China
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် မြန်မာနိုင်ငံသို့ အလည်အပတ်ခရီး လာရောက်မည်ဖြစ်ပြီး (၉) ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် သဘာပတိအဖြစ်ဆောင်ရွက်ရန်နှင့် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောတွေ့ဆုံပွဲကို တက်ရောက်ရန် ထိုင်းနိုင်ငံသို့ သွားရောက်မည်

ပေကျင်း၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် သြဂုတ် ၁၄ ရက်မှ ၁၇ ရက်အထိ မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ပြီး (၉) ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် သဘာပတိအဖြစ်ဆောင်ရွက်ရန်နှင့် တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်း နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ရန် ထိုင်းနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က ဩဂုတ် ၁၃ ရက်တွင် ကြေညာခဲ့သည်။ (Xinhua)
………………………………………………..
(Chinese Version)
王毅将访问缅甸并赴泰国主持澜湄合作第九次外长会、出席中老缅泰外长非正式会晤
新华社北京8月13日电 外交部发言人林剑13日宣布:中共中央政治局委员、外交部长王毅将于8月14日至17日访问缅甸并赴泰国主持澜沧江—湄公河合作第九次外长会、出席中老缅泰外长非正式会晤。(完)
图说:2024年3月7日,中共中央政治局委员、外交部长王毅就中国外交政策和对外关系相关问题回答中外记者提问。