Connect with us

North America

မက္ကဆီကိုနိုင်ငံရှိ အမေရိကန်သံရုံးနှင့် ဆက်ဆံရေး “ဆိုင်းငံ့”ထားကြောင်း မက္ကဆီကိုနိုင်ငံ သမ္မတ ပြောကြား

မက္ကဆီကိုနိုင်ငံ မြို့တော် မက္ကဆီကိုစီးတီးရှိ အမျိုးသားနန်းတော်တွင် သတင်းစာရှင်းလင်းပွဲ တက်ရောက်လာသော မက္ကဆီကိုနိုင်ငံ သမ္မတ Lopez Obrador ကို ၂၀၂၂ ခုနှစ် ဇွန်လ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မက္ကဆီကိုစီးတီး၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Salazar ၏ မကြာသေးမီရက်ပိုင်းက မက္ကဆီကို တရားစီရင်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု နှင့် စပ်လျဉ်း၍ ပြောကြားချက်များကို တုံ့ပြန်သည့်အနေဖြင့် မက္ကဆီကိုနိုင်ငံဘက်က ၎င်းတို့နိုင်ငံရှိ အမေရိကန်သံရုံးနှင့် ဆက်ဆံရေး “ဆိုင်းငံ့”လိုက်ကြောင်း မက္ကဆီကိုနိုင်ငံ သမ္မတ Andres Manuel Lopez Obrador က ဩဂုတ် ၂၇ ရက်၌ မက္ကဆီကိုစီးတီးတွင် ပြောကြားခဲ့သည်။
Salazar သည် မက္ကဆီကိုအစိုးရ တွန်းအားပေးသော တရားစီရင်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို မကြာသေးမီက ဝေဖန်ခဲ့ရာ မက္ကဆီကိုဘက်က ၎င်းတို့နိုင်ငံရှိ အမေရိကန်သံရုံးနှင့် ဆက်ဆံရေးကို “ဆိုင်းငံ့”ရန် ဆုံးဖြတ်ခဲ့ကြောင်း Lopez Obrador က အဆိုပါနေ့တွင် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ “မက္ကဆီကို အချုပ်အခြာအာဏာကို လေးစားဖို့ သူတို့ သင်ယူရမယ်၊ ဒါက အသေးအဖွဲကိစ္စ မဟုတ်ဘူး” ၊ တစ်ချိန်တည်းမှာပင် Lopez Obrador က မက္ကဆီကိုသည် အမေရိကန်အစိုးရနှင့် နှစ်နိုင်ငံဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မက္ကဆီကိုအစိုးရမှ ဖော်ဆောင်သော တရားစီရင်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ချက်များသည် “ဒီမိုကရေစီစနစ်ကို ခြိမ်းခြောက်” ပြီး “မြောက်အမေရိကစီးပွားရေး ပေါင်းစည်းမှုကို ဆုတ်ယုတ်”စေမည်ဖြစ်ကြောင်း ဩဂုတ် ၂၂ ရက် သတင်းစာရှင်းလင်းပွဲတွင် Salazar က ပြောကြားခဲ့သည်။

Salazar ၏ သက်ဆိုင်ရာ ပြောဆိုပြုမူမှုများသည် “ရိုင်းစိုင်း” ပြီး “စိတ်မကောင်းဖွယ်” ဖြစ်ကြောင်း၊ ယင်းမှာ အမေရိကန်၏ အမေရိကတိုက်တွင် ကာလရှည်ကြာ ကျင့်သုံးခဲ့သည့် “စွက်ဖက်ရေးမူဝါဒ” ကို ထင်ဟပ်စေသည်ဟု Lopez က ယင်းနှင့် ပတ်သက်၍ တုံ့ပြန်ခဲ့သည်။
မက္ကဆီကိုနိုင်ငံ ရွေးကောက်ပွဲသည် ဇွန်လ ၂ ရက်က ကျင်းပခဲ့သည်။ Morena ပါတီ ပါဝင်သော မဟာမိတ်အဖွဲ့သည် လွှတ်တော်အသစ်တွင် အမတ်နေရာအများစုရထားပြီး လွှတ်တော်အသစ်တွင် တရားစီရင်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို အတည်ပြုလုပ်ဆောင်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ဩဂုတ် ၇ ရက်တွင် Lopez က ထောက်ပြပြောဆိုခဲ့သည်။ ယခုတစ်ကြိမ် တရားစီရင်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွင် တရားသူကြီး ရွေးကောက်ပွဲနှင့် ဌာနပြင်ဆင်ဖွဲ့စည်းမှု စသည့် ပြုပြင်ပြောင်းလဲရေး အစီအမံ ၂၀ ပါ၀င်ကြောင်း မီဒီယာများက သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ ပြုပြင်ပြောင်းလဲမှုများသည် အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ရန်နှင့် တရားစီရင်ရေးစနစ် စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရာတွင် အထောက်အကူပြုမည်ဟု Lopez က ယူဆထားသော်လည်း တရားစီရင်ရေးဆိုင်ရာ လွတ်လပ်မှုကို ဆုတ်ယုတ်စေနိုင်သည်ဟု ဝေဖန်သူများက ယူဆကြသည်။ (Xinhua)
#Judicial_Reform #US_embassy #Mexico #Salazar #AndresManuelLopezObrador #အမေရိကန်သံရုံး #မက္ကဆီကို #ဆက်ဆံရေးဆိုင်းငံ့ #တရားစီရင်ရေးဆိုင်ရာပြုပြင်ပြောင်းလဲမှု
……………………
(Chinese Version)
墨西哥总统表示“暂停”与美国驻墨使馆关系
新华社墨西哥城8月27日电(记者吴昊 席玥)墨西哥总统洛佩斯27日在首都墨西哥城表示,墨方已“暂停”与美国驻墨大使馆的关系,以回应美驻墨大使萨拉萨尔日前就墨司法改革发表的言论。
洛佩斯当天在例行新闻发布会上说,萨拉萨尔日前对墨政府推动的司法改革提出批评,墨方因此决定“暂停”与美国驻墨大使馆的关系。“他们必须学会尊重墨西哥主权,这不是一件小事”。洛佩斯同时表示,墨方仍将维持与美国政府的双边关系。
萨拉萨尔22日在新闻发布会上表示,墨西哥政府推行的司法改革措施将会“威胁民主制度”“削弱北美经济一体化”。洛佩斯曾对此回应说,萨拉萨尔的相关言行“鲁莽”且“令人遗憾”,体现美国在美洲长期推行的“干涉主义政策”。
6月2日,墨西哥举行大选。7日,洛佩斯指出,国家复兴运动党所在联盟在新一届议会中占多数议席,将争取在新一届议会上批准开展司法改革。媒体报道称,这次司法改革包括法官选举与部门整合等20条改革措施。洛佩斯认为上述改革有助于打击腐败和提高司法系统效率,但批评者认为这可能会削弱司法独立。(完)
图说:2022年6月6日,在墨西哥首都墨西哥城国家宫,墨西哥总统洛佩斯出席新闻发布会。新华社发(弗朗西斯科·卡涅多摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.