Connect with us

Europe

ယခင်အစိုးရလက်ထက်တွင် ဘဏ္ဍာရေးလိုငွေ စတာလင်ပေါင် ၂၂ ဘီလီယံ ကျန်ရှိခဲ့သည်ဟု ဗြိတိန်ဘဏ္ဍာရေးဝန်ကြီး ဆို

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ အောက်လွှတ်တော်တွင် ဘဏ္ဍာရေးဝန်ကြီး Rachel Reeves အမှာစကားပြောကြားနေသည်ကို ၂၀၂၄ ခုနှစ် ဇူလိုင် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)

ယခင် ကွန်ဆာဗေးတစ်ပါတီအစိုးရလက်ထက်တွင် ဘဏ္ဍာရေးအခြေအနေမှန်ကို ဖုံးကွယ်ခဲ့ရာ ဘဏ္ဍာရေးလိုငွေ စတာလင်ပေါင် ၂၂ ဘီလီယံ ကျန်ရှိခဲ့ကြောင်း ဗြိတိန်ဘဏ္ဍာရေးဝန်ကြီး Rachel Reeves က ဇူလိုင် ၂၉ ရက်တွင် ပြောကြားခဲ့သည်။

ယခင်အစိုးရ၏ဘဏ္ဍာရေးလိုငွေကို ဖြည့်စွက်နိုင်ရန်အတွက် ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ယခုနှစ်တွင် အသုံးစရိတ် စတာလင်ပေါင် ၅.၅ ဘီလီယံ လျှော့ချသွားမည် ဖြစ်ပြီး လာမည့်နှစ်တွင် အသုံးစရိတ် စတာလင်ပေါင် ၈ ဘီလီယံ လျှော့ချသွားမည်ဖြစ်ကြောင်း Rachel Reeves က ယင်းနေ့ ညနေပိုင်းတွင် ကျင်းပသည့် အောက်လွှတ်တော် အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။ ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် အလုပ်သမားပါတီ အာဏာရပြီးနောက် ပထမဆုံး ဘတ်ဂျက်စာရင်းကို အောက်တိုဘာ ၃၀ ရက်တွင် ထုတ်ပြန်မည်ဖြစ်ပြီး အကောက်ခွန်နှင့်အသုံးစရိတ်အစီအစဉ်ကို ကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)


………………………………
(Chinese Version)
英国财政大臣:上届政府留下220亿英镑财政亏空
英国财政大臣蕾切尔·里夫斯29日表示,上届保守党政府隐瞒公共财政真实情况,留下220亿英镑的财政亏空。里夫斯当天下午在议会下议院发表讲话说,今年财政部将采取措施减少55亿英镑支出,明年将减少超过80亿英镑支出,以弥补上届政府造成的财政亏空。财政部将于10月30日公布工党上台后的首个预算案,宣布新的税收和支出计划。
1. 7月29日,在英国伦敦,英国财政大臣蕾切尔·里夫斯在议会下议院发表讲话。新华社/路透