Connect with us

Europe

ဗြိတိန်နိုင်ငံ အစိုးရ “ချွတ်ခြုံကျ” နေပြီဟု အလုပ်သမားပါတီ ထပ်ခါတလဲလဲ သတိပေး

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ အမှတ် ၁၀ ဒေါင်းနင်း လမ်း ၀န်ကြီးချုပ်ရုံးရှေ့တွင် မိန့်ခွန်းပြောရန် ပြင်ဆင်နေသော Keir Starmer ကို ဇူလိုင် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)
ဗြိတိန်နိုင်ငံ အလုပ်သမားပါတီအစိုးရသစ်သည် နိုင်ငံ၏ဘဏ္ဍာရေးအခြေအနေမှာ ဆိုးရွားနေကြောင်း မကြာသေးမီက ထပ်ခါတလဲလဲ အလေးပေးဖော်ပြခဲ့ပြီး ဗြိတိန်နိုင်ငံအနေဖြင့် “ချွတ်ခြုံကျ”နေပြီဟု ဝန်ကြီးချုပ် Keir Starmer က ပြောကြားခဲ့သည်။ အသစ်တွေ့ရှိထားသောဘဏ္ဍာရေးလိုငွေသည် ပေါင် ၂၀ ဘီလီယံ (ယွမ်ငွေ ၁၈၆၉.၃ ဘီလီယံခန့်) အထိ ရှိလာခဲ့သည်ဟု သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
လူထုမူဝါဒ နယ်ပယ်အားလုံးနီးပါးတွင် ဗြိတိန်နိုင်ငံသည် ထင်ထားသည်ထက် ပိုမိုဆိုးရွားသော အခြေအနေများနှင့် ရင်ဆိုင်နေရကြောင်း ယခုလ ၄ ရက်တွင် အလုပ်သမားပါတီ အာဏာရခဲ့ပြီးနောက် လွန်ခဲ့သော ရက်သတ္တပတ် သုံးပတ်က ဗြိတိန်လူထုထံ အဆက်မပြတ် အလေးပေးဖော်ပြခဲ့သည်ဟု Reuters သတင်းဌာန၏ အဆိုအရ သိရသည်။ (Xinhua)


……………………………………
(Chinese Version)
英国工党接连预警政府已“破产”
新华社北京7月29日电 新上台的英国工党政府近期多次强调英国财政状况不堪,首相基尔·斯塔默称英国已“破产”,知情人士称新发现的财政亏空达到200亿英镑(约合1869.3亿元人民币)。
按路透社28日说法,工党本月4日掌权,过往三周不断向英国公众强调,英国在几乎全领域的公共政策都面临比想象更糟糕的情况。
图说:7月5日,基尔·斯塔默在英国伦敦唐宁街10号首相府前准备发表讲话。新华社记者李颖摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.