Connect with us

မြန်မာ-中文

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် “ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) +” အက်စ်တာနာ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်၍ အရေးကြီး မိန့်ခွန်းပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် "ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) +" အက်စ်တာနာ ထိပ်သီးအစည်းအဝေးသို့ ဇူလိုင် ၄ ရက် ညနေပိုင်းက တက်ရောက်၍ 《ပိုမိုသာယာလှပသော ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) မိသားစုဥယျာဉ်အား အတူလက်တွဲတည်ဆောက်မည်》ဟူသော ခေါင်းစဉ်ဖြင့် အရေးကြီး မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

အက်စ်တာနာ၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် “ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) +” အက်စ်တာနာ ထိပ်သီးအစည်းအဝေးသို့ ဇူလိုင် ၄ ရက် ညနေပိုင်းက တက်ရောက်၍ 《ပိုမိုသာယာလှပသော ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) မိသားစုဥယျာဉ်အား အတူလက်တွဲတည်ဆောက်မည်》ဟူသော ခေါင်းစဉ်ဖြင့် အရေးကြီး မိန့်ခွန်းပြောကြားခဲ့သည်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးပွဲ မစတင်မီ သမ္မတ ရှီကျင့်ဖိန်သည် အစည်းအဝေးပွဲသို့ တက်ရောက်သည့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များအတွက် သမ္မတ ကက်ဆင်-ဂျိုမတ် တိုကာယက်ဗ် ကျင်းပသော ကြိုဆိုပွဲသို့ တက်ရောက်၍ စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ် (ဆင်ဟွာ)

ထိုသို့ ပြောကြားရာတွင် သမ္မတ ရှီကျင့်ဖိန်က မိမိတို့သည် ပထမဆုံးအကြိမ်အဖြစ် “ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) +” ဟူသောပုံစံဖြင့် ထိပ်သီးအစည်းအဝေး ကျင်းပခြင်း ဖြစ်ရာ မိတ်ဆွေကောင်း၊ မိတ်ဖက်သစ်များနှင့် အတူတကွ စုစည်း၍ အစီအစဉ်ကြီးများ ဆွေးနွေးကြခြင်း ဖြစ်ကြောင်း၊ ၎င်းမှာ ခေတ်သစ်ကာလ၌ ဤအဖွဲ့အစည်းသည် အများ၏ကြိုဆိုမှု၊ အဖွဲ့ဝင်နိုင်ငံများ၏ မိတ်ဆွေများ ကမ္ဘာအနှံ့အပြားတွင် ရှိကြောင်းကို ပြသခြင်းပင် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိ ကမ္ဘာ့ အပြောင်းအလဲ၊ ခေတ်ကာလ အပြောင်းအလဲ၊ သမိုင်း အပြောင်းအလဲများသည် ယခင်က မရှိခဲ့ဖူးသည့်ပုံစံများဖြင့် ဖြစ်ပွားလျက်ရှိပါကြောင်း၊ လူသားမျိုးနွယ်တို့၏ ယဉ်ကျေးမှု ရှေ့သို့ ခြေလှမ်းကြီးကြီး တက်လှမ်းနေသည့် တစ်ချိန်တည်းတွင်ပင် မလုံခြုံမှု၊ မတည်ငြိမ်မှု၊ မသေချာမရေရာမှုများက ထင်ရှားစွာ တိုးပွားလာကြောင်း၊ ဤသို့သော အပြောင်းအလဲ အခင်းအကျင်းကို ရင်ဆိုင်ရာတွင် အဓိကအားဖြင့် ပြောင်းလဲမှုကို သိရှိသည့် ဉာဏ်ပညာ၊ ပြောင်းလဲမှုကို ရင်ဆိုင်မည့်နည်းလမ်း ၊ ပြောင်းလဲရဲသည့် သတ္တိ ရှိရမည် ဖြစ်ကြောင်း ၊ မိမိတို့သည် ကံကြမ္မာတူ အကျိုးတူ အသိုက်အဝန်းအသိကို ခိုင်မာစွာ ထားရမည် ဖြစ်သလို “ရှန်ဟိုင်းစိတ်ဓာတ်” ကို အစဉ်အမြဲလက်ကိုင်ထားရမည် ဖြစ်ကြောင်း၊ မိမိနိုင်ငံနှင့်ကိုက်ညီသော မိမိဒေသလက်တွေ့အခြေအနေနှင့်လျော်ညီသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်ကို မပြောင်းမလဲ ခိုင်မာစွာ လျှောက်လှမ်းကာ ပိုမို သာယာလှပသော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) မိသားစု ဥယျာဉ်ကို အတူတကွတည်ဆောက်ပြီး နိုင်ငံအသီးသီး ပြည်သူများ အေးချမ်းစွာ နေထိုင်လုပ်ကိုင်ရေး ၊ သာယာချမ်းမြေ့ရေးကို ဖော်ဆောင်ရမည် ဖြစ်ကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။

အစည်းအဝေးတွင် သမ္မတ ရှီကျင့်ဖိန်က အကြံပြုချက် ၅ ချက်ကို အဆိုပြုခဲ့သည်။

ပထမအနေဖြင့် သွေးစည်းညီညွတ်၍ အပြန်အလှန် ယုံကြည်မှုရှိသည့် ဘုံမိသားစုဥယျာဉ်ကို တည်ဆောက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ “ရှန်ဟိုင်း စိတ်ဓာတ်” နှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်မှာ အသက်သွေးကြောတစ်ခုတည်းဖြစ်သလို ဤအဖွဲ့အစည်း၏ ဘုံစံတန်ဖိုးလည်း ဖြစ်ရာ ဆတိုး တန်ဖိုးထား ၊ အစဉ်အမြဲ လိုက်နာသင့်ပါကြောင်း ၊ မိမိတို့သည် ကိုယ်တိုင်လွတ်လပ်စွာ ရွေးချယ်သည့် ဖွံ့ဖြိုးရေးလမ်းစဉ်ကို အပြန်အလှန် လေးစားရမည် ဖြစ်သလို ဗဟိုအကျိုးစီးပွားများကို အပြန်အလှန် ကာကွယ်ထိန်းသိမ်းရာတွင် ထောက်ခံအားပေးရမည် ဖြစ်ကြောင်း၊ မဟာဗျူဟာ ညှိနှိုင်းဆွေးနွေးမှုဖြင့် ကွဲလွဲမှုများကို ဖြေရှင်းရမည် ဖြစ်သလို သဘောတူညီချက်များကို စုစည်းပြီး အပြန်အလှန်ယုံကြည်မှု တိုးပွားအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံရေးရာစီမံခန့်ခွဲမှုအတွေ့အကြုံ ဖလှယ်ရေးကို မြှင့်တင်ရန်၊ သင့်လျော်သည့်အချိန်အခါတွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ နိုင်ငံရေးပါတီများဖိုရမ်ကို ကျင်းပရန် အကြံပြုကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။

ဒုတိယအနေဖြင့် တည်ငြိမ်အေးချမ်းသည့် ဘုံမိသားစု ဥယျာဉ် တည်ဆောက်ရမည် ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ နိုင်ငံတိုင်း လုံခြုံမှသာ စစ်မှန်သော လုံခြုံရေးကို ရရှိမည် ဖြစ်ကြောင်း၊ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ယန္တရားနှင့်နည်းလမ်းများကို ပြည်စုံကောင်းမွန်အောင် ဆောင်ရွက်ရမည် ဖြစ်ရာ လုံခြုံရေး ခြိမ်းခြောက်မှုနှင့် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရေး အထွေထွေစင်တာနှင့် ၎င်းအောက်တွင် ဌာနများ ထားရှိရေးကို လျင်မြန်စွာ ဖော်ဆောင်ရမည် ဖြစ်ကြောင်း ၊ မူးယစ်တိုက်ဖျက်ရေးစင်တာတည်ဆောက်ခြင်း သတင်းအချက်အလက် ဖလှယ်မှုကို တိုးမြှင့်ခြင်း၊ ပူးတွဲလှုပ်ရှားမှုများကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် “Interaction-2024” အကြမ်းဖက်တိုက်ဖျက်ရေး ပူးတွဲလေ့ကျင့်မှု စသည့် လှုပ်ရှားမှုများကို ကောင်းမွန်စွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အာဖဂန်နစ္စတန် အိမ်နီးချင်းနိုင်ငံများ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး ယန္တရား စသည့် ပလက်ဖောင်းများ၏ အခန်းကဏ္ဍကို ကောင်းမွန်အောင် ဖော်ဆောင်၍ အာဖဂန်နစ္စတန်နိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည်တည်ဆောက်ရေး လမ်းသို့ ရောက်ရှိအောင် တွန်းအားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တတိယအနေဖြင့် သာယာဝပြောသော ဘုံမိသားစု ဥယျာဉ်ကို တည်ဆောက်ရမည် ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ ၂၀၂၅ ခုနှစ်ကို “ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှစ်” အဖြစ် သတ်မှတ်ရန် တရုတ်နိုင်ငံအနေဖြင့် အကြံပြုပါကြောင်း၊ ဘက်ပေါင်းစုံနှင့်အတူ ”ရပ်ဝန်းနှင့်ပိုးလမ်းမ” အရည်အသွေးမြင့် အတူတည်ဆောက်ရေး လှုပ်ရှားမှုကြီး ၈ ရပ်ကို ဘက်စုံဖော်ဆောင်သွားပြီး စိုက်ပျိုးသရုပ်ပြ အခြေစိုက်စခန်း၊ ဒေသ ကုန်သွယ်စီးပွားရေး သရုပ်ပြဇုန်၊ ဂေဟနှင့်သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေး ဆန်းသစ်တီထွင်မှု အခြေစိုက်စခန်း စသည့် ပလက်ဖောင်များဖြင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားလိုကြောင်း ၊ Beidou ဂြိုဟ်တု လမ်းကြောင်းပြစနစ်ကို အသုံးပြုရန်၊ နိုင်ငံတကာ လကမ္ဘာ သုတေသန စခန်းတည်ဆောက်မှုတွင် ပါဝင်ရန် တရုတ်နိုင်ငံက အားလုံးကို ကြိုဆိုကြောင်း၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO)ဒစ်ဂျစ်တယ်ပညာရေးမဟာမိတ် တည်ထောင်ရန် တရုတ်နိုင်ငံက အဆိုပြုရာ ဤအဖွဲ့အစည်း အဖွဲ့ဝင် နိုင်ငံများသို့ ဒစ်ဂျစ်တယ် နည်းပညာ မွမ်းမံသင်တန်းအခွင့်အလမ်းများ ပံ့ပိုးသွားလိုကြောင်း ၊ ဤအဖွဲ့အစည်း စီမံခန့်ခွဲမှုစနစ် ခေတ်မီအသွင်ပြောင်းရေးကို တွန်းအားပေးပြီး ထိရောက်စွာ လည်ပတ်နိုင်စွမ်းကို မြှင့်တင်သွားမည် ဖြစ်ကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။

စတုတ္ထအနေဖြင့် ခင်မင်ရင်းနှီးသော အိမ်နီးချင်းကောင်းချစ်ကြည်ရေးရှိသည့် ဘုံမိသားစုဥယျာဉ်ကို တည်ဆောက်သွားမည် ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အိမ်နီးချင်းကောင်းချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကော်မတီ စသည့် အရပ်ဖက် အဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို အပြည့်အဝဖော်ဆောင်သွားမည်ဖြစ်ရာ ရိုးရာဆေးပညာဖိုရမ်၊ အရပ်ဖက်ချစ်ကြည်ရေးဖိုရမ်၊ လူငယ်ဖလှယ်ရေးစခန်း၊ လူငယ်ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ် စသည့် အစီအစဉ်များကို ဆက်လက် ကောင်းမွန်စွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ချင်းသောင် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်၊ အမျိုးသမီးကဏ္ဍ ဖိုရမ်များကို နိုင်ငံအသီးသီးမှ အားတက်သရော ပါဝင်ကြရန် ဖိတ်ခေါ်ကြောင်း၊ လာမည့် ၅ နှစ်တာကာလတွင် တရုတ်နိုင်ငံသည် SCO အဖွဲ့ဝင်နိုင်ငံများမှ လူငယ်လူရွယ် ၁,၀၀၀ ဦး တရုတ်နိုင်ငံသို့ လာရောက်လေ့လာဖလှယ်ခွင့်ပေးမည် ဖြစ်ကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။

ပဉ္စမအနေဖြင့် တရားမျှတမှုရှိသော ဘုံမိသားစု ဥယျာဉ်ကို တည်ဆောက်သွားမည် ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ တန်းတူညီမျှမှုရှိ၍ စနစ်ကျသော ကမ္ဘာ့ ဗဟုအသွင်ပြောင်းရေးနှင့် အများအကျိုးဖြစ်ထွန်း၍ အားလုံးလက်ခံပါဝင်မှုရှိသော ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအသွင်ပြောင်းရေးကို အတူတကွ ထောက်ခံအားပေးကာ စစ်မှန်သော နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုများ ပို၍ သင့်လျော်မျှတမှုရှိသော ဦးတည်ရာသို့ တိုးတက်အောင် တွန်းအားပေးဆောင်ရွက်ရမည် ဖြစ်သလို ငြိမ်းချမ်းရေး လိုအပ်ချက်၊ ဖွံ့ဖြိုးရေး လိုအပ်ချက်၊ လုံခြုံရေး လိုအပ်ချက်၊ စီမံခန့်ခွဲမှု လိုအပ်ချက်များကို ဖြေရှင်းရာတွင် “ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO)၏ အင်အား” ဖြင့် အကျိုးဆောင်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်က သွေးစည်းညီညွတ်စွာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်သည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO)၏ အောင်မြင်သော အတွေ့အကြုံများ ဖြစ်သလို ခရီးစဉ်သစ်တွင် အပြောင်းအလဲများကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် အခင်းအကျင်းသစ် ဖွင့်လှစ်ခြင်း၏ မလွဲမသွေ ရွေးချယ်မှုလည်း ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။ အက်စ်တာနာ ထိပ်သီးအစည်းအဝေးပြီးနောက် တရုတ်နိုင်ငံသည် အလှည့်ကျဥက္ကဋ္ဌ နိုင်ငံအဖြစ် တာဝန်ထမ်းဆောင်ရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် SCO အဖွဲ့ မိတ်ဖက်များနှင့်အတူ သွေးစည်းညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သွားပြီး “ရှန်ဟိုင်း စိတ်ဓာတ်” ကို အသိအမှတ်ပြုသည့် နိုင်ငံ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့်အတူ လက်တွဲ၍ ရှေ့သို့ လျှောက်လှမ်းသွားလိုကာ လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း၏ အနာဂတ် အလားအလာ ပို၍ ပွင့်လန်းတောက်ပလာအောင် ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

အစည်းအဝေးတွင် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (SCO)အလှည့်ကျ ဥက္ကဋ္ဌ ကာဇက်စတန်နိုင်ငံ သမ္မတ ကက်ဆင်-ဂျိုမတ် တိုကာယက်ဗ် က အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (SCO)အဖွဲ့ဝင်နိုင်ငံများဖြစ်သော ဘီလာရုဇ်နိုင်ငံ သမ္မတ အလက်ဇန်းဒါး လူကာရှင်ကို ၊ ကာဂျစ္စတန်နိုင်ငံ သမ္မတ Sadyr Japarov ၊ ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Shehbaz Sharif ၊ ရုရှားနိုင်ငံ သမ္မတ ပူတင်၊ တာဂျစ်ကစ္စတန်နိုင်ငံ သမ္မတ Emomali Rahmon၊ ဥဇဘက်ကစ္စတန်နိုင်ငံ သမ္မတ Shavkat Mirziyoyev ၊ အီရန်နိုင်ငံ ယာယီ သမ္မတ Mohammad Mokhber နှင့် အိန္ဒိယနိုင်ငံ ကိုယ်စားလှယ် ၊ လေ့လာစောင့်ကြည့်သည့်နိုင်ငံ ဖြစ်သော မွန်ဂိုလီးယားနိုင်ငံ အကြီးအကဲ၊ ဥက္ကဋ္ဌနိုင်ငံ၏ ဧည့်သည်တော်များ ဖြစ်ကြသော အဇာဘိုင်ဂျန်၊ ကာတာ၊ ယူအေအီး၊ တူကီယဲ၊ တာ့ခ်မင်နစ္စတန် နိုင်ငံများမှ နိုင်ငံ အကြီးအကဲများ နှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် စသည့် နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထိပ်သီးအစည်းအဝေးပွဲ မစတင်မီ သမ္မတ ရှီကျင့်ဖိန်သည် အစည်းအဝေးပွဲသို့ တက်ရောက်သည့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များအတွက် သမ္မတ ကက်ဆင်-ဂျိုမတ် တိုကာယက်ဗ် ကျင်းပသော ကြိုဆိုပွဲသို့ တက်ရောက်၍ စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့သည်။

အဆိုပါအခမ်းအနားကို ချိုက်ချီ၊ ဝမ်ရိ တို့လည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

………………………………………………….

(Chinese Version)
习近平出席“上海合作组织+”阿斯塔纳峰会并发表重要讲话
华社阿斯塔纳7月4日电(记者孙浩 黄河 张继业)当地时间7月4日下午,国家主席习近平在阿斯塔纳出席“上海合作组织+”阿斯塔纳峰会并发表题为《携手构建更加美好的上海合作组织家园》的重要讲话。
习近平指出,我们首次以“上海合作组织+”的形式举行峰会,好朋友、新伙伴济济一堂、共商大计,说明在新的时代条件下本组织理念广受欢迎,成员国的朋友遍布天下。
当前,世界之变、时代之变、历史之变正以前所未有的方式展开。人类文明在大步前进的同时,不安全、不稳定、不确定因素也明显增加。应对好这一变局,关键要有识变之智、应变之方、求变之勇。我们要牢固树立命运共同体意识,始终秉持“上海精神”,坚定不移走契合本国国情、符合本地区实际的发展道路,共同建设更加美好的上海合作组织家园,让各国人民安居、乐业、幸福。
习近平提出五点建议。
第一,建设团结互信的共同家园。“上海精神”同和平共处五项原则一脉相承,是本组织的共同价值,应该倍加珍惜、始终遵循。我们要尊重彼此自主选择的发展道路,支持彼此维护核心利益,通过战略沟通消弭分歧、凝聚共识、增进互信。中方建议成员国加强治国理政经验交流,适时举办上海合作组织政党论坛。
第二,建设和平安宁的共同家园。各国都安全,才有真安全。要完善安全合作机制手段,加快建设应对安全威胁和挑战综合中心及其下设机构,建设禁毒中心,加强情报交流,开展联合行动。中国将办好“反恐协作-2024”联合反恐演习等活动。要发挥阿富汗邻国协调合作机制等平台作用,推动阿富汗走上和平重建道路。
第三,建设繁荣发展的共同家园。中方建议将2025年确定为“上海合作组织可持续发展年”,愿同各方全面落实高质量共建“一带一路”八项行动,用好农业示范基地、地方经贸示范区、生态环保创新基地等平台促进区域合作。中方欢迎各方使用北斗卫星导航系统,参与国际月球科研站建设。中方倡议成立上海合作组织数字教育联盟,愿向本组织国家提供数字技术培训名额。推进本组织治理体系现代化,提升运行效能。
第四,建设睦邻友好的共同家园。充分发挥上海合作组织睦邻友好合作委员会等民间机构作用,继续办好传统医学论坛、民间友好论坛、青年交流营、青年发展论坛等品牌活动。欢迎各方积极参加青岛绿色发展论坛、妇女论坛。未来5年,中方将向本组织国家提供1000个青年赴华交流名额。
第五,建设公平正义的共同家园。共同倡导平等有序的世界多极化和普惠包容的经济全球化,践行真正的多边主义,推动全球治理朝着更加公正合理的方向发展,为消弭和平赤字、发展赤字、安全赤字、治理赤字贡献“上海合作组织力量”。
习近平强调,团结协作是上海合作组织一路走来的成功经验,也是新征程上应变局、开新局的必然选择。阿斯塔纳峰会后,中国将接任轮值主席国。中方愿同本组织伙伴团结协作,同更多认同“上海精神”的国家和国际组织携手并进,让构建人类命运共同体的前景更加光明可期。
上海合作组织轮值主席国哈萨克斯坦总统托卡耶夫主持会议,上海合作组织成员国白俄罗斯总统卢卡申科、吉尔吉斯斯坦总统扎帕罗夫、巴基斯坦总理夏巴兹、俄罗斯总统普京、塔吉克斯坦总统拉赫蒙、乌兹别克斯坦总统米尔济约耶夫、伊朗代理总统穆赫贝尔和印度代表,观察员国蒙古国领导人,主席国客人阿塞拜疆、卡塔尔、阿联酋、土耳其、土库曼斯坦领导人,以及联合国秘书长古特雷斯等国际和地区组织负责人出席。
峰会开始前,习近平出席托卡耶夫为与会代表团团长举行的欢迎宴会并集体合影。
蔡奇、王毅等参加上述活动。

1. 当地时间7月4日下午,国家主席习近平在阿斯塔纳出席“上海合作组织+”阿斯塔纳峰会并发表题为《携手构建更加美好的上海合作组织家园》的重要讲话。新华社记者 庞兴雷 摄
2. 当地时间7月4日下午,国家主席习近平在阿斯塔纳出席“上海合作组织+”阿斯塔纳峰会并发表题为《携手构建更加美好的上海合作组织家园》的重要讲话。峰会开始前,习近平出席托卡耶夫为与会代表团团长举行的欢迎宴会并集体合影。 新华社记者 鞠鹏 摄