Connect with us

Africa & Middle East

ဂါဇာကမ်းမြောင်ဒေသ စစ်ရေးလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်မှုအပေါ် ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း အီဂျစ်နိုင်ငံ သမ္မတက ထပ်မံပြောကြား

အီဂျစ်နိုင်ငံ အုပ်ချုပ်ရေးမြို့တော်သစ်ရှိ အီဂျစ်ပါလီမန်ရုံးချုပ်တွင် ကျမ်းသစ္စာကျိန်ဆိုခြင်းအခမ်းအနား၌ သမ္မတ အဗ္ဗဒဲလ်-ဖတ်တာ အယ်လ်စီစီအား ၂၀၂၄ ခုနှစ် ဧပြီ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)
ဂါဇာကမ်းမြောင်ဒေသတွင် စစ်ရေးလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်မှုအပေါ် ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ပါလက်စတိုင်း-အစ္စရေးပဋိပက္ခ အဆုံးသတ်ရေးအား တာဝန်ယူရမည်ဟု အီဂျစ်နိုင်ငံ သမ္မတ အယ်လ်-စီစီက ဇူလိုင် ၉ ရက်၌ ထပ်လောင်း ပြောကြားခဲ့သည်။

အီဂျစ်နိုင်ငံ သမ္မတ အယ်လ်-စီစီသည် ကိုင်ရိုမြို့၌ အမေရိကန်နိုင်ငံ ဗဟိုထောက်လှမ်းရေးအေဂျင်စီ အကြီးအကဲ Burns နှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်ဟု ဇူလိုင် ၉ ရက် အီဂျစ်သမ္မတအိမ်တော်မှ ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။ ပါလက်စတိုင်းပြဿနာအတွက် ပါလက်စတိုင်းတို့ ကြုံတွေ့နေရသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးများကို လျော့ပါးသက်သာစေရန်နှင့် ပဋိပက္ခကြီးထွားလာမှုအား ထိထိရောက်ရောက် ဟန့်တားရန်အတွက် လုပ်ဆောင်ပေးသင့်ကြောင်း၊ “နှစ်နိုင်ငံဖြေရှင်းမှု နည်းလမ်း” ကို အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း၊ တရားမျှတခြင်းဖြင့် ဘက်စုံ ဖြေရှင်းရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများကို ထိုနေ့က ကိုင်ရိုမြို့၌ ဆက်လက်ပြုလုပ်ခဲ့ပြီး Burns သည် စေ့စပ်ညှိနှိုင်းမှုတွင် ပါဝင်ခဲ့ကြောင်း အီဂျစ်နိုင်ငံ ကိုင်ရိုရုပ်မြင်သံကြား၏ ဇူလိုင် ၉ ရက် သတင်းအရ သိရသည်။ အီဂျစ်နိုင်ငံ လုံခြုံရေးကိုယ်စားလှယ်အဖွဲ့သည် ကာတာနိုင်ငံမြို့တော် ဒိုဟာသို့ ဇူလိုင် ၁၀ ရက်၌ သွားရောက်မည်ဖြစ်ပြီး ဒိုဟာတွင် ကျင်းပသော ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်မည်ဖြစ်ကြောင်း သတင်းတွင် ထပ်မံ ဖော်ပြထားသည်။ (Xinhua)
…………………………………….
(Chinese Version)
埃及总统重申坚决反对在加沙持续进行军事行动
新华社开罗7月9日电(记者姚兵)埃及总统塞西9日在首都开罗重申,埃及坚决反对在加沙地带持续进行军事行动,国际社会必须承担起结束巴以冲突的责任。
据埃及总统府当天发表的声明,塞西当天在开罗会见美国中央情报局局长伯恩斯时作出上述表态。他表示,应采取措施缓解巴勒斯坦人所遭受的人道主义灾难,切实有效防止冲突扩大,必须落实“两国方案”,以公正全面解决巴勒斯坦问题。
另据埃及开罗新闻电视台9日报道,加沙地带停火协议谈判当天继续在开罗举行,伯恩斯参加了谈判。报道还说,埃及安全代表团将于10日前往卡塔尔首都多哈,参加在多哈举行的加沙地带停火协议谈判。(完)
图说:Egyptian President Abdel-Fattah al-Sisi speaks during his swearing-in ceremony at the headquarters of the Egyptian Parliament in the New Administrative Capital, Egypt, April 2, 2024.