီနှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင်တို့ နယူးဒေလီမြို့ Hyderabad House တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၆ ရက်က တွေ့ဆုံစဉ်(ဆင်ဟွာ)

မော်စကို၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်သည် ရုရှားနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ် မိုဒီနှင့် ကရင်မလင်နန်းတော်၌ ဇူလိုင် ၉ ရက်တွင် တွေ့ဆုံ၍ နှစ်နိုင်ငံဆက်ဆံရေး၊ ယူကရိန်းအကျပ်အတည်းစသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
ရုရှားနှင့် အိန္ဒိယတို့သည် စီးပွားရေးနှင့် ကုန်သွယ်မှုကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို တည်ငြိမ်စွာ တိုးတက်လျက်ရှိပြီး နှစ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂ၊ BRICS ပူးပေါင်းဆောင်ရွက်ရေး ယန္တရား နှင့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) မူဘောင်များအောက်တွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကိုလည်း လုပ်ဆောင်နေသည်ဟု ပူတင်က တွေ့ဆုံဆွေးနွေးပွဲစဉ် ပြောကြားခဲ့ကြောင်း ကရင်မလင်နန်းတော် ဝက်ဘ်ဆိုက်၌ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
ယူကရိန်းအကျပ်အတည်းနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံသည် ယူကရိန်းအကျပ်အတည်းအား ငြိမ်းချမ်းစွာဖြေရှင်းရေးကို ထောက်ခံပြီး ယင်းပြဿနာအတွက် အကူအညီပေးရန် ဆန္ဒရှိကြောင်း မိုဒီက ပြောကြားခဲ့သည်။
မိုဒီသည် ဇူလိုင် ၈ ရက်မှ ၉ ရက်အထိ ရုရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ခဲ့ပြီး ယင်းမှာ လွန်ခဲ့သော ငါးနှစ်အတွင်း ရုရှားနိုင်ငံသို့ ပထမဆုံးလာရောက်သည့် ခရီးစဉ်ဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………………………………….
(Chinese Version)
普京与莫迪会谈讨论乌克兰危机等问题
新华社莫斯科7月9日电(记者赵冰)俄罗斯总统普京9日在克里姆林宫与到访的印度总理莫迪举行会谈,双方讨论了双边关系、乌克兰危机等问题。
据克里姆林宫网站发布的消息,普京在会谈中说,俄印在经贸领域合作稳步推进,两国还在联合国、金砖国家合作机制和上海合作组织等框架下开展国际合作。
就乌克兰危机,莫迪表示,印度赞成和平解决乌克兰危机,愿意在这一问题上提供协助。
莫迪8日至9日对俄罗斯进行正式访问。据悉,这是他近5年来首次访问俄罗斯。(完)
图说:Indian Prime Minister Narendra Modi (L) meets with Russian President Vladimir Putin at Hyderabad House in New Delhi, India, on Dec. 6, 2021. (PIB/Handout via Xinhua)