Connect with us

Africa & Middle East

ဆူဒန်နှင့် အီရန်ကြား ဆက်ဆံရေးသည် အဆင့်သစ်တစ်ခုသို့ ရောက်ရှိလာကြောင်း ဆူဒန်နိုင်ငံ အချုပ်အခြာအာဏာပိုင် ကောင်စီ ပြောကြား

ဆူဒန်နိုင်ငံ အရှေ့ပိုင်း Port Sudan မြို့တွင် ဆူဒန်နိုင်ငံ အချုပ်အခြာအာဏာပိုင် ကောင်စီ ဥက္ကဋ္ဌနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Burhan (အရှေ့ တန်း ယာဘက်)က အီရန်နိုင်ငံဆိုင်ရာ ဆူဒန်သံအမတ် Hassan Shah Hosseini (အရှေ့ တန်း ဝဲဘက်)၏ သံအမတ်ခန့်အပ်လွှာအား လက်ခံနေသည်ကို ဇူလိုင် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

ဆူဒန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဆူဒန်နိုင်ငံဆိုင်ရာ အီရန်သံအမတ်သစ် Hassan Shah Hosseini အား ကြိုဆိုကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးသည် အဆင့်သစ်တစ်ခုသို့ ရောက်ရှိလာပြီဖြစ်ကြောင်း ဆူဒန်နိုင်ငံ အချုပ်အခြာအာဏာပိုင် ကောင်စီက ဇူလိုင် ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဆူဒန်နိုင်ငံ အချုပ်အခြာအာဏာပိုင် ကောင်စီ ဥက္ကဋ္ဌနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Burhan သည် ဆူဒန်နိုင်ငံ အရှေ့ပိုင်း Port Sudan မြို့တွင် ဆူဒန်နိုင်ငံဆိုင်ရာ အီရန်သံအမတ်သစ် Hosseini မှ ပေးအပ်သော သံအမတ်ခန့်အပ်လွှာကိုလက်ခံခဲ့သည်။ သံတမန်များ အပြန်အလှန်စေလွှတ်ခြင်းနှင့် နှစ်နိုင်ငံ ဆက်ဆံရေးကို မြှင့်တင်ခြင်းတို့သည် အီရန်နှင့် ဆူဒန်တို့၏ ဘုံသဘောတူညီချက်များဖြစ်သည်ဟု Husseini က နောက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
ထိုနေ့တွင်ပင် Burhan သည် အီရန်နိုင်ငံတွင် ဆူဒန်သံအမတ်အဖြစ် တာဝန်ထမ်းဆောင်မည့် Abdelaziz Hassan Saleh အား Port Sudan မြို့တွင် လိုက်လံပို့ဆောင်ခဲ့သည်။

၂၀၁၆ ခုနှစ်တွင် ဆော်ဒီအာရေဗျက အီရန်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ဖြတ်တောက်ခဲ့ပြီးနောက်ပိုင်းတွင် ဆူဒန်စသည့်နိုင်ငံများကလည်း အီရန်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ဖြတ်တောက်ခဲ့ကြသည်။ ဆူဒန်နိုင်ငံနှင့် အီရန်နိုင်ငံတို့သည် သံတမန်ဆက်ဆံရေး ပြန်လည်စတင်ရန် ဆုံးဖြတ်ခဲ့ကြောင်း ဆူဒန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ၂၀၂၃ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ (Xinhua)


……………………………………………………
(Chinese Version)
苏丹主权委员会:苏丹和伊朗关系迈入新阶段
新华社开罗7月21日电(记者张猛)喀土穆消息:苏丹主权委员会21日发表声明说,苏丹外交部对伊朗新任驻苏丹大使哈桑·沙阿·侯赛尼表示欢迎,两国关系迈入新阶段。
苏丹主权委员会主席兼武装部队总司令布尔汉当天在苏丹东部城市苏丹港接受伊朗新任驻苏丹大使侯赛尼递交的国书。侯赛尼随后发表声明表示,互派大使、促进双边关系是伊朗和苏丹的共识。
同一天,布尔汉在苏丹港为即将赴任的苏丹新任驻伊朗大使阿卜杜勒阿齐兹·哈桑·萨利赫送行。
2016年,沙特阿拉伯与伊朗断交,苏丹等国随后也同伊朗断交。2023年10月9日,苏丹外交部在一份声明中宣布,苏丹与伊朗决定恢复外交关系。(完)
图说:7月21日,在苏丹东部城市苏丹港,苏丹主权委员会主席兼武装部队总司令布尔汉(前右)接受伊朗新任驻苏丹大使哈桑·沙阿·侯赛尼(前左)递交的国书。