Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက်အကူအညီပေးသော တတိယအသုတ် တရုတ်တိုင်းရင်းဆေးကုသရေးအဖွဲ့ ကမ္ဘောဒီးယားနိုင်ငံသို့ရောက်ရှိ

ဖနွမ်းပင်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက်အကူအညီပေးသော တတိယအသုတ် တရုတ်တိုင်းရင်းဆေးကုသရေးအဖွဲ့သည် ဇူလိုင် ၂ ရက်တွင် ဖနွမ်းပင်မြို့သို့ ရောက်ရှိလာပြီး ပြည်ပနိုင်ငံများသို့ တစ်နှစ်တာ ဆေးဘက်ဆိုင်ရာ အကူအညီပေးရေးမစ်ရှင်ကို စတင်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ တိုင်းရင်းဆေးပညာစီမံအုပ်ချုပ်ရေးဌာန၏ ခွင့်ပြုချက်ဖြင့် အဖွဲ့ဝင်စုစုပေါင်း ၈ ဦးပါဝင်သည့် တတိယအသုတ် တရုတ်တိုင်းရင်းဆေးကုသရေးအဖွဲ့အား စီချွမ်ပြည်နယ်မှ စေလွှတ်ခြင်းဖြစ်ကြောင်း၊ ယင်းမှာ စီချွမ်းပြည်နယ်က ပြည်ပနိုင်ငံများသို့သွားရောက် အကူအညီပေးရန် ဖွဲ့စည်းထားသော ပထမဆုံး တရုတ်တိုင်းရင်းဆေးကုသရေးအဖွဲ့ ဖြစ်ကြောင်း သိရသည်။ တရုတ်တိုင်းရင်းဆေးကုသရေးအဖွဲ့သည် ဖနွမ်းပင်မြို့ရှိ ကမ္ဘောဒီးယား-တရုတ် ချစ်ကြည်ရေးဆေးရုံ (Cambodia-China Friendship Preah Kossamak Hospital) ၏ တရုတ်တိုင်းရင်းဆေးပေးခန်းတွင် နေ့စဉ် ရောဂါရှာဖွေကုသခြင်း ဝန်ဆောင်မှုများ ပေးမည်ဖြစ်ပြီး တစ်ချိန်တည်းတွင် တရုတ်-ကမ္ဘောဒီးယား တရုတ်တိုင်းရင်းဆေးဌာန ဆောက်လုပ်မှု၊ ဒေသတွင်း ဆေးဘက်ဆိုင်ရာဝန်ထမ်းများအား လေ့ကျင့်သင်ကြားပေးမှု၊ တရုတ်တိုင်းရင်းဆေး ရိုးရာယဉ်ကျေးမှု မိတ်ဆက်ကြေညာခြင်း၊ အမျိုးမျိုးသော အခမဲ့ ဆေးပေးကုသရေးနှင့် လှည့်လည့် ဆေးကုသရေး လှုပ်ရှားမှုများ ပြုလုပ်ခြင်းတို့ကို ဆက်လက်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………………………..
(Chinese Version)
第三批援柬中国中医医疗队抵达柬埔寨
新华社金边7月2日电(记者吴长伟)第三批援柬埔寨中国中医医疗队2日抵达金边,开启为期一年的援外医疗任务。
经中国国家中医药管理局批准,第三批援柬中国中医医疗队由四川省派出,共8名队员,这也是四川省首支整建制派遣的援外中医医疗队。医疗队将在做好金边考斯玛中柬友谊医院中医门诊日常诊疗服务的同时,继续推进中国-柬埔寨中医药中心建设,培训当地医护人员,宣介中医药传统文化,举办多种形式的义诊和巡诊活动。