Connect with us

China

သမ္မတ ရှီကျင့်ဖိန်က ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) နိုင်ငံများ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်သို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့

ပေကျင်း၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) နိုင်ငံများ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်သို့ ဇူလိုင် ၈ ရက်က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။

သဝဏ်လွှာတွင် သမ္မတ ရှီကျင့်ဖိန်က ဇီဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရေးသည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) နိုင်ငံများ၏ ဘုံသဘောတူညီချက် ဖြစ်ကြောင်း ထောက်ပြခဲ့သည်။ ယခုနှစ်များတွင် တရုတ်နိုင်ငံသည် စိမ်းလန်းသော တောတောင်ရေမြေက ရွှေတောင်ငွေတောင် ဖြစ်သည်ဟူသော အတွေးအခေါ်ကို လက်ကိုင်ထား၍ ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး၊ လူနေမှုဘဝ ချမ်းသာကြွယ်ဝရေး၊ ဂေဟစနစ်ကောင်းမွန်ရေး ဟူသော ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ်ကို မပြောင်းမလဲ ခိုင်မာစွာ လျှောက်လှမ်းခဲ့ရာ သာယာလှပသော တရုတ်နိုင်ငံ တည်ဆောက်ရေးသည် ကမ္ဘာသိ အောင်မြင်မှုကြီး ရရှိခဲ့ပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယခုဖိုရမ်မှတစ်ဆင့် ဘက်ပေါင်းစုံနှင့်အတူ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ဆောင်ရွက်ကာ နိုင်ငံအသီးသီး၏ လူမှုစီးပွား စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပေး၍ လူသားနှင့်သဘာဝတရားတို့အကြား သဟဇာတဖြစ်စွာ အတူယှဉ်တွဲရေးကို မြှင့်တင် ဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

သမ္မတ ရှီကျင့်ဖိန်က ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) သည် နိုင်ငံတကာ ဆက်ဆံရေးနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး ပုံစံသစ် စံနမူနာ ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။ မကြာမီရက်များက တရုတ်နိုင်ငံသည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (SCO)အလှည့်ကျ ဥက္ကဋ္ဌ နိုင်ငံတာဝန်ကို လွှဲပြောင်းရယူခဲ့ပါကြောင်း၊ တရုတ်နိုင်ငံသည် ဘက်ပေါင်းစုံနှင့်အတူ “ရှန်ဟိုင်း စိတ်ဓာတ်” ကို မြှင့်တင်ဆောင်ရွက်သွားလိုကြောင်း၊ သွေးစည်းညီညွတ်စွာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်သွားမည် ဖြစ်သလို အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ရာ ဘုံဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍသစ်အား ရေးဆွဲ၍ ပိုမို နီးကပ်မှုရှိသည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (SCO) အေးအတူ ပူအမျှအသိုက်အဝန်းကို အတူလက်တွဲ တည်ဆောက်သွားလိုကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) နိုင်ငံများ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်ကို ဇူလိုင် ၈ ရက်က တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့တွင် “အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲ၍ လူသားနှင့်သဘာဝတရား သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်ရေး တွန်းအားပေးမည်”ဟူသော ခေါင်းစဉ်ဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဖိုရမ်ကို ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အိမ်နီးချင်းကောင်း ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကော်မတီ၊ဂေဟဗေဒနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဆန်းတုန်းပြည်နယ် ပြည်သူ့အစိုးရ ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အတွင်းရေးမှူး ဌာနတို့ အတူ ကြီးမှူးကျင်းပခြင်း ဖြစ်သည်။ (Xinhua)

……………………………
(Chinese Version)
习近平向上海合作组织国家绿色发展论坛致贺信
新华社北京7月8日电 7月8日,国家主席习近平向上海合作组织国家绿色发展论坛致贺信。
习近平指出,保护生态环境、推动绿色发展是上海合作组织国家的共识。近年来,中国坚持绿水青山就是金山银山的理念,坚定不移走生产发展、生活富裕、生态良好的文明发展道路,美丽中国建设取得举世瞩目的巨大成就。中方希望通过本次论坛,同各方加强绿色发展领域交流合作,助力各国经济社会可持续发展,促进人与自然和谐共生。
习近平强调,上海合作组织是新型国际关系和区域合作的典范。近日,中国接任上海合作组织轮值主席国。中方愿同各方一道,弘扬“上海精神”,加强团结协作,推动绿色发展,谱写共同发展新篇章,携手构建更加紧密的上海合作组织命运共同体。
上海合作组织国家绿色发展论坛当日在山东省青岛市开幕,主题为“携手绿色发展,推动人与自然和谐共生”,由上海合作组织睦邻友好合作委员会、生态环境部、山东省人民政府、上海合作组织秘书处共同主办。