Connect with us

China

တရုတ်နိုင်ငံ ကန်းစုပြည်နယ် မင်ရှားသဲတောင်တွင် “အမှိုက်ဖြင့် လက်ဆောင်လဲလှယ်ခြင်း” လှုပ်ရှားမှုဖြင့် အစိမ်းရောင် ယဉ်ကျေးမှု ခရီးသွားကဏ္ဍကို ဖော်ဆောင်

တရုတ်နိုင်ငံ ကန်းစုပြည်နယ် သွန်းဟွမ်မြို့ မင်ရှားသဲတောင် ယွဲ့ရာချွမ် ရှုခင်းသာဧရိယာရှိ လူသောင်းချီ သဲကန္တာရ ကြယ်ရောင်ကောင်းကင်ဂီတဖျော်ဖြေပွဲ မစတင်မီ "သဲတောင်မျက်နှာ သန့်စင်ပေးခြင်း" ပရဟိတလှုပ်ရှားမှုနေရာတွင် ခရီးသွားများအား စောင့်ဆိုင်းနေသော ရှုခင်းသာဧရိယာမှ ဝန်ထမ်းများကို ဇူလိုင် ၂၀ ရက် ညနေက တွေ့ရစဉ် (ဆင်ဟွာ)

သွန်းဟွမ်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

ယခုနှစ် နွေရာသီတွင် လူသောင်းချီ သဲကန္တာရ ကြယ်ရောင်ကောင်းကင်ဂီတဖျော်ဖြေပွဲ အလွန်ရေပန်းစားလာသည်နှင့်အမျှ ကန်းစုပြည်နယ် သွန်းဟွမ်မြို့ မင်ရှားသဲတောင် ယွဲ့ရာချွမ် ရှုခင်းသာဧရိယာတွင် တစ်ရက်လျှင် ပျမ်းမျှ ခရီးသွား ၂၀,၀၀၀ ခန့်ရှိခဲ့သည်။ ရှုခင်းသာဧရိယာတွင် “သဲတောင်မျက်နှာ သန့်စင်ပေးခြင်း” ပရဟိတလှုပ်ရှားမှုစတင်ခဲ့ပြီး အမှိုက်ကောက်ခြင်းနှင့် လက်ဆောင်ပစ္စည်းများ လဲလှယ်ခြင်းမှဖြင့် ခရီးသွားများအား သဲကန္တာရ ကြယ်ရောင်ကောင်းကင်ဂီတဖျော်ဖြေပွဲ၏ စိတ်ကူးယဉ်ဆန်မှုကို ခံစားရင်း မင်ရှားသဲတောင်၏ ဂေဟဗေဒပတ်ဝန်းကျင်ကို အတူတကွထိန်းသိမ်း ကာကွယ်ရန် ဖော်ဆောင်ပေးခဲ့သည်။ (Xinhua)

………………………………..
(Chinese Version)
甘肃鸣沙山:“垃圾换礼品”引导绿色文明出游
敦煌(甘肃),2024年7月21日
今年暑期,随着沙漠万人星空演唱会火爆出圈,甘肃省敦煌市鸣沙山月牙泉景区日均接待游客达2万人次。景区推出的“沙山洗脸”公益活动,通过捡垃圾兑换小礼品等方式,引导游客在享受沙漠万人星空演唱会浪漫的同时,共同守护鸣沙山的生态环境。
图说:7月20日傍晚,在敦煌鸣沙山月牙泉景区的沙漠万人星空演唱会开始前,景区工作人员在“沙山洗脸”公益活动摊位等待游客前来互动。新华社记者 郎兵兵 摄