Connect with us

Africa & Middle East

ဂါဇာမြို့ရှိ စာသင်ကျောင်း ၂ ကျောင်းကို အစ္စရေးစစ်တပ် ဗုံးကြဲမှုကြောင့် အနည်းဆုံး လူ ၂၅ ဦး သေဆုံး

ဂါဇာမြို့ ဗုံးကြဲတိုက်ခိုက်ခံရသည့် စာသင်ကျောင်းအတွင်း ပါလက်စတိုင်းအမျိုးသမီးတစ်ဦး ဝမ်းနည်းကြေကွဲစွာ ငိုကြွေးနေသည်ကို ၂၀၂၄ ခုနှစ် ဩဂုတ် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာ/ဂျေရုဆလမ်၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ)

အစ္စရေးစစ်တပ်က ဩဂုတ် ၄ ရက်တွင် ဂါဇာမြို့ရှိ စာသင်ကျောင်း ၂ ကျောင်းကို ဗုံးကြဲတိုက်ခိုက်ရာ အနည်းဆုံး လူ ၂၅ ဦး သေဆုံးပြီး လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်းသတင်းအေဂျင်စီ၏ ယင်းနေ့တွင် ဖော်ပြသည့် သတင်းများအရ သိရသည်။

အစ္စရေးစစ်တပ်နှင့် အစ္စရေး အမျိုးသားလုံခြုံရေးအေဂျင်စီ (Shin Bet) သည် ထောက်လှမ်းရေးသတင်းများအရ ယင်းနေ့တွင် ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) တို့၏ ကွပ်ကဲထိန်းချုပ်ရေးစင်တာ၌ လှုပ်ရှားနေသည့် လက်နက်ကိုင်များကို တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းစင်တာမှာ ဂါဇာမြို့ စာသင်ကျောင်း နှစ်ကျောင်းအတွင်း ရှိကြောင်း အစ္စရေး ကာကွယ်ရေးတပ်က ဩဂုတ် ၄ ရက်တွင် ကြေညာချက် ထုတ်ပြန်ပြောကြားခဲ့သည်။

တိုက်ခိုက်ခံရသည့် စာသင်ကျောင်းမှာ ဂါဇာမြို့ အနောက်ဘက် Nasser ရပ်ကွက်တွင် တည်ရှိပြီး ယင်းနေရာ၌ အိုးအိမ်မဲ့ပြည်သူအများအပြားကို လက်ခံထားကြောင်း ပါလက်စတိုင်းသတင်းအေဂျင်စီက ဖော်ပြထားသည်။ (Xinhua)


………………………
(Chinese Version)
以军轰炸加沙城两所学校造成至少25人死亡
新华社加沙/耶路撒冷8月4日电(记者黄泽民 王卓伦)据巴勒斯坦通讯社4日报道,以色列军队当天轰炸加沙城两所学校,造成至少25人死亡,另有多人受伤。   以色列国防军4日发表声明说,以军和以色列国家安全总局(辛贝特)当天基于情报袭击了在巴勒斯坦伊斯兰抵抗运动(哈马斯)指挥和控制中心内活动的武装人员,这些中心位于加沙城两所学校内。
巴勒斯坦通讯社报道说,遇袭学校位于加沙城西部的纳赛尔社区,那里收容了大量流离失所的民众。
1. 8月4日,在加沙城遭到轰炸的学校内,一名巴勒斯坦妇女显得十分悲痛。