Connect with us

Media

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဆီရာလီယွန်နိုင်ငံ သမ္မတ တွေ့ဆုံဆွေးနွေး

ပေကျင်း၊ မတ် ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အလည်အပတ်ရောက်ရှိလာသော ဆီရာလီယွန်နိုင်ငံ သမ္မတ Julius Maada Bio နှင့် ပေကျင်းမြို့တွင် ဖေဖော်ဝါရီ ၂၈ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံနှင့် ဆီရာလီယွန်နိုင်ငံတို့သည် ကာလကြာရှည် ချစ်ကြည်ရင်းနှီးမှုရှိကြောင်း၊ နှစ်နိုင်ငံအနေဖြင့် ၎င်းတို့၏ ပင်မအကျိုးစီးပွားများနှင့် အဓိကစိုးရိမ်ပူပန်မှုများဆိုင်ရာ ကိစ္စရပ်များ၌ အချင်းချင်းထောက်ခံအားပေးခဲ့ကြကြောင်း၊ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုနယ်ပယ်များ၌ ထိရောက်သော ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်လျက်ရှိကြောင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကဲ့သို့ ကိစ္စရပ်များကို အနီးကပ် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ အီဘိုလာနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေးကိုလည်း အတူတကွဆောင်ရွက်ခဲ့ကြကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။ (Xinhua)

…………………………………
(English Version)
Xi holds talks with Sierra Leonean president
BEIJING, Feb. 28 (Xinhua) — Chinese President Xi Jinping held talks with President of the Republic of Sierra Leone Julius Maada Bio, who is on a state visit to China, in Beijing on Wednesday.
Noting that China and Sierra Leone enjoy a time-honored friendship, Xi said the two sides have supported each other on issues concerning their core interests and major concerns, carried out efficient cooperation in the fields of economic and social development, coordinated closely on issues such as world peace and development, and worked together to fight against Ebola and the COVID-19 pandemic.