Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမာ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ရဲဘော် တိန့်ရှောင်ဖိန် နှစ် ၁၂၀ ပြည့် မွေးနေ့အထိမ်းအမှတ် ဆွေးနွေးပွဲတွင် အရေးကြီးမိန့်ခွန်းပြောကြားနေသည်ကို ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ ၂၀၂၄ ခုနှစ် ဩဂုတ် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဖိတ်ကြားချက်အရ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမာနှင့် ဩဂုတ် ၂၃ ရက် ညနေပိုင်းက ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။

ထိုသို့ ဆက်သွယ်ဆွေးနွေးရာတွင် ရှီကျင့်ဖိန်က ကီယာစတားမာ ဗြိတိန်ဝန်ကြီးချုပ်တာဝန်ယူခြင်းအပေါ် ဂုဏ်ပြုစကား ပြောကြားခဲ့သည်။
ရှီကျင့်ဖိန်က လက်ရှိ နိုင်ငံတကာ အခြေအနေ ပြောင်းလဲရှုပ်ထွေးနေကြောင်း၊ တရုတ်နိုင်ငံနှင့် ဗြိတိန်နိုင်ငံသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံနှင့် ကမ္ဘာ့ အဓိက စီးပွားရေးအသိုက်အဝန်းများ ဖြစ်ကြရာ ရေရှည်မဟာဗျူဟာအမြင်ဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးကို ရှုမြင်သင့်ကြောင်း၊ တည်ငြိမ်ပြီး အပြန်အလှန် အကျိုးရှိစေသည့် တရုတ်-ဗြိတိန်ဆက်ဆံရေးဖြင့် နှစ်နိုင်ငံနှင့် ကမ္ဘာအတွက် အကျိုးရှိစေရန် ညှိနှိုင်းဆွေးနွေး ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရေးကို ဘက်စုံတွန်းအားပေးခြင်းဖြင့် အင်အားကြီးနိုင်ငံတည်ဆောက်ရေး၊ အမျိုးသားပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးကို အားထားဆောင်ရွက်သွားမည် ဖြစ်သလို ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်ကို ခိုင်မာစွာ လျှောက်လှမ်းမည် ဖြစ်ရာ ဗြိတိန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံအပေါ် ဓမ္မဓိဋ္ဌာန်ကျကျ ရှုမြင်စေလိုကြောင်း၊ ၂၀ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးသည် ပြုပြင်ပြောင်းလဲမှုများကို ဘက်စုံ တစ်ဆင့်တိုး နက်နက်ရှိုင်းရှိုင်း ဖော်ဆောင်ရန်၊ တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရန် မဟာဗျူဟာ ခင်းကျင်းမှုများ ပြုလုပ်ခဲ့ပါကြောင်း၊ တရုတ်နိုင်ငံသည် ကုန်ထုတ်စွမ်းအားသစ်ဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှုလုပ်ငန်း အသွင် သစ်ပြောင်းရေးကို အရှိန်မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ၎င်းမှာ ဗြိတိန်အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးအတွက် ပိုမို များပြားသော အခွင့်အလမ်းသစ်များ ပံ့ပိုးသွားမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ဗြိတိန်နိုင်ငံနှင့်အတူ အပြန်အလှန် လေးစားမှုကို အခြေခံကာ တန်းတူညီမျှ တွေ့ဆုံဆွေးနွေးသွားလိုကြောင်း၊ အပြန်အလှန်အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးရှိမှုကို တရုတ်-ဗြိတိန် ဆက်ဆံရေး၏ ပင်မအခြေခံဖြစ်စေရန် အပြန်အလှန် နားလည်မှုနှင့် ယုံကြည်မှုကို တိုးမြှင့်ခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ချိတ်ဆက်မှုကို မြှင့်တင်ခြင်း၊ ဘဏ္ဍာရေး၊ အစိမ်းရောင်စီးပွားရေး၊ ဉာဏ်ရည်တု စသည့် ကဏ္ဍပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ခြင်း၊ လူမှုယဉ်ကျေးမှုဖလှယ်ရေးကို နက်နက်ရှိုင်းရှိုင်း ဆောင်ရွက်ခြင်းများ ပြုလုပ်သွားလိုကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

ကီယာစတားမာက ပဲရစ် အိုလံပစ်တွင် တရုတ်အားကစားကိုယ်စားလှယ်အဖွဲ့ ထူးချွန်သည့်ရလဒ်များ ဆွတ်ခူးနိုင်သည့်အပေါ် ဂုဏ်ပြုစကားပြောကြားခဲ့သည်။
ပိုမို နီးကပ်သည့် ဗြိတိန်-တရုတ် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းသည် နှစ်ဖက် ရေရှည်အကျိုးစီးပွားနှင့်ကိုက်ညီမှုရှိကြောင်း၊ ကုန်သွယ်စီးပွား၊ ဘဏ္ဍာရေး၊ ပညာရေး၊ သန့်စင်စွမ်းအင်၊ ဆေးဝါးနှင့်ကျန်းမာရေး စသည့်ကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက်မှုများကို နှစ်နိုင်ငံအတူ မြှင့်တင်ခြင်းသည် ကိုယ်စီဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးခြင်း၊ ဥတုရာသီပြောင်းလဲမှုကို အတူကိုင်တွယ် ဖြေရှင်းရေး စသည့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် အကျိုးဖြစ်ထွန်းစေကြောင်း၊ ဗြိတိန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ အလွှာအသီးသီး၊ ကဏ္ဍအသီးသီး ညှိနှိုင်းဆွေးနွေးမှုများကို တိုးမြှင့်ဆောင်ရွက်သွားလိုကြောင်း၊ နှစ်နိုင်ငံ လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုနှင့် ယန္တရားစနစ်ဖလှယ်မှုတွင် အားတက်ဖွယ်ရလဒ်များ ရရှိစေရန် တွန်းအားပေးဆောင်ရွက်သွားမည် ဖြစ်သလို အပြန်အလှန်လေးစားမှု စိတ်ဓာတ်ကို အခြေခံ၍ ရေရှည်၊ တည်ငြိမ်ပြီး မဟာဗျူဟာအနက်အဓိပ္ပါယ်ရှိသည့် ဗြိတိန်-တရုတ် ဆက်ဆံရေးကို တိုးတက်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဗြိတိန်နိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ နိုင်ငံတကာနှင့် ဒေသရေးရာ အရေးကြီးကိစ္စရပ်များတွင် ဆွေးနွေးညှိနှိုင်းမှုများထားရှိကာ ကမ္ဘာ့လုံခြုံရေးနှင့်တည်ငြိမ်ရေးကို ထိန်းသိမ်းရေးအတွက် အကျိုးဆောင်သွားလိုကြောင်း ၊ ဗြိတိန်နိုင်ငံ၏ ရေရှည်ခိုင်မာစွာ ထားရှိသည့် တရုတ်တစ်နိုင်ငံတည်း မူဝါဒ ရပ်တည်ချက်မှာ ပြောင်းလဲမည်မဟုတ်ဟု မိမိအနေဖြင့် ထပ်လောင်းပြောကြားလိုကြောင်း ကီယာစတားမာက ပြောကြားခဲ့သည်။

ရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် ဗြိတိန်နိုင်ငံ၏ ဆွေးနွေးညှိနှိုင်းမှုများ မြှင့်တင်လိုသည့် ဆန္ဒအား အထူးအလေးထားကြောင်း၊ ဗြိတိန်နှင့်အတူ အလွှာအသီးသီးဖလှယ်ရေးကို ထိန်းသိမ်းကာ တရုတ်-ဗြိတိန် ဆက်ဆံရေး တည်ငြိမ်စွာ ရေရှည်တိုးတက်နိုင်ရန် တွန်းအားပေးပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန် အတူကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
…………………………..
(Chinese Version)
习近平同英国首相斯塔默通电话
新华社北京8月23日电 8月23日下午,国家主席习近平应约同英国首相斯塔默通电话。
习近平祝贺斯塔默就任英国首相。习近平指出,当前,国际形势变乱交织,中英同为联合国安理会常任理事国和世界主要经济体,应该以长远和战略眼光看待两国关系,秉持伙伴定位,加强对话合作,以稳定互惠的中英关系造福两国和世界。中国致力于以中国式现代化全面推进强国建设、民族复兴,坚持走和平发展道路,希望英方客观理性看待中国。中国共产党二十届三中全会就进一步全面深化改革、推进中国式现代化作出战略部署。中国将加快发展新质生产力,推动新型工业化,这将为包括英国在内的世界各国提供更多新机遇。中方愿同英方在相互尊重基础上开展平等对话,增进了解互信,加强发展战略对接,拓展金融、绿色经济、人工智能等领域合作,深化人文交流,让互利共赢成为中英关系的主基调。
斯塔默祝贺中国体育代表团在巴黎奥运会取得优异成绩,表示发展更加紧密的英中合作关系符合双方长远利益,两国加强经贸、金融、教育、清洁能源、医药卫生等领域合作,有利于促进各自发展,共同应对气候变化等全球性挑战。英方希望同中国加强各层级、各领域接触对话,推动两国务实合作和机制性交流取得积极成果,本着相互尊重的精神发展长期、稳定、具有战略意义的英中关系。英方愿同中方就重大国际和地区问题保持沟通,为维护世界安全与稳定作出贡献。我愿重申,英方长期坚持一个中国政策立场没有改变。
习近平指出,中方高度重视英方关于加强接触对话的愿望,愿同英方保持各层级交往,推动中英关系行稳致远,共同努力促进世界和平与发展。