Connect with us

Europe

မက်ခရွန်နှင့် အီဂျစ်၊ ကာတာ၊ ဗြိတိန် နိုင်ငံ ခေါင်းဆောင်များ ဖုန်းဖြင့်ဆက်သွယ်၍ ဂါဇာအပစ်ရပ်ရေးတိုက်တွန်းဆွေးနွေး

ပြင်သစ်နိုင်ငံ Le Touquet မြို့တွင် ပြင်သစ်သမ္မတ မက်ခရွန်က မဲပေးပြီးနောက် ပြည်သူများနှင့်တွေ့ဆုံနေသည်ကို ၂၀၂၄ ခုနှစ် ဇူလိုင် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ ဩဂုတ် ၁၀ ရက် (ဆင်ဟွာ)
မကြာမီရက်ပိုင်းများတွင် ပြင်သစ်သမ္မတ မက်ခရွန်သည် အရှေ့အလယ်ပိုင်းဒေသ အခြေအနေနှင့်ပတ်သက်၍ အီဂျစ်၊ ကာတာ၊ ဗြိတိန် စသည့် နိုင်ငံခေါင်းဆောင်များနှင့် ဖုန်းဖြင့်ဆက်သွယ်ပြီး ဂါဇာကမ်းမြောင် ချက်ချင်း အပစ်ခတ်ရပ်ရေး တိုက်တွန်းဆွေးနွေးခဲ့ကြောင်း ပြင်သစ်သမ္မတရုံးက ဩဂုတ် ၉ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။

အခြေအနေတင်းမာမှုများကို ရင်ဆိုင်ရာတွင် ဂါဇာကမ်းမြောင်ဒေသ၌ ချက်ချင်း အပစ်ရပ်ရန်၊ ထိန်းသိမ်းထားသူအားလုံးကို ပြန်လွှတ်ရန်၊ ဂါဇာပြည်သူများကို လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရန် လိုအပ်ကြောင်း မက်ခရွန်က အီဂျစ် သမ္မတ Abdel Fattah El-Sisi၊ ကာတာ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mohammed bin Abdulrahman bin Jassim Al Thani တို့နှင့် ဖုန်းဖြင့်ဆက်သွယ်စဉ် ပြောကြားခဲ့သည်။

သုံးနိုင်ငံ ခေါင်းဆောင်များက ဒေသတွင်း တင်းမာမှုအရှိန်အဟုန်မြင့်တက်လာမှုအပေါ် အထူးစိုးရိမ်ကြောင်း၊ သက်ဆိုင်သူများအားလုံး လက်တုံ့ပြန်မှုများကို ရပ်တန့်ပြီး ဒေသတွင်းကပ်ဘေးဆိုးကြီးကျရောက်မှုကို ကာကွယ်တားဆီးရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။
“နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” ပေါ်တွင် ဆက်လက် အခြေခံပြီး ရေရှည်၊ ယုံကြည်စိတ်ချရသည့် အကျပ်အတည်းဖြေရှင်းရေးနည်းလမ်းကို ရှာဖွေကြရန် သုံးနိုင်ငံခေါင်းဆောင်များက သဘောတူညီခဲ့ကြသည်။

ဂါဇာအပစ်ရပ်ရေးသည် ဒေသခံအရပ်သားများကို ကာကွယ်ခြင်း၊ လူသားချင်းစာနာမှုအကူအညီပံ့ပိုးခြင်းနှင့် အခြေအနေ ပြေလျော့ရေးအတွက် လိုအပ်သည့်အချက် ဖြစ်ကြောင်း မက်ခရွန်က ဗြိတိန်ဝန်ကြီးချုပ် Keir Starmer နှင့် ဖုန်းဖြင့် ဆက်သွယ်စဉ် ပြောကြားခဲ့သည်ဟု ပြင်သစ်သမ္မတရုံး၏ အခြားကြေညာချက်တစ်စောင်အရ သိရသည်။

ဘက်ပေါင်းစုံ၏ ကြားဝင်ညှိနှိုင်းမှုအောက်တွင် အစ္စရေးက ယခုလ ၁၅ ရက်၌ ဂါဇာအပစ်ရပ်ရေးနှင့် ထိန်းသိမ်းခံထားရသူများ လွှတ်ပေးရေး ဆွေးနွေးမှုများ ပြန်လည်ပြုလုပ်သွားရန် သဘောတူကြောင်း အစ္စရေး ဝန်ကြီးချုပ်ရုံးက ဩဂုတ် ၉ ရက် နံနက်ပိုင်းတွင် ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့သည်။ (Xinhua)
…………………………..
(Chinese Version)
马克龙同埃及、卡塔尔、英国领导人通话呼吁加沙地带立即停火
新华社巴黎8月10日电(记者唐霁 罗毓)据法国总统府9日发布的新闻公报,总统马克龙近日就中东局势分别同埃及、卡塔尔、英国领导人通电话,呼吁立即在加沙地带实现停火。
马克龙在同埃及总统塞西、卡塔尔首相兼外交大臣穆罕默德通电话时说,面对紧张局势,需要立即在加沙地带实现停火,释放所有在押人员,向加沙地带民众提供人道主义援助。三国领导人对地区紧张局势升级表示高度关注,呼吁所有相关方停止报复,阻止地区陷入灾难。三国领导人同意继续推动在“两国方案”基础上,寻找持久、可靠的危机解决方案。
据法国总统府另一份公报,马克龙在同英国首相斯塔默通话时表示,加沙地带停火是保护当地平民、提供人道援助以及缓和局势的必要条件。
以色列总理办公室9日凌晨发表声明说,在多方斡旋下,以色列同意本月15日恢复加沙地带停火和释放被扣押人员谈判。(完)
1. 7月7日,在法国勒图凯,法国总统马克龙在投票后与民众交流。新华社发(弗兰克·博阿姆摄)