Connect with us

Africa & Middle East

ဆီရာလီယွန်နိုင်ငံတွင် ကလေးငယ်များထိမ်းမြားလက်ထပ်ခြင်းကို တားမြစ်သည့်ဥပဒေ အတည်ပြု

သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် ကျင်းပသော တတိယအကြိမ်မြောက် OPEC နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေ ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်၌ မိန့်ခွန်း ပြောကြားနေသော ဆီရာလီယွန်နိုင်ငံ သမ္မတ Bio ကို ဇွန် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)
ဆီရာလီယွန်နိုင်ငံ သမ္မတ Julius Maada Bio သည် နိုင်ငံတွင်း ကလေးငယ်များထိမ်းမြားလက်ထပ်ခြင်းကို တားမြစ်ရန် ဥပဒေသစ်ကို ဇူလိုင် ၂ ရက်က လက်မှတ်ရေးထိုးခဲ့သည်။
အဆိုပါဥပဒေသစ်တွင် အသက် ၁၈ နှစ်မပြည့်သေးသော မိန်းကလေးကို လက်ထပ်ထိမ်းမြားသည့် မည်သည့်ယောက်ျားကိုမဆို အနည်းဆုံး ထောင်ဒဏ် ၁၅ နှစ်နှင့် ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၄,၀၀၀ ခန့် ပေးဆောင်ရမည်ဟု ပြဋ္ဌာန်းထားကြောင်း၊ မိန်းကလေး၏ မိဘများနှင့် မင်္ဂလာဆောင်တက်ရောက်သည့် ဧည့်သည်များလည်း အပြစ်ပေးခံရမည်ဖြစ်ကြောင်း အေပီသတင်းဌာန၏ ဇူလိုင် ၃ ရက် သတင်းအရ သိရသည်။
ကလေးငယ်များထိမ်းမြားလက်ထပ်ရာတွင် အမျိုးသမီး ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု မပြည့်စုံသေး၍ ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှု ပိုများလာနိုင်သည်ဟု ဆီရာလီယွန်နိုင်ငံ ကျန်းမာရေးဌာနက ပြောကြားခဲ့သည်။ (Xinhua)
…………………………………………..
(Chinese Version)
塞拉利昂通过法律禁止童婚
新华社北京7月4日电 塞拉利昂总统朱利叶斯·马达·比奥2日签署新法律,禁止在该国发生童婚行为。
据美联社3日报道,新法律规定,任何与不满18岁未成年女性结婚的男性,都将面临至少15年有期徒刑及约合4000美元的罚款。女童的父母以及参加婚礼的宾客也将受到处罚。
塞拉利昂卫生部门表示,在童婚状态下,由于女性身体发育尚不完全,会导致孕产妇死亡率较高。
图说:6月25日,塞拉利昂总统比奥在奥地利维也纳举行的第三届欧佩克国际发展基金发展论坛上致辞。新华社记者贺灿铃摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.