Connect with us

မြန်မာ-中文

တရုတ်နိုင်ငံကို ကျူးကျော်သည့် ဂျပန်စစ်တပ် ပြုလုပ်ခဲ့သော ဇီဝစစ်ပွဲ ပြစ်မှုများအား “အမှတ် ၇၃၁ တပ်ဖွဲ့” ၏အမှုထမ်းဟောင်း Hideo Shimizu ထုတ်ဖော်အတည်ပြု

တရုတ်နိုင်ငံကို ကျူးကျော်သည့် ဂျပန်စစ်တပ် အမှတ် ခုနစ်သုံးတစ်တပ်ဖွဲ့၏ (“အမှတ် ၇၃၁ တပ်ဖွဲ့”ဟုအတိုကောက်ခေါ်ဆို) "လူငယ်တပ်ဖွဲ့" အမှုထမ်းဟောင်း Hideo Shimizu တရုတ်နိုင်ငံ ဟာအယ်ပင်းမြို့သို့ ဩဂုတ် ၁၂ ရက် ညနေပိုင်းက လေယာဉ်စီးပြီး ရောက်ရှိခဲ့စဉ် (ဆင်ဟွာ)

ဟာအယ်ပင်း၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)

ဩဂုတ် ၁၃ ရက် နံနက် ၈ နာရီ ၄၀ မိနစ်ခန့်တွင် အသက် ၉၄ နှစ်အရွယ်ရှိသော Hideo Shimizu သည် ၇၉ နှစ်ကြာပြီးနောက် တရုတ်နိုင်ငံ ဟာအယ်ပင်းမြို့သို့ ပြန်လည်ရောက်ရှိလာပြီး ယခင် ၎င်းစစ်မှုထမ်းခဲ့သော “အမှတ် ၇၃၁ တပ်ဖွဲ့” နေရာဟောင်းတွင် တရုတ်နိုင်ငံကို ကျူးကျော်သည့် ဂျပန်စစ်တပ်၏ ပြစ်မှုများကို ထုတ်ဖော်အတည်ပြုခဲ့သည်။
တရုတ်နိုင်ငံကို ကျူးကျော်သည့် ဂျပန်စစ်တပ် “အမှတ် ၇၃၁ တပ်ဖွဲ့” သည် လျှို့ဝှက်တပ်ဖွဲ့တစ်ခုဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်း ဇီဝစစ်ပွဲကို စီစဉ်ခြင်း၊ စုစည်းစီမံခြင်းနှင့် အကောင်အထည်ဖော်ခြင်း ပြုလုပ်ခဲ့သော အခြေစိုက်ဌာနချုပ်ဖြစ်သည်။ ၁၉၄၅ ခုနှစ် မတ်လတွင် Hideo Shimizu သည် လူငယ်စစ်သားအဖြစ် စစ်မှုထမ်းခဲ့ပြီး ဩဂုတ် ၁၄ ရက်တွင် ၎င်းသည် စစ်ရှုံးသွားသောတပ်များနှင့်အတူ ဂျပန်နိုင်ငံသို့ ပြန်သွားခဲ့သည်။
အစီအစဉ်အရ Shimizu Hideo သည် “အမှတ် ၇၃၁ တပ်ဖွဲ့” ဌာနချုပ်အဆောက်အဦနေရာဟောင်းရှိ တပ်ဖွဲ့မှူး၏ရုံးခန်း၊ နမူနာပြခန်းနှင့် နှင်းကိုက်နာဓာတ်ခွဲခန်းနေရာဟောင်း စသည့်နေရာများသို့ ရောက်ရှိလာပြီး တရုတ်နိုင်ငံကို ကျူးကျော်သည့် ဂျပန်စစ်တပ်၏ ဇီဝစစ်ပွဲ ပြစ်မှုများကို ထုတ်ဖော်အတည်ပြုခဲ့သည်။

ယင်းအချိန်တုန်းက “အမှတ် ၇၃၁ တပ်ဖွဲ့” ဌာနချုပ်ရှိ နမူနာပြခန်းတွင် ဖော်မလင်ပါဝင်သည့် ပုလင်းများတွင် ခွဲခြမ်းစိတ်ဖြာထားသော လူ့ခန္ဓာကိုယ်အစိတ်အပိုင်းအမျိုးမျိုးအား စိမ်ထားသည်ကို တွေ့ခဲ့ရပြီး အမိန့်အရ ဓာတ်ခွဲစမ်းသပ်ခံရသော သုံ့ပန်းများ၏ အရိုးများကို ကောက်ပေးခဲ့ရကြောင်း Hideo Shimizu က ပြန်ပြောပြသည်။
“အခက်အခဲများစွာကို ဖြတ်ကျော်ပြီး တရုတ်နိုင်ငံကို တစ်ဖန်ပြန်ရောက်လာရခြင်းက ဂျပန်အာဏာပိုင်အနေနဲ့ သမိုင်းကို ရင်ဆိုင်ဖို့၊ ငြိမ်းချမ်းရေးကို ကာကွယ်ပြီး စစ်ပွဲရဲ့အမှားတွေကို ထပ်ခါတလဲလဲ မလုပ်ကြဖို့ မျှော်လင့်ပါတယ်” ဟု Shimizu Hideo က ပြောကြားခဲ့သည်။ (Xinhua)


……………………………………………………..
(Chinese Version)
“731部队”原队员清水英男指认侵华日军细菌战罪行
新华社哈尔滨8月13日电(记者杨思琪、杨轩)13日8时40分许,94岁高龄的清水英男时隔79年后重返哈尔滨,在他曾服役的第七三一部队旧址指认侵华日军罪行。
侵华日军“731部队”是一支秘密部队,是二战期间日本策划、组织和实施细菌战的大本营。1945年3月,清水英男作为少年兵应征入伍,8月14日,他随战败部队逃离回国。
按照计划,清水英男来到“731部队”本部大楼旧址的部队长办公室、标本陈列室,以及冻伤实验室旧址等指认侵华日军细菌战的罪行。
清水英男回忆,当年在“731部队”总部的标本室里,他曾看见各种各样被解剖的人体器官浸泡在装有福尔马林的瓶子里,还奉命捡过被当做实验对象的俘虏尸骨。
“突破重重困难,再次回到中国,是希望日本当局正视历史、守护和平,不重蹈战争的覆辙。”清水英男说。(完)
图说:8月12日晚,侵华日军第七三一部队(简称“731部队”)“少年队”原队员清水英男,乘机抵达哈尔滨。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.