Connect with us

Africa & Middle East

တရုတ် ကုမ္ပဏီလုပ်ငန်းမှ တာဝန်ယူတည်ဆောက်ပေးသော မိုဇမ်ဘစ်နိုင်ငံ မြောက်ပိုင်း မြူနီစီပယ် ရေဖြန့်ဖြူးပေးဝေရေး စီမံကိန်းစတင် အသုံးပြု

မိုဇမ်ဘစ်နိုင်ငံ မြောက်ပိုင်း Pemba မြို့ ရေဖြန့်ဖြူးပေးဝေရေးနှင့် ပိုက်လိုင်းကွန်ရက် စီမံကိန်း တရားဝင် စတင် အသုံးပြုခြင်းအခမ်းအနားသို့ မိုဇမ်ဘစ်နိုင်ငံ သမ္မတ Filipe Nyusi တက်ရောက်နေသည်ကို ၂၀၂၄ ခုနှစ် ဩဂုတ် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကန်ပါလာ၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)
မိုဇမ်ဘစ်နိုင်ငံ မြောက်ပိုင်း Cabo Delgado ပြည်နယ် မြို့တော် Pemba တွင် PowerChina မှ တာဝန်ယူတည်ဆောက်ပေးသည့် ရေဖြန့်ဖြူးပေးဝေရေးနှင့် ပိုက်လိုင်းကွန်ရက် စီမံကိန်းကို ဩဂုတ် ၁၉ ရက်က တရားဝင် စတင် အသုံးပြုခဲ့ရာ မိုဇမ်ဘစ်နိုင်ငံ သမ္မတ Filipe Nyusi က အခမ်းအနားသို့ တက်ရောက်၍ ရေစက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။

အခမ်းအနား အမှာစကား ပြောကြားရာတွင် Filipe Nyusi က Pemba မြို့ ရေဖြန့်ဖြူးပေးဝေရေးနှင့် ပိုက်လိုင်းကွန်ရက် စီမံကိန်းလုပ်ငန်းများ ပြီးမြောက်သွားခြင်းသည် မိုဇမ်ဘစ်နိုင်ငံ မြောက်ပိုင်းစင်္ကြံ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန် အရေးကြီးကြောင်း၊ ယခုနှစ်များတွင် မိုဇမ်ဘစ်နိုင်ငံ၏ လူဦးရေ အဆက်မပြတ် တိုးပွားလာရာ အစိုးရအနေဖြင့် အများပြည်သူ အခြေခံအဆောက်အဦ တည်ဆောက်ရေးများကို ဆက်လက်အားထားဆောင်ရွက်နေရကြောင်း၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့်ကိုက်ညီရန်၊ ပြည်သူ့ဘဝနေထိုင်မှု လိုအပ်ချက်များကို ဖြည့်ဆည်းရန် ရေလှောင်ကန်၊ ဆည်နှင့် ရေပေးဝေရေး စနစ်များ တည်ဆောက်ခြင်းနှင် ပြုပြင်ခြင်း အားပေးဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
Pemba မြို့ ရေဖြန့်ဖြူးပေးဝေရေးနှင့် ပိုက်လိုင်းကွန်ရက် စီမံကိန်း တည်ဆောက်မှုတွင် ၁၆၄ ကီလိုမီတာရှိ ပိုက်လိုင်းကွန်ရက် တိုးချဲ့တည်ဆောက်ခြင်း၊ ၂,၀၀၀ ကုဗမီတာရှိ ရေလှောင်ကန်သစ် ၃ ခု၊ ၂၅၀ ကုဗမီတာရှိ ရေစင်မြင့် ၁ ခု၊ ရေစက်စခန်းသစ် တစ်ခုနှင့် လက်ရှိ ရေမျှော်စင်၊ ရေကန်များ ပြင်ဆင်တည်ဆောက်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။ အဆိုပါစီမံကိန်း အသုံးပြုပြီးနောက်ပိုင်း Pemba မြို့၏ ရေပေးဝေရေးမှာ များစွာ ထိရောက်မှုရှိလာမည် ဖြစ်ပြီး ဒေသခံများအတွက် ဖွံ့ဖြိုးတိုးတက်ရေး စွမ်းအားအသစ်များကို ဆောင်ကြဉ်းပေးလာမည် ဖြစ်ပေသည်။ (Xinhua)


……………………
(Chinese Version)
中企承建的莫桑比克北部市政供水项目正式启用
新华社坎帕拉8月21日电(记者聂祖国)马普托消息:中国电建在莫桑比克北部德尔加杜角省省会彭巴市承建的配水中心和管网项目19日正式启用,莫桑比克总统纽西出席仪式并按下水泵启动按钮。