Connect with us

China

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အီဂျစ်နိုင်ငံခြားရေးဝန်ကြီး Badr Abdelatty ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပသော ပါလက်စတိုင်းအဖွဲ့အသီးသီး ရင်ကြားစေ့ရေး တွေ့ဆုံဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားသို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ တက်ရောက်နေသည်ကို ၂၀၂၄ ခုနှစ် ဇူလိုင် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဖိတ်ကြားချက်အရ ဩဂုတ် ၆ ရက်တွင် အီဂျစ်နိုင်ငံ နိုင်ငံခြားရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီး Badr Abdelatty နှင့် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။

ထိုသို့ ဆက်သွယ်ဆွေးနွေးရာတွင် နှစ်ဖက်အနေဖြင့် အရှေ့အလယ်ပိုင်းဒေသအခြေအနေများအပေါ် အဓိကထား၍ အမြင်သဘောထားချင်းဖလှယ်ခဲ့ကြသည်။

ဝမ်ရိက ဟားမက်စ်နိုင်ငံရေးဗျူရို ဥက္ကဋ္ဌ Ismail Haniyeh တီဟီရန်တွင် လုပ်ကြံခံရ၍ သေဆုံးခဲ့ခြင်းသည် ဒေသတွင်းအခြေအနေကို ပို၍အန္တရာယ်များသည့် အနေအထားသို့ တွန်းပို့ခြင်း ဖြစ်ကြောင်း၊ ဤကဲ့သို့ လုပ်ကြံမှုလုပ်ရပ်သည် ကုလသမဂ္ဂပဋိညာဉ်စာတမ်း အခြေခံမူများကို ချိုးဖောက်ခြင်း၊ အီရန်၏ အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာကို ထိပါးခြင်း၊ ဘက်ပေါင်းစုံ၏ ပြန်လည်သင့်မြတ်ရေးကြိုးပမ်းမှုကို ဆိုးရွားစွာ ဖျက်ဆီးခြင်း ဖြစ်ရာ ဂါဇာကမ်းမြောင် အပစ်ရပ်ရေးကို ပို၍ဝေးလံစေကြောင်း၊ ထို့အပေါ် မိမိတို့အနေဖြင့် ခိုင်မာစွာ ကန့်ကွက်သလို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း ပြောကြားခဲ့သည်။

ဂါဇာပဋိပက္ခတွင် စံချိန်နှစ်မျိုးမပြုသင့်ကြောင်း၊ ပါလက်စတိုင်းအရေးအပေါ် တရုတ်နိုင်ငံ၏ ရပ်တည်ချက်က တသမတ်တည်း၊ တိကျရှင်းလင်းမှုရှိကြောင်း၊ တရုတ်နိုင်ငံသည် ဆော်ဒီအာရေဗျနိုင်ငံများနှင့် စည်းလုံးညီညွတ်မှုကို မြှင့်တင်သွားမည်ဖြစ်ပြီး အခြေအနေဆိုးရွားမှုများ အရှိန်အဟုန်မြင့်ခြင်းကို ရှောင်ရှားနိုင်ရန်အတွက် ဘက်ပေါင်းစုံနှင့်အတူတကွ ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

Badr Abdelatty က အီဂျစ်နိုင်ငံအနေဖြင့် အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးအတွက် တရုတ်နိုင်ငံ၏ အရေးကြီးသည့်အခန်းကဏ္ဍမှပါဝင်မှုကို အထူးတန်ဖိုးထားကြောင်း၊ ပါလက်စတိုင်း ပြည်တွင်းရင်ကြားစေ့ရေး တရုတ်နိုင်ငံ၏ တွန်းအားပေးမှုကို ကျေးဇူးတင်ရှိကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ နီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှုများ ထိန်းသိမ်းထားရှိကာ အခြေအနေများတစ်ဆင့်မတိုးလာစေရေး ကာကွယ်တားဆီးသွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

……………………………
(Chinese Version)
王毅同埃及外长阿卜杜勒阿提通电话
新华社北京8月6日电 8月6日,中共中央政治局委员、外交部长王毅应约同埃及外交和移民部长阿卜杜勒阿提通电话。
双方重点就中东局势交换了意见。王毅表示,哈马斯政治局主席哈尼亚在德黑兰遇刺身亡将地区局势推向更加危险的境地,这种暗杀行径违反联合国宪章基本原则,侵犯伊朗的主权和尊严,严重破坏各方促和努力,使加沙停火更加遥遥无期。我们对此坚决反对,予以强烈谴责。
王毅指出,在加沙冲突问题上不能搞双重标准。中方在巴勒斯坦问题上立场是一贯、明确的。中方将同阿拉伯国家加强团结,同各方共同努力,避免局势升级恶化。
阿卜杜勒阿提表示,埃方高度赞赏中方为中东和平发挥的重要作用,感谢中方推动巴勒斯坦内部和解,希望同中方保持密切配合,防止局势进一步升级。
1. 7月23日,中共中央政治局委员、外交部长王毅在北京出席巴勒斯坦各派内部和解对话闭幕式,见证巴勒斯坦14个派别共同签署《关于结束分裂加强巴勒斯坦民族团结的北京宣言》。