Connect with us

North America

အမေရိကန်နိုင်ငံက အရှေ့အလယ်ပိုင်းဒေသများသို့ စစ်သင်္ဘောများနှင့် တိုက်လေယာဉ်များ ထပ်တိုး စေလွှတ်မည်

အမေရိကန်နိုင်ငံ ဝါရှင်တန်၌ ကျင်းပသော လွှတ်တော်ကြားနာပွဲသို့ တက်ရောက်လာသည့် အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Lloyd Austin အား မေ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၃ ရက် (ဆင်ဟွာ)

ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) ခေါင်းဆောင် လုပ်ကြံခံရပြီးနောက် ဒေသတွင်း တင်းမာမှုများ မြင့်တက်လာမှုကို တုံ့ပြန်ရန်နှင့် အစ္စရေးအား ထောက်ပံ့ရန် အမေရိကန်စစ်တပ်က အရှေ့အလယ်ပိုင်းဒေသများသို့ ပိုမိုများပြားသော တိုက်လေယာဉ်နှင့် စစ်သင်္ဘောများ စေလွှတ်မည်ဟု အမေရိကန်နိုင်ငံ ကာကွယ်ရေးဌာနက သြဂုတ် ၃ ရက်တွင် ကြေညာခဲ့သည်။
အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Lloyd Austin က အရှေ့အလယ်ပိုင်းနှင့် ဥရောပသို့ ပိုမိုများပြားသော ပဲ့ထိန်းဒုံးကျည်များကို ပစ်ချနိုင်သည့် ရေတပ်ကရူဇာစစ်သင်္ဘောများနှင့် ဖျက်သင်္ဘောများ စေလွှတ်ရန် အတည်ပြုခဲ့ပြီး အရှေ့အလယ်ပိုင်းသို့ ဂျက်တိုက်လေယာဉ်အုပ်တစ်ဖွဲ့ ထပ်တိုးစေလွှတ်ဦးမည်ဖြစ်သည်။ ယင်းလုပ်ဆောင်မှုသည် “အမေရိကန်နိုင်ငံ၏ စစ်ရေးကာကွယ်မှုစွမ်းရည်ကို မြှင့်တင်ရန်၊ အစ္စရေးနိုင်ငံအပေါ် ကာကွယ်ရေး ပံ့ပိုးကူညီမှုများ ပို၍အားဖြည့်ရန်နှင့် အခြေအနေ အမျိုးမျိုးကို ရင်ဆိုင်ဖြေရှင်းရန် အမေရိကန်နိုင်ငံက သေချာပြင်ဆင်ထားမှုရှိရန်အတွက်” ရည်ရွယ်ခြင်းဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်၏ ကြေညာချက်အရ သိရသည်။
အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဇက်ဘိုင်ဒန်သည် ယခုလ ၁ ရက်က အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့် ဖုန်းခေါ်ဆိုခဲ့ရာ အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်နိုင်ငံ၏ စစ်အင်အားဖြန့်ကျက်မှု အားဖြည့်ရန် နှင့် အစ္စရေး၏ ဒုံးကျည်၊ ဒရုန်းစသည့် တိုက်ခိုက်မှုများကို တုံ့ပြန်ရာ၌ ပံ့ပိုးကူညီရန် အစီအစဉ်များကို ဆွေးနွေးခဲ့ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။ (Xinhua)


……………………………………………………
(Chinese Version)
美国将往中东增派军舰战机
新华社北京8月3日电 美国国防部2日宣布,美军将向中东地区派遣更多战斗机和军舰,以应对巴勒斯坦伊斯兰抵抗运动(哈马斯)领导人遭暗杀后地区紧张形势升级及支援以色列。
国防部长劳埃德·奥斯汀已经批准派遣更多可击落弹道导弹的海军巡洋舰和驱逐舰前往中东和欧洲,还将向中东增派一支战斗机中队。按照五角大楼声明,此举旨在“提升美方军事保护力量,增强对以色列国防的支持,确保美国做好应对各种不测的准备”。
白宫说,美国总统约瑟夫·拜登本月1日与以色列总理本雅明·内塔尼亚胡通话,讨论了美国增强中东地区军备部署与支持以色列应对导弹、无人机等袭击的计划。
图说:5月8日,美国国防部长奥斯汀在华盛顿国会出席听证会。新华社发(亚伦摄)