Connect with us

China

မြန်မာ့အရေး နိုင်ငံရေးအရ ဖြေရှင်းရာတွင် ကုလသမဂ္ဂ၏ အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်မှုအား တရုတ်နိုင်ငံက ထောက်ခံကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား 

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်အား ၂၀၂၄ ခုနှစ် ဩဂုတ် ၂၂ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ- တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ဖိတ်ကြားချက်အရ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာ့ရေးရာ အထူးကိုယ်စားလှယ် Julie Bishop သည် ဩဂုတ် ၂၀ ရက်မှ ၂၁ ရက်အထိ တရုတ်နိုင်ငံသို့ အလည်အပတ် ခရီးစဉ် လာရောက်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဩဂုတ် ၂၂ ရက် ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မြန်မာ့အရေး နိုင်ငံရေးအရ ဖြေရှင်းရာတွင် ကုလသမဂ္ဂ၏အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်မှုကို တရုတ်နိုင်ငံက ထောက်ခံပါကြောင်း၊ အထူးကိုယ်စားလှယ်အနေဖြင့် ဓမ္မဓိဋ္ဌာန်ကျမှု၊ တရားမျှတမှုရှိသော ရပ်တည်ချက်ကို လက်ကိုင်ထားမည်၊ ဘက်ပေါင်းစုံ၏ဆက်ဆံရေးကို ဟန်ချက်ညီစွာ စီမံဆောင်ရွက်မည်၊ မြန်မာနိုင်ငံပြည်သူများ၏ ရေရှည်အကျိုးစီးပွားကို ထောက်ရှု၍ ကွဲလွဲမှုများကို ပေါင်းကူးပေးမည့် ထိရောက်သောလမ်းကြောင်းကို ရှာတွေ့စေရန် မြန်မာနိုင်ငံအား ကူညီမည်ဟု မျှော်လင့်ပါကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

……………………………

(Chinese Version)

外交部:中方支持联合国在政治解决缅甸问题上发挥建设性作用

外交部发言人毛宁8月22日在例行记者会上介绍,应中方邀请,联合国秘书长缅甸问题特使毕晓普于8月20日至21日访华。中方支持联合国在政治解决缅甸问题上发挥建设性作用,希望特使秉持客观公正立场,平衡处理各方关系,从缅甸人民长远利益出发,协助缅方找到弥合分歧的有效途径。