China
လီချန်က ရုရှားနိုင်ငံသို့ သွားရောက်၍ ၂၉ ကြိမ်မြောက် တရုတ်-ရုရှား ဝန်ကြီးချုပ်များ ပုံမှန် တွေ့ဆုံဆွေးနွေးပွဲတွင် သဘာပတိအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး ရုရှားနှင့် ဘီလာရုဇ်သို့ အလည်အပတ်ခရီးစဉ် သွားရောက်မည်

ပေကျင်း၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံ ဝန်ကြီးချုပ် Mikhail Mishustin နှင့် ဘီလာရုဇ်နိုင်ငံ ဝန်ကြီးချုပ် Roman Golovchenko တို့၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် သြဂုတ် ၂၀ ရက်မှ ၂၃ ရက်အထိ ရုရှားနိုင်ငံသို့ သွားရောက်၍ ၂၉ ကြိမ်မြောက် တရုတ်-ရုရှား ဝန်ကြီးချုပ်များ ပုံမှန် တွေ့ဆုံဆွေးနွေးပွဲတွင် သဘာပတိအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး ရုရှားနှင့် ဘီလာရုဇ်သို့ အလည်အပတ်ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က သြဂုတ် ၁၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)
………………………………….
(Chinese Version)
李强将赴俄罗斯主持中俄总理第二十九次定期会晤并访问俄罗斯、白俄罗斯
新华社北京8月19日电 外交部发言人毛宁19日宣布:应俄罗斯总理米舒斯京、白俄罗斯总理戈洛夫琴科邀请,国务院总理李强将于8月20日至23日赴俄罗斯主持中俄总理第二十九次定期会晤并访问俄罗斯、白俄罗斯。(完)