Connect with us

Asia

ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ နျူကလီးယား ပေါက်ကွဲမှု အထိမ်းအမှတ်နေ့တွင် ပြည်သူများက ဒေသတွင်း ငြိမ်းချမ်းရေးကို လက်တွေ့ကျစွာ ထိန်းသိမ်းကာကွယ်ရန် အစိုးရအား တောင်းဆို

ဟီရိုရှီးမား၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ အဏုမြူဗုံးကြဲခံရခြင်း ၇၉ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို ဩဂုတ် ၆ ရက်၌ ငြိမ်းချမ်းရေး အထိမ်းအမှတ် ပန်းခြံတွင် ကျင်းပခဲ့သည်။ ဂျပန်နိုင်ငံတစ်ဝန်းရှိ ပြည်သူများသည် ပန်းခြံတွင် စုဝေးခဲ့ကြပြီး ဂျပန်အစိုးရ၏ လက်နက်တိုးချဲ့မှု အရှိန်အဟုန်မြှင့်ဆောင်ရွက်သည့် လုပ်ရပ်ကို ကန့်ကွက်ဆန္ဒပြပြီး ဒေသတွင်း ငြိမ်းချမ်းရေးကို လက်တွေ့ကျသော လုပ်ဆောင်ချက်များဖြင့် ထိန်းသိမ်းကာကွယ်ရန် ဂျပန်အစိုးရအား တောင်းဆိုခဲ့သည်။
ရာနှင့်ချီသော ပြည်သူများသည် အဏုမြူဗုံးကြဲခဲ့သည့် အပျက်အစီးနေရာရှေ့တွင် စုဝေးခဲ့ကြပြီး “သြဂုတ် ၆ ရက် ဟီရိုရှီးမား လှုပ်ရှားမှု အကောင်အထည်ဖော်ရေး ကော်မတီ” မှ စီစဉ်သည့် ဆန္ဒပြမှုတွင် ပါဝင်ခဲ့ကြသည်။

ဆန္ဒပြမှုတွင် ပါဝင်သူအချို့သည် “စစ်ပွဲကို ဆန့်ကျင်ကြ”၊ “နျူကလီးယားလက်နက်ကို ဆန့်ကျင်ကြ” စသည့် စာတန်းများကိုင်ဆောင်ပြီး “ဂျပန်-အမေရိကန် စစ်မဟာမိတ်ကို ဆန့်ကျင်ကြ” နှင့် “ခီရှီဒါ ရာထူးမှ နုတ်ထွက်” စသည့် ဆောင်ပုဒ်များ ကြွေးကြော်ခဲ့ကာ နျူကလီးယားကို ဆန့်ကျင်ကြောင်း၊ စစ်ပွဲကို ဆန့်ကျင်ကြောင်း ဖော်ပြခဲ့သည်။
အဆိုပါ စုဝေးပွဲကျင်းပရခြင်း၏ အဓိက အကြောင်းရင်းမှာ ဂျပန်နှင့် အမေရိကန်ကြား စစ်ရေးမဟာမိတ် မြှင့်တင်ခြင်းကြောင့် နျူကလီးယားစစ်ပွဲ အန္တရာယ်ကို ပိုမို ဆိုးရွားစေခြင်းကြောင့်ဖြစ်သည်ဟု သြဂုတ် ၆ ရက် ဟီရိုရှီးမား လှုပ်ရှားမှု အကောင်အထည်ဖော်ရေး ကော်မတီ” ၏ ညွှန်ကြားရေးမှူးချုပ် မီယာဟာရာ ရီယိုက ပြောကြားခဲ့သည်။

ကျူးကျော်စစ်ပွဲကို စတင်ခဲ့သည့် ဂျပန်အား အမြန်ဆုံးလက်နက်ချရန် တိုက်တွန်းသောအားဖြင့် အမေရိကန်က ဟီရိုရှီးမားမြို့နှင့် နာဂါဆာကီမြို့များ၌ ၁၉၄၅ ခုနှစ် သြဂုတ် ၆ ရက်နှင့် ၉ ရက်တို့တွင် အဏုမြူဗုံးများ အသီးသီး ကြဲချခဲ့သည်။ ဂျပန်သည် မိမိကိုယ်ကို ဒုတိယကမ္ဘာစစ်၏ အထူးသဖြင့် အဏုမြူဗုံးကြဲခြင်းခံရသော “နစ်နာသူ”အဖြစ် ကာလရှည်ကြာ ပုံဖော်ထားသော်လည်း အဏုမြူဗုံးကြဲခံရခြင်း သမိုင်းကြောင်းနောက်ခံကို ဖော်ပြခြင်းမှာ မရှိသလောက်ဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်နိုင်ငံက တရုတ်နိုင်ငံနှင့် အခြားအာရှနိုင်ငံများအား ဆိုးရွားစွာ ထိခိုက်နစ်နာစေခဲ့သည့်အကြောင်းကိုဖော်ပြခြင်း ပို၍ မရှိပေ။ (Xinhua)

………………………
(Chinese Version)
广岛核爆纪念日 民众呼吁政府切实维护地区和平
新华社日本广岛8月6日电(记者胡晓格 杨智翔)日本广岛市6日在和平纪念公园举行遭原子弹轰炸79周年纪念仪式。日本各地民众在公园举行集会,抗议日本政府加速军备扩充的做法,呼吁日本政府以实际行动维护地区和平。
上百名民众聚集在原子弹轰炸遗址前,参加由“8·6广岛大行动实行委员会”组织的抗议活动。一些人高举“反对战争”“反对核武器”等横幅,高呼“反对日美军事同盟”“岸田下台”等口号,表达反核、反战观点。
“8·6广岛大行动实行委员会”事务局长宫原亮说,组织该集会活动的主要原因是,日美不断强化军事同盟加剧爆发核战争的风险。
为敦促发动侵略战争的日本尽快投降,美国于1945年8月6日和9日分别向广岛和长崎投放原子弹。长期以来,日本把自己描绘成二战特别是原子弹轰炸的“受害者”,却很少提及遭到原子弹轰炸的历史背景,更没有提及日本二战期间对中国及亚洲其他国家带来的严重伤害。(完)