Connect with us

China

ကြည်လင်သောရေ စိမ်းလန်းစိုပြည်သောတောင်တန်းများ၏ လှပသောဂေဟစနစ်

တရုတ်နိုင်ငံ ဟူနန်ပြည်နယ်၊ ယုံကျိုးမြို့၊ ချီယန်မြို့ ကျင်းတုန့် စီမံခန့်ခွဲမှုဧရိယာ၊ စိုက်ပေထန်း ယောင်လူမျိုးကျေးရွာ အလှရှုခင်းကို ၂၀၂၄ ခုနှစ် ဩဂုတ် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟူနန်၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟူနန်ပြည်နယ်၊ ယုံကျိုးမြို့၊ ချီယန်မြို့ ကျင်းတုန့် စီမံခန့်ခွဲမှုဧရိယာ၊ စိုက်ပေထန်း ယောင်လူမျိုးကျေးရွာတွင် ကောင်းကင်ပြာပြာ၊ တိမ်ဖြူဖြူ၊ စိမ်းလန်းစိုပြည်သောတောင်တန်း၊ ကြည်လင်သောရေများနှင့်အတူ ၎င်းတို့ကြား ရောယှက်နေသော လူနေအိမ်များက အပြန်အလှန် အလှဆောင်နေကြပြီး သာယာလှပသော နွေရာသီဂေဟဗေဒ ရှုခင်းပန်းချီကားတစ်ချပ်သဖွယ် ဖြစ်နေသည့် မြင်ကွင်းကို ၂၀၂၄ ခုနှစ် ဩဂုတ် ၃ ရက်က တွေ့ရှိရပါသည်။
မကြာသေးမီနှစ်များအတွင်း ဟူနန်ပြည်နယ်၊ ယုံကျိုးမြို့၊ ချီယန်မြို့ ကျင်းတုန့် စီမံခန့်ခွဲမှုဧရိယာသည် ” ကြည်လင်သောရေနှင့် စိမ်းလန်းစိုပြည်သောတောင်များက အဖိုးမဖြတ်နိုင်သော ပိုင်ဆိုင်မှုများဖြစ်သည်” ဟူသော အယူအဆကို နက်နက်ရှိုင်းရှိုင်း အကောင်အထည်ဖော်ခဲ့ပြီး ရေအရင်းအမြစ်များကို ကာကွယ်ခြင်း၊ ရေထုညစ်ညမ်းမှုကို ကာကွယ်စီမံခြင်း၊ ရေပတ်ဝန်းကျင် ပိုမိုကောင်းမွန်လာစေရေး၊ ရေဂေဟစနစ် ပြန်လည်ကောင်းမွန်လာစေရေး တို့ကို လုပ်ဆောင်ခဲ့သည်။ မြို့ပြနှင့်ကျေးလက်လူနေမှုပတ်ဝန်းကျင်၊ ဂေဟစနစ်ပတ်ဝန်းကျင်နှင့် သာယာလှပသောကျေးလက်တည်ဆောက်မှုတို့ကို ပေါင်းစပ်ခြင်းဖြင့် “ရေစီးရေလာကောင်းသောမြစ်၊ ကြည်လင်သောရေ၊ စိမ်းလန်းသောကမ်းပါး၊ သာယာဝပြောသောစက်မှုလုပ်ငန်း၊ လှပသောရှုခင်းနှင့် နေထိုင်ရန်သင့်လျော်မှု” ဟူသော လှပသည့် ကျေးလက်ဒေသ၏ ပန်းချီပုံရိပ်သစ်ကို တဖြည်းဖြည်း ပြသနိုင်ခဲ့သည်။ (Xinhua)


………………………………………..
(Chinese Version)
绿水青山生态美
2024年8月3日,湖南省永州市祁阳金洞管理区晒北滩瑶族乡,蓝天、白云、青山、碧水与点缀其间的民居相互映衬,构成一幅美丽的夏日生态画卷。
近年来,湖南省永州市祁阳金洞管理区深入践行“绿水青山就是金山银山”的理念,保护水资源、防治水污染、改善水环境、修复水生态,统筹城乡人居环境、生态环境和美丽乡村建设,“河畅、水清、岸绿、业兴、景美、宜居”的美丽乡村新画卷徐徐展开。
图说:2024年8月3日在湖南省永州市祁阳金洞管理区晒北滩瑶族乡拍摄的乡村景色。(无人机照片)CICPHOTO/周秀鱼春 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.