Connect with us

Asia

တရုတ်-ရုရှား-လာအို သုံးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

တရုတ်၊ ရုရှား၊ လာအို သုံးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးပွဲအား ၂၀၂၄ ခုနှစ် ဇူလိုင် ၂၅ ရက်တွင် တွေ့ရစဉ် (ဓါတ်ပုံ- တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန )

ဗီယင်ကျန်း၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)
တရုတ်၊ ရုရှား၊ လာအို သုံးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးပွဲကို လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် ဇူလိုင် ၂၅ ရက်က ကျင်းပခဲ့သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် လာအိုနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပြီး တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ၊ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တို့ အတူတကွ တက်ရောက်ခဲ့သည်။

သုံးနိုင်ငံစလုံးက “ရပ်ဝန်းနှင့် ပိုးလမ်းမ” အရည်အသွေးမြင့် အတူတည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်သည့် အောင်မြင်မှုရလဒ်များစွာကို အပြုသဘောသုံးသပ်ခဲ့ကြပြီး “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတည်ဆောက်မှုကို ယူရေးရှား စီးပွားရေး သမဂ္ဂ (EEU) ၊ အာဆီယံဒေသ ဖွံ့ဖြိုးရေး မဟာဗျူဟာများနှင့် ချိတ်ဆက်ရန် တွန်းအားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ပိုမို များပြားသော ပူးပေါင်းဆောင်ရွက်မှု တိုးတက်ရေးအချက်များကို ဖန်တီးကာ ဒေသတွင်းပေါင်းစည်းမှုလုပ်ငန်းစဉ်အတွက် အားသစ်လောင်းသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။

သုံးနိုင်ငံစလုံးက တရုတ်-လာအို ရထားလမ်းနှင့် တရုတ်-ဥရောပ ရထား နှစ်ဖက်သွားလာမှုကို အကောင်အထည်ဖော်နိုင်ခြင်းအား အထူးချီးကျူးပြောဆိုခဲ့ကြကြောင်း၊ ရုရှား-မန်ကျိုးလီ-ချိန်တူး-ကူမင်း-ဗီယင်ကျန်း-ဘန်ကောက် နိုင်ငံတကာ ရထားလမ်းကြီး ဖောက်လုပ်နိုင်ခဲ့ကြောင်း၊ ဒေသအသီးသီး၏ တည်နေရာအားသာချက်နှင့် အရင်းအမြစ်ပင်ကိုယ်တည်ရှိမှုများဖြင့် “တရုတ်-လာအို ရထားလမ်း+ တရုတ်-ဥရောပ ရထား” အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေးသွားမည် ဖြစ်သလို အထောက်အကူပြု စက်မှုလုပ်ငန်းများကို တိုးချဲ့မြှင့်တင်သွားမည် ဖြစ်ကြောင်း၊ ထုတ်လုပ်မှုနှင့် ထောက်ပံ့ရေးကွင်းဆက် တည်ငြိမ်ချောမွေ့အောင် ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း၊ ပိုမို နီးကပ်မှုရှိသော အပြန်အလှန် ချိတ်ဆက်မှု မိတ်ဖက်ဆက်ဆံရေးကို တည်ဆောက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။

သုံးနိုင်ငံစလုံးက အာရှ-ပစိဖိတ်ဒေသတွင် ဒေသတွင်း ပြင်ပအင်အား မီးလောင်ရာလေပင့် လုပ်ဆောင်နေမှုများအား စိုးရိမ်ကြောင်း၊ ညှိနှိုင်းပူးပေါင်းမှုများကို မြှင့်တင်ကာ အများဂရုပြုကြသည့်ပြဿနာရပ်များ အေးဆေးတည်ငြိမ်မှုရှိလာအောင် တွန်းအားပေးပြီး ဒေသတွင်းတည်ငြိမ်အေးချမ်းရေးကို ကာကွယ်ထိန်းသိမ်းသွားလိုကြောင်း ပြောကြားခဲ့သည်။ သုံးနိုင်ငံအတူတကွ ဗိုလ်ကျစိုးမိုးမှုနိုင်ငံရေးကို ဆန့်ကျင်သလို အုပ်စုဖွဲ့ထိပ်တိုက်ရင်ဆိုင်မှုကို ဟန့်တားမည်ဖြစ်ကြောင်း၊ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို ဖော်ဆောင်သလို တရားမျှတမှုနှင့် သမာသမတ်ရှိမှုကို ကာကွယ်ထိန်းသိမ်းမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO)၊ BRICS ပူးပေါင်းဆောင်ရွက်မှု ယန္တရားနှင့် အာဆီယံ ပူးပေါင်းဆောင်ရွက်မှု မူဘောင် ချိတ်ဆက်မှုကို မြှင့်တင်ဆောင်ရွက်ကာ ဒေသတွင်းတစ်သားတည်းပေါင်းစည်း တည်ဆောက်ရေးကို တွန်းအားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သုံးနိုင်ငံစလုံးက ပြောကြားခဲ့သည်။ အဖွဲ့အစည်းဆိုင်ရာ အစည်းအဝေးများကို အာဆီယံအတွင်းရေးမှူးချုပ်နှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အတွင်းရေးမှူးချုပ်တို့ အပြန်အလှန် တက်ရောက်ခြင်းအပေါ် ကြိုဆိုကြောင်း၊ တရုတ်-ရုရှားအနေဖြင့် လာအိုနိုင်ငံက SCO အဖွဲ့ ဆွေးနွေးဖက်နိုင်ငံဖြစ်ခြင်းနှင့် BRICS ယန္တရား လှုပ်ရှားမှုများတွင် ပါဝင်မှုအား ထောက်ခံကြောင်း ပြောကြားခဲ့သည်။ (Xinhua)
…………………………
(Chinese Version)
中国俄罗斯老挝首次举行三方外长会晤
新华社万象7月26日电(记者赵旭 马淮钊)当地时间7月25日,中国、俄罗斯、老挝在万象举行三方外长会晤。老挝副总理兼外长沙伦赛主持,中共中央政治局委员、外交部长王毅,俄罗斯外长拉夫罗夫共同出席。
三方积极评价高质量共建“一带一路”合作丰硕成果,将推动共建“一带一路”同欧亚经济联盟以及东盟地区发展战略对接,打造更多合作增长点,为区域一体化进程注入新动能。
三方高度评价中老铁路与中欧班列实现双向奔赴,打通俄罗斯-满洲里-成都-昆明-万象-曼谷国际铁路大通道,将依托各自区位优势和资源禀赋,推动“中老铁路+中欧班列”高质量发展,促进配套产业扩容升级,维护产供链稳定畅通,打造更加紧密的互联互通伙伴关系。
三方对域外势力在亚太地区煽风点火表示担忧,愿加强协调配合,推动热点问题降温趋缓,维护地区安全稳定。三方将共同反对强权政治、抵制阵营对抗,践行多边主义、捍卫公平正义。
三方表示将加强上海合作组织、金砖合作机制与东盟合作架构对接,推进地区一体化建设。欢迎东盟秘书长和上合组织秘书长出席彼此机制性会议。中俄支持老挝成为上合组织对话伙伴,参与金砖机制活动。