Connect with us

Asia

ဘင်္ဂလားဒေ့ရှ် သမ္မတက အမျိုးသားလွှတ်တော် ဖျက်သိမ်းကြောင်း ကြေညာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာရှိ ရေကျော်နေသည့် လမ်းများ၌ သွားလာနေသူများအား ၂၀၂၄ ခုနှစ် ဇူလိုင် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ သမ္မတက အမျိုးသားလွှတ်တော် ဖျက်သိမ်းကြောင်း ဩဂုတ် ၆ ရက်တွင် ကြေညာခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် သမ္မတရုံး၏ ယင်းနေ့ ဒါကာ၌ ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။

သမ္မတ Mohammed Shahabuddin သည် တပ်မတော် စစ်ဦးစီးချုပ်၊ နိုင်ငံရေးပါတီအသီးသီးမှ ခေါင်းဆောင်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် ဆွေးနွေးပြီးနောက် အမျိုးသားလွှတ်တော်ကို ဖျက်သိမ်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
အကျဉ်းချထားသည့် ဝန်ကြီးချုပ်ဟောင်း Begum Khaleda Zia ကို လွှတ်ပေးရန် သမ္မတက အမိန့်ချခဲ့ကြောင်း ကြေညာချက်တွင် ရေးသားထားသည်။ Begum Khaleda Zia လွတ်မြောက်လာပြီဖြစ်ကြောင်း ၎င်း၏ပြောရေးဆိုခွင့်ရှိသူက ဆင်ဟွာသတင်းထောက်ကို ပြောသည်။

ဘင်္ဂလားဒေ့ရှ်တပ်မတော် ကြည်းတပ် စစ်ဦးစီးချုပ် Waker-uz-Zaman က ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာသည် ဩဂုတ် ၅ ရက်တွင် ရာထူးမှ နုတ်ထွက်သွားကြောင်း၊ နိုင်ငံစီမံအုပ်ချုပ်ရေးအတွက် ယာယီအစိုးရအမြန်ဆုံးဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ယင်းနေ့ ရုပ်မြင်သံကြားမှတစ်ဆင့် ပြောကြားခဲ့သည်။

မကြာမီကာလများက ဘင်္ဂလားဒေ့ရှ်တွင် လုပ်ငန်းပိုင်းဆိုင်ရာစနစ်အချို့ကို မကျေနပ်သည့် ဆန္ဒပြလှုပ်ရှားမှု အကြိမ်ပေါင်းများစွာ ဖြစ်ပွားခဲ့ရာ ဆန့်ကျင်ဆန္ဒပြမှုများတွင် အကြမ်းဖက်လှုပ်ရှားမှုများကြောင့် လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ကြောင်း သတင်းများအရ သိရသည်။ ယခုလ ၄ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒပြလှုပ်ရှားမှုများ ဖြစ်ပွားခဲ့ရာ ရှိတ်ဟာစီနာနှင့် ၎င်း၏အစိုးရ ရာထူးမှနုတ်ထွက်ရန် တောင်းဆိုခဲ့သည်။ (Xinhua)

…………………………
(Chinese Version)
孟加拉国总统宣布解散国民议会

新华社达卡8月6日电(记者孙楠)孟加拉国总统办公室6日在达卡发表声明说,孟加拉国总统当天宣布解散国民议会。
声明说,总统穆罕默德·谢哈布丁·楚普在与三军参谋长、各政党领导人、民间社会代表等讨论后做出了解散议会的决定。
声明说,总统下令释放被监禁的前总理卡莉达·齐亚。齐亚的新闻发言人沙姆斯丁·迪代告诉新华社记者,齐亚已获释。
孟加拉国陆军参谋长韦克·乌兹·扎曼5日发表电视讲话说,该国总理谢赫·哈西娜当天辞职,将很快成立临时政府管理国家。
孟加拉国近期多次发生不满工作相关制度的抗议活动,据报道,抗议中的暴力活动共导致200多人死亡。本月4日,孟加拉国发生全国性抗议活动,要求哈西娜及其政府辞职。
1. 7月2日,在孟加拉国首都达卡,人们在发生内涝的街道上行进。