Connect with us

Africa & Middle East

တရုတ်နိုင်ငံ အကူအညီဖြင့်တည်ဆောက်ထားသော မူလတန်းကျောင်းက ဘော့ဆွာနာကလေးငယ်များ ပညာရေး အဆင့်အတန်းကို မြှင့်တင်ပေး

တရုတ်နိုင်ငံ အကူအညီဖြင့် တည်ဆောက်ထားသော ဘော့ဆွာနာနိုင်ငံရှိ Mmopane မူလတန်းကျောင်းကို ဩဂုတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဘရွန်နေ၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အကူအညီဖြင့် တည်ဆောက်ထားသော ဘော့ဆွာနာနိုင်ငံရှိ Mmopane မူလတန်းကျောင်းသည် ၂၀၂၁ ခုနှစ်တွင် ကျောင်းသား စတင်လက်ခံခဲ့ပြီး ယင်းကျောင်းတည်ထောင်လိုက်ခြင်းကြောင့် ဒေသခံကလေးများ ကျောင်းတက်ရန်အခက်အခဲနှင့် ကျောင်းအခြေအနေနွမ်းပါးမှု ပြဿနာများကို ပြေလျော့စေပါသည်။ ကျောင်း၏ ကောင်းမွန်သော အထောက်အပံ့များနှင့် ကောင်းမွန်သော သင်ကြားမှုရလဒ်များက မိဘများနှင့် ကျောင်းသားများ၏ ကောင်းမွန်သော တုံ့ပြန်ချက်ကိုလည်းရရှိခဲ့သည်။

“Mmopane ရပ်ကွက်အတွက် ဒီကျောင်းလေးက အချိန်သင့်အခါသင့်ဖြစ်တယ်။ ရပ်ရွာအတွက် တကယ်ကို အထောက်အကူဖြစ်စေတယ်၊ အစပိုင်းမှာတော့ ရွာတစ်ခုလုံးကို ဝန်ဆောင်မှုပေးနေတဲ့ ကျောင်းတစ်ကျောင်းပဲ ရှိတယ်” ဟု Mmopane မူလတန်းကျောင်း ကျောင်းအုပ် Gagoitsiwe Marata က ဆင်ဟွာသတင်းဌာန သတင်းထောက်၏ မေးမြန်းမှုကို ဖြေဆိုရာတွင် ပြောကြားခဲ့သည်။
Mmopane သည် ဘော့ဆွာနာတောင်ပိုင်း Kweneng ဒေသ မြို့တော် ဂါဘရွန်နေ မှ ၁၅ ကီလိုမီတာခန့်အကွာတွင် တည်ရှိပြီး ယင်းနိုင်ငံရှိ လူဦးရေတိုးပွားမှုအမြန်ဆုံး ကျေးရွာများအနက် တစ်ခုဖြစ်သည်။ လက်ရှိတွင် ဤနေရာ၌ လူပေါင်း ၃၀,၀၀၀ ခန့် နေထိုင်ကြပြီး လူဦးရေသည် လျင်မြန်စွာ ဆက်လက်တိုးပွားလျက်ရှိသည်။

Mmopane မူလတန်းကျောင်း မတည်ထောင်မီ ၎င်းရွာရှိ တစ်ခုတည်းသောကျောင်းသည် လိုအပ်ချက်များကို မဖြည့်ဆည်းနိုင်တော့သည်မှာ ကြာခဲ့ပြီဖြစ်ရာ ရွာမှ ကျောင်းသားအများစုသည် အိမ်မှစောစောထွက်၍ နောက်ကျမှအိမ်ပြန်ရောက်ကြပြီး အနီးနားရှိ ကျေးရွာသို့ လမ်းအဝေးကြီးလျှောက်ကာ သို့မဟုတ် ဘတ်စ်ကားစီးကာ မြို့တော်သို့ သွားရောက်ကျောင်းတက်ခဲ့ကြသည်။ ငွေကြေးချို့တဲ့သော မိသားစုအချို့သည် သားသမီးများအတွက် သွားလာရေးစရိတ်ပင် မတတ်နိုင်ကြပေ။

လက်ရှိ Mmopane မူလတန်းကျောင်းတွင် ကျောင်းသား ၉၀၀ ခန့်ရှိသည်။ ဤကျောင်းသည် မိဘများထံမှ လျှောက်လွှာအများအပြားကို နှစ်စဉ်နှစ်တိုင်း လက်ခံရရှိပြီး မိဘများက ၎င်းတို့၏ သားသမီးများ ဝင်ခွင့်ရရှိရန် မျှော်လင့်ထားကြသည်။ “ခုနကပဲ မိဘတချို့ကို ပြန်လွှတ်လိုက်ရတယ်။ ကျောင်းက လူပြည့်နေပြီ၊ ဒါပေမဲ့ ဒီကိုလာချင်တဲ့ ကလေးအရေအတွက်က ဆက်တိုးနေတုန်းပဲ”ဟု Marata က သတင်းထောက်ကို ပြောကြားခဲ့သည်။

Mmopane မူလတန်းကျောင်းသည် စုစုပေါင်းအဆောက်အဦဧရိယာသည် ၇,၄၀၀ စတုရန်းမီတာရှိပြီး အလင်းရောင်ကောင်းသောစာသင်ခန်းများ၊ ကျယ်ဝန်းသောကစားကွင်းများ၊ အားကစားကွင်းများ၊ ကွန်ပျူတာခန်း၊ သိပ္ပံဓာတ်ခွဲခန်းများ၊ မသန်စွမ်းအိမ်သာနှင့် ခေတ်မီစာကြည့်တိုက်တို့ ပါရှိသည်။ “ကျွန်မရဲ့ သင်ကြားရေးသက်တမ်း တစ်လျှောက်လုံးမှာ ဒီကျောင်းက အကောင်းဆုံးကျောင်းပါပဲ” ဟု Marata က ပြောကြားခဲ့သည်။

အသက် ၁၃ နှစ်အရွယ်ရှိသော Boikano Rantshesane သည် ၂၀၂၁ ခုနှစ်တွင် ဤကျောင်းသို့ပြောင်းလာခဲ့သည်။ “အရင်ကျောင်းမှာ သိပ္ပံဓာတ်ခွဲခန်းနဲ့ ကွန်ပျူတာခန်းတွေ မရှိဘူး၊ ဘောလုံးကွင်းကလည်း သန့်ရှင်းမှု မရှိဘူး။ ဒီမှာ ပတ်ဝန်းကျင်နဲ့ သင်ကြားရေး အရည်အသွေး ပိုကောင်းတယ်။ ဒီကျောင်း ပြောင်းလာပြီးနောက် သမီးရဲ့ ပညာရေး အဆင့်တွေလည်း သိသိသာသာ တိုးတက်လာပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်တွင် Mmopane မူလတန်းကျောင်းသည် ပထမအကြိမ် တစ်နိုင်ငံလုံးဆိုင်ရာ မူလတန်းစာမေးပွဲ ကျင်းပခဲ့ရာ အောင်ချက် ၉၈.၃ ရာခိုင်နှုန်းဖြင့် Kweneng ဒေသတွင် အဆင့် ၁ နှင့် တစ်နိုင်ငံလုံး အဆင့် ၁၂ တွင်ရှိသည်။ ဤရလဒ်သည် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် မိဘများ ပူးပေါင်းကြိုးပမ်းမှုမှ ရရှိခဲ့ခြင်းဖြစ်သလို တရုတ်သံရုံး၏ အကူအညီများမှလည်း ကင်းကွား၍မရနိုင်ကြောင်း Marata က ပြောကြားခဲ့သည်။

တရုတ်သံရုံး၏ ပုံမှန် နောက်ဆက်တွဲ စောင့်ရှောက်ပေးမှုနှင့် စဉ်ဆက်မပြတ် ပံ့ပိုးကူညီမှုသည် ကျောင်း၏ သင်ကြားရေး ရလဒ် တိုးတက်စေရေးအတွက် များစွာ အထောက်အကူ ပြုကြောင်း Mmopane ကျောင်းတွင် နှစ်နှစ်ကြာ သင်ကြားခဲ့သည့် ဆရာမ Bame Malete က ပြောကြားခဲ့သည်။ ထို့အပြင် ကျောင်း၏ သိပ္ပံဓာတ်ခွဲခန်းနှင့် ကွန်ပျူတာခန်းများသည် ကျောင်း၏ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ သင်ကြားမှုကို မြှင့်တင်ပေးခြင်းကလည်း ကျောင်း အောင်မြင်ရခြင်း၏ အကြောင်းရင်းတစ်ခုလည်းဖြစ်သည်။

Mmopane မူလတန်းကျောင်းသည် တရုတ်နိုင်ငံက ဘော့ဆွာနာတွင် ကူညီတည်ဆောက်ပေးထားသည့် မူလတန်းကျောင်း ၃ ကျောင်းအနက် ၁ကျောင်းဖြစ်ပြီး ကျန်နှစ်ကျောင်းမှာ Kubung မူလတန်းကျောင်းနှင့် Dinokwane မူလတန်းကျောင်းဖြစ်သည်။ တရုတ်နိုင်ငံမှ ကူညီတည်ဆောက်ပေးထားသည့် ကျောင်း ၃ ကျောင်းသည် ဘော့ဆွာနာကလေးငယ်များ၏ ပညာရေးအခြေအနေများကို ထိရောက်စွာ မြှင့်တင်ပေးခဲ့ပြီး ဘော့ဆွာနာ အခြေခံပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခိုင်အမာ ပံ့ပိုးပေးခဲ့ကြောင်း ဘော့ဆွာနာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဖန့်ယုံက ပြောကြားခဲ့သည်။
ဘော့ဆွာနာတွင် တရုတ်အကူအညီဖြင့် တည်ဆောက်ထားသည့် စတုတ္ထမြောက်ကျောင်းဖြစ်သော Ramaeba မူလတန်းကျောင်းသည်လည်း ဆောက်လုပ်ပြီးစီးပြီဖြစ်ရာ ယခုနှစ်နှောင်းပိုင်းတွင် ဘော့ဆွာနာအစိုးရထံ လွှဲပြောင်းပေးအပ်မည်ဖြစ်သည်။ ထိုကျောင်းတွင် စာသင်ခန်း ၁၄ ခန်း ရှိရာ ကျောင်းသား ၅၆၀ ဦး လက်ခံနိုင်ပြီး ဘော့ဆွာနာ မြောက်ပိုင်းရှိ ကလေးငယ်များ ကျောင်းတက်ရန် အခက်အခဲ ပြဿနာကို ပြေလျော့စေမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)


…………………………………….
(Chinese Version)
中国援建小学为博茨瓦纳儿童提供高水平教育
新华社哈博罗内8月27日电 中国援建的博茨瓦纳莫帕尼小学从2021年开始招生,该校的建立缓解了当地孩子上学难和学校条件较差等问题。学校良好的设施和优异的教学成绩,得到家长和学生的好评。
“对莫帕尼社区来说,这所学校来得正是时候。它确实帮助了社区,最初这里只有一所学校为整个村庄服务。”莫帕尼小学校长哈霍伊齐韦·马拉塔在接受新华社记者采访时说。
莫帕尼位于博茨瓦纳南部奎嫩区,离首都哈博罗内约15公里,是该国人口增长最快的村庄之一。目前,这里大约有3万人居住,而且人口还在快速增长。
在莫帕尼小学建立之前,莫帕尼唯一的学校早就无法满足需求,村里很多学生早出晚归,走很远的路到附近村庄或乘车到首都上学。一些经济条件较差的家庭,甚至付不起孩子的交通费。
目前,莫帕尼小学有大约900名学生。每年,这所学校都会收到大量家长的申请,希望自己的孩子能被录取。马拉塔对记者说:“我刚送走几名家长,学校已经饱和了,但想来这里上学的孩子还在继续增加。”
莫帕尼小学总建筑面积7400平方米,拥有明亮的教室、宽阔的操场、各种体育设施、计算机房、科学实验室、残疾人洗手间和一个现代化的图书馆。“在我的整个教学生涯中,这是最好的学校。”马拉塔说。
13岁的兰策萨尼于2021年转到该校。她说:“以前的学校,没有科学实验室和计算机房,足球场也不卫生。这里的环境和教学质量更好,转学到这里后,我的学习成绩也有了明显提高。”
2023年,莫帕尼小学举行了第一次全国小学毕业考试,以98.3%的通过率,位居奎嫩区第一名,全国第12名。马拉塔表示,这一成绩的取得,来自老师、学生和家长的共同努力,也离不开中国大使馆的帮助。
在莫帕尼学校任教两年的老师巴姆·马莱泰表示,中国大使馆定期跟踪回访,提供持续支持,对学校教学成绩的提高有很大帮助。此外,学校的科学实验室和计算机房促进了学校的信息和通信技术教学,也是学校成功的原因之一。
莫帕尼小学是中国在博茨瓦纳援建的三所小学之一,另外两所是古邦小学和迪诺夸内小学。中国驻博茨瓦纳大使范勇表示,中国援建的三所学校有效改善了博茨瓦纳儿童的教育条件,为博茨瓦纳基础教育的发展提供了有力支持。
中国在博茨瓦纳援建的第四所学校——拉玛埃巴小学已经完工,将于今年晚些时候移交博茨瓦纳政府。这所学校有14间教室,可容纳560名学生,将缓解博茨瓦纳北部儿童上学难问题。(完)
图说:这是8月15日拍摄的中国援建的博茨瓦纳莫帕尼小学。新华社发(策基索·特巴洛 摄)