Connect with us

China

လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု ဘက်စုံ အစိမ်းရောင်အသွင်ကူးပြောင်းခြင်း အရှိန်အဟုန်မြှင့်တင်ရေး ပထမအကြိမ် စနစ်တကျစီမံမှုဆိုင်ရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတော်ကောင်စီ၏ သဘောထားအား ပုံနှိပ်ထုတ်ဝေ

ပေကျင်း၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတော်ကောင်စီမှ ပုံနှိပ်ထုတ်ဝေသည့် 《လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု ဘက်စုံ အစိမ်းရောင်အသွင်ကူးပြောင်းခြင်း အရှိန်အဟုန်မြှင့်တင်ရေးဆိုင်ရာ သဘောထားအမြင်》ကို ဩဂုတ် ၁၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ၎င်းမှာ ဗဟိုအဆင့်မှ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု ဘက်စုံ အစိမ်းရောင်အသွင်ကူးပြောင်းခြင်း အရှိန်အဟုန်မြှင့်တင်ရေးဆိုင်ရာ ပထမဆုံးအကြိမ် စနစ်တကျ စီမံခြင်း သဘောထားအမြင် ဖြစ်သည်။

အဆိုပါသဘောထားအမြင်တွင် ရည်မှန်းချက်များ အဆိုပြုခဲ့ရာ ၂၀၃၀ ပြည့်နှစ်တွင် စွမ်းအင်ချွေတာရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်း ပမာဏမှာ ယွမ် ၁၅ ထရီလီယံခန့်အထိလည်းကောင်း၊ ရုပ်ကြွင်းလောင်စာမဟုတ်သော စွမ်းအင်သုံးစွဲမှု ပါဝင်သည့်ပမာဏကို ၂၅ ရာခိုင်နှုန်းခန့်အထိ မြှင့်တင်၍လည်းကောင်း၊ သယ်ယူပို့ဆောင်ရေးဌာနက တွက်ချက်သည့် သယ်ယူပို့ဆောင်ရေးယာဉ်လည်ပတ်မှုပမာဏ ကာဗွန်ထုတ်လွှတ်မှုအတိုင်းအတာမှာ ၂၀၂၀ ပြည့်နှစ်ကထက် ၉.၅ ရာခိုင်နှုန်းခန့် လျှော့ချ၍သော်လည်းကောင်း၊ အစိုင်အခဲစွန့်ပစ်အမှိုက်ပစ္စည်း၏ နှစ်စဉ်အသုံးချမှုပမာဏသည် တန်ချိန် ၄.၅ ဘီလီယံခန့်အထိလည်းကောင်း စသဖြင့် ရည်မှန်းထားသည်။

အဆိုပါသဘောထားအမြင်၌ အစိမ်းရောင်ကာဗွန်လျော့နည်းသည့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး အလားအလာ တည်ဆောက်ရန်၊ စက်မှုလုပ်ငန်းဖွဲ့စည်းပုံ အစိမ်းရောင်ကာဗွန်လျော့နည်း အသွင်ပြောင်းမှုကို အရှိန်အဟုန်မြှင့်တင်ရန်၊ စွမ်းအင်ကဏ္ဍ အစိမ်းရောင် ကာဗွန်လျော့နည်းအသွင်ပြောင်းမှုကို တည်ငြိမ်သင့်လျော်မှုရှိစွာ တွန်းအားပေးဆောင်ရွက်ရန်၊ ကျေးလက်မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး အစိမ်းရောင်အသွင်ပြောင်းမှုကို တွန်းအားပေးရန် စသည့် ကဏ္ဍကြီး ၅ ရပ်နှင့်တကွ ဘက်စုံချွေတာရေးမဟာဗျူဟာ ဖော်ဆောင်ရန်၊ စားသုံးမှုပုံစံ အစိမ်းရောင်အသွင်ပြောင်းရေး တွန်းအားပေးရန်၊ သိပ္ပံနည်းပညာဖန်တီးမှု ပံ့ပိုးရေးအခန်းကဏ္ဍမှ ပါဝင်ရန် စသည့် ကွင်းဆက် ၃ ခုကို အဓိကထား၍ အရင်းအမြစ်ချွေတာမှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုရှိသည့် အခင်းအကျင်း၊ စက်မှုလုပ်ငန်းဖွဲ့စည်းပုံ၊ ကုန်ထုတ်လုပ်မှုပုံ၊ နေထိုင်မှုပုံစံ လျင်မြန်စွာ ဖြစ်တည်ရေး အစီအမံများ ပါဝင်ပေသည်။ (Xinhua)
……………………………
(Chinese Version)
新华社权威快报|中共中央、国务院印发意见 首次系统部署加快经济社会发展全面绿色转型
中共中央、国务院印发的《关于加快经济社会发展全面绿色转型的意见》8月11日发布,这是中央层面首次对加快经济社会发展全面绿色转型进行系统部署。
意见提出系列目标:到2030年,节能环保产业规模达到15万亿元左右;非化石能源消费比重提高到25%左右;营运交通工具单位换算周转量碳排放强度比2020年下降9.5%左右;大宗固体废弃物年利用量达到45亿吨左右等。
意见围绕构建绿色低碳高质量发展空间格局、加快产业结构绿色低碳转型、稳妥推进能源绿色低碳转型、推进交通运输绿色转型、推进城乡建设发展绿色转型等5大领域,以及实施全面节约战略、推动消费模式绿色转型、发挥科技创新支撑作用等3大环节,部署加快形成节约资源和保护环境的空间格局、产业结构、生产方式、生活方式。
记者:严赋憬、张晓洁
设计:潘一景
新华社国内部出品