Connect with us

Africa & Middle East

အစ္စရေးက Haniyeh အား လုပ်ကြံမှုသည် အမေရိကန်၏ ခွင့်ပြုချက်ရရှိထားသည်ဟု အီရန်ထောက်လှမ်းရေးဝန်ကြီးက ပြောကြား

အီရန်နိုင်ငံ တီဟီရန်မြို့တွင် ဟားမက်စ် နိုင်ငံရေးဗျူရိုခေါင်းဆောင် Ismail Haniyeh (အလယ်) အား ဇူလိုင် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ ဩဂုတ် ၃ ရက် (ဆင်ဟွာ)

အစ္စရေးအာဏာပိုင်က ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) ၏ နိုင်ငံရေးဗျူရိုခေါင်းဆောင် Ismail Haniyeh ကို လုပ်ကြံသတ်ဖြတ်ခြင်းသည် အမေရိကန်၏ ခွင့်ပြုချက်အောက်တွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ သတင်းအေဂျင်စီ (IRNA) က အီရန် ထောက်လှမ်းရေး ၀န်ကြီး Esmail Khatib ၏ ပြောကြားချက်ကို ကိုးကား၍ ဩဂုတ် ၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
Haniyeh လုပ်ကြံခံရခြင်းသည် တစ်ချိန်တည်းမှာပင် အစ္စရေး၏ ရက်စက်ကြမ်းကြုတ်မှုကို ထပ်မံသက်သေပြနေကြောင်း Khatib က ထောက်ပြခဲ့သည်။

အီရန် ယာယီနိုင်ငံခြားရေးဝန်ကြီး Ali Bagheri သည် ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ် Borrell နှင့် ဩဂုတ် ၂ ရက်က ဖုန်းခေါ်ဆိုမှုတွင် Haniyeh လုပ်ကြံခံရမှုအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ပြစ်တင်ရှုတ်ချမှုကို ဥရောပနိုင်ငံအချို့နှင့် အမေရိကန်နိုင်ငံတို့က ပူးပေါင်းတားဆီးခြင်းအပေါ် ပြစ်တင်ရှုတ်ချကြောင်း ပြောကြားခဲ့သည်ဟု အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ သတင်းအေဂျင်စီ (IRNA) ၏ သတင်းအရ သိရသည်။
အီရန်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို ချိုးဖောက်သည့် ဤလုပ်ကြံသတ်ဖြတ်မှုသည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အန္တရာယ်ဖြစ်စေမည်ဟု Bagheri က အလေးပေးပြောကြားခဲ့သည်။ အီရန်သည် ၎င်း၏ တရားဝင်၊ ရှိရင်းစွဲလုပ်ပိုင်ခွင့်များဖြင့် “အစ္စရေးရာဇ၀တ်ဂိုဏ်းများ”အား ပြစ်ဒဏ်ခတ်မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
Haniyeh လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်ကမျှ အဆိုပါတိုက်ခိုက်မှုကို ပြုလုပ်ခဲ့သည်ဟု ကြေညာပြောဆိုခြင်းမရှိကြောင်း၊ အစ္စရေးကလည်း တုံ့ပြန်ဖြေကြားခဲ့ခြင်း မရှိကြောင်း သိရသည်။ (Xinhua)

…………………………………………..
(Chinese Version)
伊朗情报部长:以色列暗杀哈尼亚得到美国许可
新华社德黑兰8月2日电(记者沙达提)伊朗伊斯兰共和国通讯社2日援引伊朗情报部长伊斯梅尔·哈提卜的话报道说,以色列政权对巴勒斯坦伊斯兰抵抗运动(哈马斯)政治局领导人伊斯梅尔·哈尼亚的暗杀是在美国的许可下进行的。
哈提卜表示,哈尼亚被暗杀同时再次证明了以色列的残暴。
另据伊朗伊斯兰共和国通讯社报道,伊朗代外长巴盖里2日在与欧盟外交与安全政策高级代表博雷利的通话中,谴责某些欧洲国家与美国一起阻止联合国安理会谴责暗杀哈尼亚事件。巴盖里强调,这起侵犯伊朗国家主权和领土完整的暗杀事件将危及地区和全球的和平与稳定。他重申,伊朗将行使其合法和固有的权利来惩罚“以色列犯罪团伙”。
哈尼亚遭暗杀后,尚无任何组织和个人宣称制造这起袭击。以色列方面也未作回应。(完)
图说:这是7月30日在伊朗德黑兰拍摄的伊斯梅尔·哈尼亚(中)。