Connect with us

China

ဂျပန်နိုင်ငံအနေဖြင့် ထိုင်ဝမ်ဒေသအရေးနှင့် ပတ်သက်၍ ဝေဖန်ပြောဆိုခွင့် မရှိကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြား

ပေကျင်း၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)
DEFENSE OF JAPAN (Annual White Paper) သည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်ခြင်းဖြစ်ပြီး “တရုတ်ခြိမ်းခြောက်မှု” ဟူသော ဇာတ်လမ်းဟောင်းကို တစ်ဖန်ပြန်လည် ချဲ့ကားပြောဆိုကာ ဒေသတွင်း တင်းမာမှုများကို ပုံဖော်နေခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က ဇူလိုင် ၁၂ ရက်၌ ပြောကြားခဲ့သည်။ ထို့အပေါ် တရုတ်နိုင်ငံသည် ပြင်းထန်စွာ ကျေနပ်မှု မရှိကြောင်းနှင့် အခိုင်အမာ ဆန့်ကျင်ကြောင်း ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံသည် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို ခိုင်မာစွာ လျှောက်လှမ်းသွားမည် ဖြစ်ပြီး နိုင်ငံကာကွယ်ရေး မူဝါဒကို လိုက်နာကြောင်း၊ သက်ဆိုင်ရာနိုင်ငံတော် ကာကွယ်ရေး တည်ဆောက်မှုနှင့် စစ်ရေးလှုပ်ရှားမှုများသည် ကျိုးကြောင်းဆီလျော်သလို အခြားနိုင်ငံများနှင့် ပူးပေါင်းကင်းလှည့်ခြင်းများသည် နိုင်ငံတကာဥပဒေ၊ နိုင်ငံတကာ လုပ်ရိုးလုပ်စဉ်များနှင့် ကိုက်ညီကြောင်း၊ ထိုင်ဝမ်သည် တရုတ်နိုင်ငံ ပိုင်နက်နယ်မြေ၏ ခွဲထွက်၍မရသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ထိုင်ဝမ်အရေးသည် တရုတ်နိုင်ငံ ပြည်တွင်းရေးသက်သက်သာဖြစ်ရာ မည်သည့် ပြင်ပအင်အားစုများမျှ ဝင်ရောက်စွက်ဖက်ခွင့်မပြုကြောင်း၊ မကြာသေးမီနှစ်များအတွင်း ထိုင်ဝမ်ရေလက်ကြားအခြေအနေ တင်းမာရခြင်း အဓိကအကြောင်းရင်းမှာ “ထိုင်ဝမ် သီးခြား ရပ်တည်ရေး” ခွဲထွက်ရေးသမားများက ပြင်ပအင်အားစုများ၏ အားပေးအားမြှောက်မှုအောက်တွင် မရမကနည်းလမ်းများဖြင့် ခွဲထွက်ရေးလှုပ်ရှားမှုများကို တွန်းအားပေးလုပ်ဆောင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံသည် တစ်ချိန်က ထိုင်ဝမ်ဒေသကို ကျူးကျော်၍ ကိုလိုနီအဖြစ်အုပ်ချုပ်ခဲ့ဖူးရာ တရုတ်ပြည်သူများအပေါ် ကြီးလေးသော သမိုင်းအပြစ်ရှိခဲ့ပြီး ထိုင်ဝမ်အရေးတွင် ဝေဖန်ပြောဆိုခွင့် မရှိကြောင်း လျင်ကျန့်က ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ထိုခေတ်အခါက ဂျပန်စစ်ဝါဒီတွင် ပြည်ပနိုင်ငံသို့ ကျူးကျော်မှု သမိုင်းရှိခြင်းကြောင့် အာရှအိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက ဂျပန်နိုင်ငံ စစ်ရေးလုံခြုံမှု ဦးတည်ရာကို အမြဲ အထူးအာရုံစိုက်ခဲ့ကြကြောင်း၊ မကြာသေးမီနှစ်များအတွင်း ဂျပန်သည် ၎င်း၏ကာကွယ်ရေးမူဝါဒကို သိသိသာသာ ချိန်ညှိခဲ့ခြင်း၊ ကာကွယ်ရေးအသုံးစရိတ်များကို နှစ်စဉ်ဆက်တိုက် တိုးမြှင့်ခြင်း၊ လက်နက်တင်ပို့မှု ကန့်သတ်ချက်များကို စဉ်ဆက်မပြတ် ဖြေလျှော့ပေးခြင်း၊ စစ်အင်အားပိုင်းတွင် ထိုးဖောက်ကာ ဖွံ့ဖြိုးတိုးတက်မှုရရှိရန် ကြိုးပမ်းခြင်း တို့သည် ပြည်ပအသိုင်းအဝိုင်းအား စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေခဲ့ကြောင်း လျင်ကန့်က ပြောကြားခဲ့သည်။
“ဂျပန်နိုင်ငံအနေနဲ့ သမိုင်းဝင်အပြစ်တွေကို နက်နက်ရှိုင်းရှိုင်း ပြန်လည်ဆင်ခြင်သုံးသပ်ရန်၊ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ခိုင်မာစွာ လျှောက်လှမ်းဖို့၊ မိမိ၏စစ်ရေး၊ လက်နက်အင်အားတိုးချဲ့မှုအတွက် ဆင်ခြေရှာနေခြင်းကို ရပ်တန့်ဖို့နှင့် လက်တွေ့ကျတဲ့ လုပ်ဆောင်ချက်တွေနဲ့ အာရှအိမ်နီးချင်းတွေ၊ နိုင်ငံတကာအသိုက်အဝန်းရဲ့ ယုံကြည်မှုကိုရရှိအောင် ဆောင်ရွက်ဖို့ တိုက်တွန်းအပ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
……………………………………
(Chinese Version)
外交部:日本没有资格在台湾问题上说三道四
新华社北京7月12日电(记者冯歆然)外交部发言人林剑12日说,日本新版《防卫白皮书》粗暴干涉中国内政,老调重弹炒作所谓“中国威胁”,渲染地区局势紧张。中方对此表示强烈不满和坚决反对。
林剑在例行记者会上说,中国坚持走和平发展道路,奉行防御性国防政策,有关国防建设和军事活动正当合理,同其他国家开展联合巡航符合国际法和国际惯例。台湾是中国领土不可分割的一部分,台湾问题纯属中国内政,不容任何外部势力干涉。近年台海局势紧张的根本原因,是“台独”分裂分子在外部势力纵容支持下不择手段推行分裂活动。日本曾对台湾进行侵略和殖民统治,对中国人民负有严重历史罪责,没有资格在台湾问题上说三道四。
林剑表示,由于近代日本军国主义对外侵略历史,日本的军事安全动向一直受到亚洲邻国和国际社会高度关注。近年日方大幅调整防卫政策,连年增加防卫预算,不断放宽武器出口限制,谋求突破性军力发展,引发外界强烈担忧。
“我们敦促日方深刻反省历史罪责,坚持走和平发展道路,停止为自身强军扩武寻找借口,以实际行动取信于亚洲邻国和国际社会。”他说。(完)