China
တရုတ်နိုင်ငံ လျောင်နင်ပြည်နယ် သန်းတုန်းမြို့ တွင် ရေကြီးမှု ထိန်းချုပ်ရေးအဆင့် ၂ အရေးပေါ်တုံ့ပြန်မှုကို စတင်ခဲ့ပြီး လူပေါင်း ၃၀,၀၀၀ နီးပါးအား ဘေးကင်းစွာ ရွှေ့ပြောင်းပေး

လျောင်နင်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရားလွိမြစ်တွင် သိသိသာသာ ရေမြင့်တက်လာမှုဖြစ်စဉ်ကို တုံ့ပြန်သည့်အနေဖြင့် လျောင်နင်ပြည်နယ် ရေကြီးမှု ထိန်းချုပ်ရေးနှင့် မိုးခေါင်ရေရှားမှု လျော့ပါးရေး ညွှန်ကြားရေးဌာနချုပ်မှ သန်းတုန်းမြို့ရှိ မြို့ပြရေလွှမ်းမိုးမှု ထိန်းချုပ်ရေးနှင့် ပြည်သူများ ဘေးလွတ်ရာရွှေ့ပြောင်းရေး အခြေအနေများ ချိန်ညှိဆောင်ရွက်ခဲ့ရာ ဇူလိုင် ၂၉ ရက် နံနက် ၇ နာရီမှစ၍ သန်းတုန်းမြို့အား လိမ္မော်ရောင် သတိပေးချက် ထုတ်ပြန်ခဲ့ပြီး ရေလွှမ်းမိုးမှု ထိန်းချုပ်ရေး အရေးပေါ် တုံ့ပြန်မှုကို အဆင့် ၂ သို့ မြှင့်တင်ခဲ့သည်။ သန်းတုန်းမြို့ရှိ အများပြည်သူထံသို့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် ရွှေ့ပြောင်းရေး သတိပေးချက်ကို ထုတ်ပြန်ခဲ့ပြီး ဇူလိုင် ၂၉ ရက် ညနေ ၄ နာရီအထိ မြို့အနှံ့ အန္တရာယ်ရှိသောနေရာများမှ လူပေါင်း ၃၀,၀၀၀ နီးပါးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။ (Xinhua)
…………………………….
(Chinese Version)
辽宁丹东启动防汛Ⅱ级应急响应 安全转移近3万人
丹东(辽宁),2024年7月29日
针对鸭绿江出现的明显涨水过程,辽宁省防汛抗旱指挥部重点对丹东市城市防洪和人员转移避险情况进行调度,自7月29日7时起,对丹东市发布橙色预警,将防汛应急响应级别提升至Ⅱ级。丹东市向社会发布防灾避险提示公告,截至29日16时,全市共转移疏散危险区域群众近3万人。
图说:7月29日,在丹东市,辽宁出入境边防检查总站丹东边境管理支队一经街边境派出所民警和救援人员在转移市民。新华社记者 龙雷 摄