ဖနွမ်းပင်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယား မူလတန်းကျောင်းသား/သူ စုစုပေါင်း ၂,၀၂၄ ဦးက တရုတ်နိုင်ငံ ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (CFRD) ထံမှ လှူဒါန်းသည့် စက်ဘီးများအား မကြာသေးမီက လက်ခံရရှိခဲ့ကြောင်း သိရသည်။ ယင်းစက်ဘီးအသစ်များသည် ကျောင်းသား/သူများ၏ သွားလာမှုအချိန်ကို လျှော့ချပေးရုံသာမက စက်ဘီးရရှိသူများအတွက်...
ကုလသမဂ္ဂ ၊ မေ ၂၅ ရက်(ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က အမေရိကန်နိုင်ငံ တက္ကဆက်စ်ပြည်နယ်အတွင်းရှိ မူလတန်းစာသင်ကျောင်းတစ်ခု၌ စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းသော ပစ်ခတ်မှုနှင့်ပတ်သက်၍ အလွန်အမင်း ထိတ်လန့်တုန်လှုပ်မိကာ ဝမ်းနည်းရကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက မေ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
ဗီယင်ကျန်း၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းရှိ စာသင်ကျောင်းများသည် COVID-19 ရောဂါဖြစ်ပွားမှုကြောင့် လပေါင်းများစွာ ပိတ်ထားခဲ့ပြီးနောက် မူလတန်းကျောင်းများ၏ Grade 5 အတန်း၊ အလယ်တန်းကျောင်းများ၏ Grades 4 နှင့် 7 တို့အား လူကိုယ်တိုင်တက်ရသည့် စာသင်ခန်းများ ပြန်လည်ဖွင့်လှစ်ရန်...
ဂျလာလာဘတ် ၊ အာဖဂန်နစ္စတန် ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နန်ဂါဟာပြည်နယ် Lal Pur ခရိုင်၌ ဇန်နဝါရီ ၁၀ ရက်တွင် စာသင်ကျောင်းတစ်ကျောင်း၏ ပြင်ပ၌ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားရာ ကျောင်းသား ၄ ဦး သေဆုံးကာ အခြားသူ ၁၀...
ချီကာဂို ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ် ဒက်ထရိုက်မြို့ငယ်အနီး အထက်တန်းကျောင်းတစ်ခုတွင် နိုဝင်ဘာ ၃၀ ရက် ညနေပိုင်းက သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၃ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကဘူလ်း ၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်အမျိုးသမီးများအနေဖြင့် အထက်တန်းပညာရေး နှင့် တက္ကသိုလ်ပညာရေးများကို တက်ရောက်သင်ကြားနိုင်ကြောင်း ၊ သို့သော် အမျိုးသား-အမျိုးသမီး သီးသန့်ခွဲခြား သင်ကြားပေးသော စာသင်ခန်းများ၌သာ တက်ရောက်ရမည်ဖြစ်ကြောင်း တာလီဘန်အစိုးရသစ် အဆင့်မြင့်ပညာရေးဝန်ကြီးဌာန ခေတ္တဝန်ကြီး Abdul Baqi Haqqani က စက်တင်ဘာ ၁၂...
ဂျကာတာ ၊ ဩဂုတ် ၃၁ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်မှုများ ဖြေလျှော့နေစဉ် ဂျကာတာမြို့ရှိ စာသင်ကျောင်းများသည် ရက်ရှည်ပိတ်ထားပြီးနောက် ဩဂုတ် ၃၀ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက နိုင်ငံအတွင်း COVID-19 ရောဂါဖြစ်ပွားသူသည် တစ်ရက်အတွင်း ၅,၄၃၆ ဦး ထိ ရှိခဲ့ရာ...
ပေကျင်း ၊ ဩဂုတ် ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအတွင်းရှိ မူလတန်း နှင့် အလယ်တန်းကျောင်း ဆရာ/ဆရာမများ နှင့် ကျောင်းသား/သူများအား ၎င်းတို့၏ ကျန်းမာရေးအခြေအနေများသည် COVID-19 ရောဂါထိန်းချုပ်ရေးအတွက် သတ်မှတ်ထားသည့် ပြဌာန်းချက်များနှင့် ပြည့်စုံချိန်တွင် စာသင်ကျောင်းသို့ ပြန်လာနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၂ ရက်တွင်...
ရီယာ့ဒ် ၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) ဆော်ဒီအာရေးဗျနိုင်ငံ နယ်စပ်မြို့ဖြစ်သော Asir မြို့ရှိ စာသင်ကျောင်းတစ်ကျောင်းပေါ်သို့ ဇွန် ၁၃ ရက် က ဗုံးကြဲဒရုန်းလေယာဉ်တစ်စင်းပျက်ကျမှုဖြစ်ပွားခဲ့ကြောင်း ဆော်ဒီကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ဟူတီပြည်သူ့စစ်တပ်ဖွဲ့၏ ဒရုန်းဖြင့် နောက်ဆုံးတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း ဆော်ဒီကာကွယ်ရေးတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး Abduljalil...
မော်စကို၊ မေ ၁၂ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ ကာဇန်မြို့ရှိ စာသင်ကျောင်းတစ်ကျောင်းတွင် မေ ၁၁ ရက်၌ တိုက်ခိုက်သူနှစ်ဦးက ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကလေးငယ် ၉ ဦး အပါအဝင် လူ ၁၁ ဦးထက်မနည်းသေဆုံးပြီး အခြားသူ ၃၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။