Connect with us

China

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေအနေအပေါ် သတင်းထောက်၏မေးမြန်းချက်အား တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ပေကျင်း၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေအနေအပေါ် သတင်းထောက်၏မေးမြန်းချက်အား တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဩဂုတ် ၆ ရက်တွင် ပြောကြားခဲ့သည်။

သတင်းထောက်တစ်ဦးက ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ရာထူးမှနုတ်ထွက်ကြောင်း သတင်းများအရ သိရရာ ထို့အပေါ် တရုတ်နိုင်ငံအနေဖြင့် မည်သို့ သုံးသပ်ပြောကြားလိုပါသနည်းဟု မေးမြန်းခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေအနေကို တရုတ်နိုင်ငံက အနီးကပ်စောင့်ကြည့်နေကြာင်း၊ ချစ်ကြည်ရင်းနှီးသည့် အိမ်နီးချင်းနိုင်ငံ၊ ဘက်စုံ မဟာဗျူဟာမြောက်မိတ်ဖက် အနေဖြင့် တရုတ်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် လူမှုတည်ငြိမ်ရေးကို လျင်မြန်စွာ ဆောင်ရွက်နိုင်ရန် စေတနာအရင်းခံ၍ မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
…………………………………
(Chinese Version)
外交部发言人就孟加拉国局势答记者问
新华社北京8月6日电 外交部发言人6日就孟加拉国局势答记者问。
有记者问:据报道,孟加拉国总理谢赫·哈西娜辞职,中方对此有何评论?
发言人说,中方正密切关注孟加拉国局势。作为友好近邻和全面战略合作伙伴,中方真诚希望孟加拉国早日恢复社会稳定。