Connect with us

Africa & Middle East

ကလေးများအား ပိုလီယိုရောဂါ ကာကွယ်ဆေးထိုးပေးရန် အစ္စရေးနှင့် ဟားမက်စ်တို့က ယာယီအပစ်အခတ်ရပ်စဲကြောင်း သဘောတူ

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် မီဒီယာများနှင့် တွေ့ဆုံစကားပြောကြားနေသော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်အား ဩဂုတ် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဩဂုတ် ၃၀ ရက် (ဆင်ဟွာ)
အစ္စရေးနှင့် ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) တို့သည် ဂါဇာကမ်းမြောင်ဒေသရှိ ကလေးများအား (ပိုလီယိုရောဂါ) ကာကွယ်ဆေး ထိုးပေးရန် ယာယီအပစ်အခတ်ရပ်စဲကြောင်း သဘောတူညီခဲ့သည်ဟု သိမ်းပိုက်ခံထားရသော ပါလက်စတိုင်းနယ်မြေရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကိုယ်စားလှယ် Rik Peeperkorn က သြဂုတ် ၂၉ ရက်တွင် ပြောကြားခဲ့သည်။
ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်ကို စက်တင်ဘာ ၁ ရက်တွင် စတင်မည်ဖြစ်ကြောင်း နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအတွင်း Peeperkorn က ရုပ်သံဗီဒီယိုမှတစ်ဆင့် ပြောကြားခဲ့သည်။ သဘောတူညီချက်အရ အရင်ဆုံး ဂါဇာကမ်းမြောင်ဒေသအလယ်ပိုင်းတွင် သုံးရက်ကြာ အပစ်အခတ်ရပ်စဲမည်ဖြစ်ပြီး နောက်ဆုံးတွင် ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းတွင် သုံးရက်ကြာ အပစ်အခတ်ရပ်စဲပြီး နောက်ဆုံးတွင် ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်းတွင် သုံးရက်ကြာ အပစ်အခတ်ရပ်စဲမည်ဖြစ်ကြောင်း၊ လိုအပ်ပါက ဒေသအသီးသီးတွင် အပစ်အခတ်ရပ်စဲမည့်ကြာချိန်ကို တစ်ရက် ထပ်တိုးနိုင်သည်ဟု သက်ဆိုင်ရာအဖွဲ့များက သဘောတူညီခဲ့ကြကြောင်း သိရသည်။
ဂါဇာကမ်းမြောင်ဒေသတွင် ပိုလီယိုဗိုင်းရပ်စ်ပိုး ပျံ့နှံ့နေပြီး ကလေးငယ်များ အန္တရာယ်နှင့်ရင်ဆိုင်နေရကြောင်း၊ ကုလသမဂ္ဂက ဂါဇာကမ်းမြောင်ဒေသရှိ အသက် ၁၀ နှစ်အောက် ကလေးပေါင်း ၆၄၀,၀၀၀ ကျော်ကို ပိုလီယိုရောဂါ ကာကွယ်ဆေး ထိုးပေးရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း၊ WHO အဖွဲ့မှ ပိုလီယိုရောဂါကာကွယ်ဆေး ၁.၆ သန်း ပေးဝေးရန် ခွင့်ပြုပြီးဖြစ်ကြောင်း မကြာသေးမီရက်တွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က ပြောကြားခဲ့သည်။
ပိုလီယိုရောဂါ (ခေါ် ) ကလေးငယ်အကြောသေရောဂါသည် ပိုလီယိုဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသည့် ပြင်းထန်သောကူးစက်ရောဂါဖြစ်ပြီး အဓိကအားဖြင့် အသက် ၅ နှစ်အောက်ကလေးများတွင် သက်ရောက်မှုရှိကာ ရောဂါပြင်းထန်သောအခြေအနေတွင် သွက်ချာပါဒဖြစ်ခြင်း သို့မဟုတ် သေဆုံးခြင်း ဖြစ်စေနိုင်သည်။ ယင်းရောဂါအတွက် ကုသဆေးမရှိသေးသဖြင့် ကာကွယ်ဆေးထိုးခြင်းသည် ယင်းရောဂါအားကာကွယ်နိုင်သော ကုန်ကျစရိတ်အသက်သာဆုံးနှင့် အထိရောက်ဆုံးနည်းလမ်းဖြစ်ကြောင်း သိရသည်။ (Xinhua)


…………………………………………..
(Chinese Version)
以色列与哈马斯同意暂时停火为儿童接种脊灰疫苗
新华社联合国8月29日电(记者潘云召)世界卫生组织驻巴勒斯坦被占领土代表皮佩尔科恩29日说,以色列与巴勒斯坦伊斯兰抵抗运动(哈马斯)已同意在加沙地带暂时停火,以便为儿童接种脊髓灰质炎(脊灰)疫苗。
在纽约联合国总部举行的记者会上,皮佩尔科恩通过视频连线说,接种活动将于9月1日开始。根据协议,首先在加沙地带中部停火3天,然后在加沙地带南部停火3天,最后在加沙地带北部停火3天。相关方还同意,如有必要,每个地区的停火时间可延长一天。
联合国秘书长古特雷斯日前表示,脊灰病毒已在加沙地带传播,儿童面临危险,联合国已准备在加沙地带为64万多名10岁以下儿童接种脊灰疫苗,世卫组织已批准发放160万剂脊灰疫苗。
脊髓灰质炎俗称小儿麻痹症,是脊灰病毒引起的急性传染病,主要影响5岁以下儿童,病情严重时可能瘫痪或死亡。该病尚无治愈方法,接种疫苗是预防该病最经济有效的方法。(完)
图说:8月16日,在位于纽约的联合国总部,联合国秘书长古特雷斯对媒体讲话。