Connect with us

Asia

လိင်ကျွန်ပြုခံခဲ့ရသည့် ဖိလစ်ပိုင် အမျိုးသမီးများ၏ မိသားစုဝင်များက ဂျပန်နိုင်ငံကို တောင်းပန်ရန်နှင့် လျော်ကြေးပေးရန် တောင်းဆို ဆန္ဒပြ

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ဆန္ဒပြနေသူများကို ဩဂုတ် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ “လိင်ကျွန်ပြုခံခဲ့ရသည့် အမျိုးသမီးများ” မိသားစုဝင်များက မြို့တော် မနီလာ လမ်းမပေါ်တွင် ဩဂုတ် ၁၄ ရက်က ဆန္ဒပြခဲ့ကြပြီး ဂျပန်နိုင်ငံအား တရားဝင်တောင်းပန်ပြီး လျော်ကြေးပေးရန် တောင်းဆိုခဲ့သည်။
၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ဖိလစ်ပိုင်နိုင်ငံကို ဂျပန်က ကျူးကျော်သိမ်းပိုက်စဉ်အတွင်း ဒေသခံ အမျိုးသမီး ၁,၀၀၀ ခန့်သည် “လိင်ကျွန် အမျိုးသမီးများ” အဖြစ် အတင်းအကြပ် ခေါ်ယူစုဆောင်းခြင်းခံခဲ့ရသည်။ ယနေ့အခါ နစ်နာသူ အများအပြားမှာ အသက်ရှင်ကျန်ရစ်ခြင်း မရှိကြတော့ကြောင်း၊ ၎င်းတို့ကွယ်လွန်သည်အထိ ဂျပန်အစိုးရထံမှ တရားဝင် တောင်းပန်မှုနှင့် လျော်ကြေး ရရှိနိုင်မည်မဟုတ်ကြောင်း ပြောကြားချက်များအရ သိရသည်။ (Xinhua)


……………………………………………………
(Chinese Version)
菲律宾“慰安妇”受害者家属游行示威敦促日本道歉赔偿
马尼拉,2024年8月14日
菲律宾“慰安妇”受害者家属14日在首都马尼拉街头游行示威,敦促日本正式道歉、作出赔偿。据介绍,1942年至1945年日军侵占菲律宾期间,强征约1000名当地妇女充当“慰安妇”。如今仍在世的受害者已不多,她们直到离世可能都等不到日本政府的正式道歉和赔偿。
图说:8月14日,在菲律宾马尼拉,群众参加游行。新华社发(乌马利摄)