Connect with us

Africa & Middle East

အစ္စရေးတပ်၏ ဟားမက်စ်ကို ချေမှုန်းမှုက “နောက်ဆုံးအဆင့်” သို့ ရောက်ရှိနေပြီဟု အစ္စရေးဝန်ကြီးချုပ် ပြောကြား

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း Al-Mawasi မှ ဘေးလွတ်ရာသို့ ထွက်ပြေးကြသော ပြည်သူများအား ၂၀၂၄ ခုနှစ် ဇွန် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

အစ္စရေးတပ်၏ ဟားမက်စ်ကို ချေမှုန်းမှုက “နောက်ဆုံးအဆင့်” သို့ ရောက်ရှိနေပြီဟု အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဇူလိုင် ၁ ရက်တွင် ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ရာဖာမြို့တွင် အစ္စရေးတပ်၏ တိုက်ခိုက်မှုများက “ကြီးမားသည့် အောင်မြင်မှု” ရရှိခဲ့ပြီးဖြစ်ရာ ဟားမက်စ်ကို ချေမှုန်းသည့် “နောက်ဆုံးအဆင့်” ကို ရောက်ရှိနေပြီ ဖြစ်ကြောင်း နေတန်ယာဟုက ယင်းနေ့ ဂျေရုဆလမ်ရှိ ဝန်ကြီးချုပ်အိမ်တော်တွင် အစ္စရေးကာကွယ်ရေးသင်တန်းကျောင်း ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

အစ္စရေးအနေဖြင့် စစ်ဆင်ရေးရည်မှန်းချက်များကို ဆက်လက်ဖော်ဆောင်သွားမည် ဖြစ်ပြီး ဂါဇာတွင် ထိန်းသိမ်းခံထားရသူများ လွတ်မြောက်ရေး၊ ဟားမက်စ်၏ စစ်ရေးနှင့် စီမံခန့်ခွဲမှု စွမ်းရည် ပြိုလဲရေး၊ ဂါဇာကမ်းမြောင်က အစ္စရေးအတွက် ထပ်မံ ခြိမ်းခြောက်မှုမရှိစေရေးနှင့် ယခု အကြိမ် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအတွင်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းသွားကြသော အစ္စရေးနေထိုင်သူများ လုံခြုံဘေးကင်းစွာ နေရပ်ပြန်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။ (Xinhua)


……………………….
(Chinese Version)
以色列总理:以军正向消灭哈马斯的“最后阶段”迈进
新华社耶路撒冷7月1日电(记者王卓伦 吕迎旭)以色列总理内塔尼亚胡1日说,以军正向消灭巴勒斯坦伊斯兰抵抗运动(哈马斯)的“最后阶段”迈进。
内塔尼亚胡当天在位于耶路撒冷的总理府会见以色列国防学院学员时表示,以军在加沙地带南部城市拉法的战斗取得了“重大成就”,正向消灭哈马斯的“最后阶段”迈进。
内塔尼亚胡强调,以色列将继续致力于实现作战目标,让被扣押在加沙地带的人员获释,瓦解哈马斯的军事和治理能力,确保加沙地带不再对以色列构成威胁,并让本轮巴以冲突爆发以来撤离的以色列居民安全返回家中。
1. 6月28日,流离失所的民众逃离加沙地带南部马瓦西地区。