Connect with us

China

ချန်းယွမ်က တရုတ်နိုင်ငံအတွက် ပထမဆုံး အိုလံပစ် အမျိုးသမီး လက်ဝှေ့ ရွှေတံဆိပ် ရရှိ

ပဲရစ်အိုလံပစ်အားကစားပြိုင်ပွဲ ၅၄ ကီလိုတန်း အမျိုးသမီးလက်ဝှေ့ ဖိုင်နယ်ပွဲတွင် ဒိုင်လူကြီးက ချန်းယွမ် (ယာ) အား အနိုင်ရကြောင်း ဩဂုတ် ၈ ရက် က ကြေညာခဲ့စဉ် (ဆင်ဟွာ)

ပဲရစ်၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ)

တရုတ်လက်ဝှေ့သမား ချန်းယွမ်သည် ပဲရစ်အိုလံပစ်အားကစားပြိုင်ပွဲ ၅၄ ကီလိုတန်း အမျိုးသမီးလက်ဝှေ့ ဖိုင်နယ်ပွဲတွင် တူကီယဲလက်ဝှေ့သမား Hatice Akbas ကိုအနိုင်ရကာ ရွှေတံဆိပ်ဆွတ်ခူးခဲ့သည်။ ယင်းဆုတံဆိပ်သည် ယခုအကြိမ်အိုလံပစ်အားကစားပြိုင်ပွဲတွင် တရုတ်လက်ဝှေ့အဖွဲ့မှ ရရှိသော ဒုတိယမြောက်ဆုတံဆိပ်ဖြစ်ပြီး တရုတ်အမျိုးသမီးလက်ဝှေ့၏ ပထမဆုံးသော အိုလံပစ်ရွှေတံဆိပ်လည်းဖြစ်သည်။

ယခုနှစ်အိုလံပစ်ပြိုင်ပွဲတွင် အသက် ၂၇ နှစ်အရွယ် ချန်းယွမ်သည် နံပါတ် ၈ လက်ရွေးစင်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ထိုညဖိုင်နယ်ပွဲတွင် ချန်းယွမ်သည် တက်သစ်စကြယ်ပွင့် Akbas နှင့် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ ပထမအချီမှစ၍ တရုတ်လက်ရွေးစင်သည် ပြိုင်ပွဲအခြေအနေအလိုက် ပိုမိုကောင်းမွန်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး ပြိုင်ဘက်အား ပြန်တုံ့ပြန်နိုင်သော အခြေအနေမရှိရအောင် အကြိမ်ကြိမ်ဖန်တီးနိုင်ခဲ့ပြီး ဒုတိယအချီတွင် ပြိုင်ဘက်အား တစ်ခါတည်းအလဲထိုးနိုင်ခဲ့သည်။ ပြိုင်ပွဲ တတိယချီအကြာတွင် ချန်းယွမ်သည် ဒိုင်လူကြီး၏ အမှတ်ပေးမှုတွင် အလုံးစုံ ဦးဆောင်နိုင်ခဲ့ပြီး နောက်ဆုံး၌ စုစုပေါင်းရမှတ် ၅ : ၀ ဖြင့် ပြိုင်ဘက်အား အနိုင်ရခဲ့သည်။

မြောက်ကိုရီးယား လက်ရွေးစင် Pang Cholmi နှင့် တောင်ကိုရီးယား လက်ရွေးစင် Im Aeji တို့ကမူ ကြေးတံဆိပ်ဆု ရရှိခဲ့သည်။ (Xinhua)


……………….
(Chinese Version)
巴黎奥运会 | 常园为中国摘得首枚奥运女子拳击金牌
新华社巴黎8月8日电(记者张百慧、乐文婉)8日,中国拳手常园在巴黎奥运会女子拳击54公斤级决赛中战胜土耳其拳手阿克巴什,斩获金牌。这是中国拳击队在本届奥运会上取得的第二枚奖牌,更是中国女子拳击的奥运首金。
本届奥运会上,27岁的常园以八号种子身份出战。当晚决赛中,常园迎战新锐阿克巴什。从第一回合开始,中国姑娘的临场发挥就更胜一筹,数次把对手逼到场边并予以连击,第二个回合更是直接将对手打倒在地。三个回合下来,常园在裁判打分中一直全面领先,最终以总比分5:0力压对手取胜。
朝鲜选手方哲美和韩国选手林爱智获得铜牌。
图说:8月8日,裁判宣布常园(左)获胜。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.