Connect with us

Africa & Middle East

ခွဲထွက်မှု အဆုံးသတ်ရေးနှင့် ပါလက်စတိုင်းအမျိုးသားစည်းလုံးညီညွတ်မှု မြှင့်တင်ရေးဆိုင်ရာ ပေကျင်းကြေညာချက် ကို ပါလက်စတိုင်းအဖွဲ့အသီးသီးက ပေကျင်းမြို့တွင် လက်မှတ်ရေးထိုး

တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပသော ပြန်လည်သင့်မြတ်ရေး တွေ့ဆုံဆွေးနွေးပွဲပိတ်ပွဲအခမ်းအနားအား ဇူလိုင် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ဖိတ်ကြားချက်အရ ပါလက်စတိုင်းအဖွဲ့ ၁၄ ဖွဲ့၏ အဆင့်မြင့် ကိုယ်စားလှယ်များသည် ပြန်လည်သင့်မြတ်ရေး တွေ့ဆုံဆွေးနွေးပွဲကို ပေကျင်းမြို့တွင် ဇူလိုင် ၂၁ ရက်မှ ၂၃ ရက်အထိ ကျင်းပခဲ့သည်။ ပါလက်စတိုင်းအဖွဲ့အသီးသီးသည် ခွဲထွက်မှု အဆုံးသတ်ရေးနှင့် ပါလက်စတိုင်းအမျိုးသားစည်းလုံးညီညွတ်မှု မြှင့်တင်ရေးဆိုင်ရာ ပေကျင်းကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ယင်းမှာ ပါလက်စတိုင်းအဖွဲ့ ၁၄ ဖွဲ့အနေဖြင့် ပထမဆုံးအကြိမ် ပေကျင်းမြို့၌ စုရုံးပြီး ပြန်လည်သင့်မြတ်ရေး တွေ့ဆုံဆွေးနွေးပွဲကျင်းပကာ ဒုက္ခရောက်နေသည့် ပါလက်စတိုင်းပြည်သူများအတွက် အဖိုးတန်သော မျှော်လင့်ချက်များ သယ်ဆောင်လာခြင်းဖြစ်သည်။ (Xinhua)


………………………………………………..
(Chinese Version)
巴勒斯坦各派在北京签署《关于结束分裂加强巴勒斯坦民族团结的.》
应中方邀请,巴勒斯坦14个派别高级别代表于7月21日至23日在北京举行和解对话。巴勒斯坦各派签署了《关于结束分裂加强巴勒斯坦民族团结的北京宣言》。这是巴勒斯坦14个派别首次齐聚北京举行和解对话,为饱受苦难的巴勒斯坦人民带来了宝贵希望。
图说:这是7月23日在北京拍摄的和解对话闭幕式。新华社记者 翟健岚 摄