Connect with us

China

တရုတ်နိုင်ငံ ကွမ်ကျိုးပြည်နယ် ဆန်းကျန့်လေဆိပ်တွင် ဝေဟင်မြင့်၊ ဝေဟင်နိမ့် ပေါင်းစပ်ပို့ဆောင်ရေး ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းမှု ပြီးမြောက်

တရုတ်နိုင်ငံ ကွမ်ကျိုးပြည်နယ် ဆန်းကျန့်မြို့ ပေါင်အန်းအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဝေဟင်မြင့်၊ ဝေဟင်နိမ့် ပေါင်းစပ်ပို့ဆောင်ရေး စမ်းသပ်ပျံသန်းမှုမြင်ကွင်းကို ဇူလိုင် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်းကျန့်၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

ဆန်းကျန့်၏ ပထမဆုံးအကြိမ် လေဆိပ်ဝန်းကျင် ဝေဟင်မြင့်၊ ဝေဟင်နိမ့် ပေါင်းစပ်ပို့ဆောင်ရေး စမ်းသပ်ပျံသန်းမှုကို တရုတ်နိုင်ငံ ဆန်းကျန့်မြို့ ပေါင်အန်းအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မကြာသေးမီက ပြုလုပ်ပြီးစီးခဲ့သည်။ ယင်းစမ်းသပ်ပျံသန်းမှုတွင် ထောက်ပံ့သယ်ယူပို့ဆောင်ရေးဒရုန်းက လေဆိပ်ဂိတ်မှစတင်ပျံသန်းကာ မြို့နှင့်ပင်လယ်ကိုဖြတ်၍ ကျူးမြစ်အနောက်ဘက်ကမ်းရှိ ကျူံးစန်းမြို့ ပျံသန်းဆင်းသက်နေရာသို့ ရောက်ရှိခဲ့ကြောင်း၊ ယင်းမှာ ဆန်းကျန့်မြို့ အလုပ်များစည်ကားသော အရပ်ဘက်လေကြောင်းလေပိုင်နက်တွင် မောင်းသူမဲ့နှင့် မောင်းသူပါ လေယာဉ်များ ပေါင်းစပ်ပျံသန်းသော စူးစမ်း ရှာဖွေမှုတစ်ခုလည်းဖြစ်ကြောင်း ဆန်းကျန့်မြို့၌ ဩဂုတ် ၂ ရက်က ကျင်းပသော ဆန်းကျန့်မြို့ ဝေဟင်နိမ့်စီးပွားရေး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးညီလာခံမှ သိရသည်။ (Xinhua)
…………………………………………..
(Chinese Version)
深圳完成机场高低空融合运行首次试验飞行
新华社深圳8月2日电(记者毛思倩)记者从2日举行的深圳市低空经济高质量发展大会上获悉,深圳首次机场区域高低空融合运行试验飞行日前在深圳宝安国际机场完成,此次试验飞行中,物流无人机从机场码头起飞,跨城跨海飞抵珠江口西岸中山市的起降点,是深圳在民航繁忙空域里无人和有人驾驶飞行器融合飞行的一次探索。
图说:这是在深圳宝安国际机场拍摄的高低空融合运行试验飞行现场(7月26日摄)。