Connect with us

North America

အယ်လ်ဆာဗေးဒိုးနိုင်ငံ ရဲချုပ် အပါအဝင် လူ ၉ ဦး လေယာဉ်ပျက်ကျရာ သေဆုံး

အယ်လ်ဆာဗေးဒိုးနိုင်ငံ မြို့တော် San Salvador ၌ အယ်လ်ဆာဗေးဒိုးနိုင်ငံ ရဲချုပ် Mauricio Arriaza (အလယ်) ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မက္ကဆီကိုစီးတီး၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)
အယ်လ်ဆာဗေးဒိုးနိုင်ငံ၏ လေတပ်ရဟတ်ယာဉ်တစ်စင်း စက်တင်ဘာ ၈ ရက် ညပိုင်းတွင် ပျက်ကျခဲ့ရာ ရဲချုပ် Mauricio Arriaza Chicas အပါအဝင် လူ ၉ ဦး သေဆုံးခဲ့ကြောင်း အယ်လ်ဆာဗေးဒိုးနိုင်ငံ သမ္မတ Nayib Bukele က ဆိုရှယ်မီဒီယာတွင် ထုတ်ပြန်ခဲ့သော ကြေညာချက်အား ကိုးကား၍ San Salvador သတင်းဖော်ပြခဲ့သည်။
စက်တင်ဘာ ၈ ရက် ညပိုင်းတွင် အယ်လ်ဆာဗေးဒိုး စစ်ရဟတ်ယာဉ်သည် အယ်လ်ဆာဗေးဒိုး နှင့် ဟွန်ဒူးရပ်စ်တို့ကြား နယ်နိမိတ် လာယူနီယမ်ပြည်နယ်တွင် တာဝန်ထမ်းဆောင်စဉ် ပျက်ကျခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၄ ဦး၊ လေယာဉ်ဝန်ထမ်း ၃ ဦး၊ သတင်းထောက် ၁ ဦးနှင့် ရာဇ၀တ်မှု ကျူးလွန်သူ ၁ ဦး အပါအဝင် ယာဉ်ပေါ်ပါ လူ ၉ ဦး သေဆုံးခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြခဲ့သည်။
အယ်လ်ဆာဗေးဒိုး တစ်နိုင်ငံလုံး ဝမ်းနည်းပူဆွေးခြင်းကာလကို သုံးရက် ပြုလုပ်မည်ဟု Bukele က ကြေညာခဲ့သည်။
ဤဖြစ်ရပ်သည် ရိုးရှင်းသော “မတော်တဆမှု” မဟုတ်ဘဲ အကြောင်းရင်းကို သေချာစွာ စုံစမ်းစစ်ဆေးပြီး အရေးယူရမည်ဖြစ်ပြီး အယ်လ်ဆာဗေးဒိုနိုင်ငံက နိုင်ငံတကာ အကူအညီများ တောင်းခံမည်ဖြစ်ကြောင်း Bukele က ပြောကြားခဲ့သည်။ (Xinhua)


……………………………….
(Chinese Version)
萨尔瓦多国家警察局长等9人坠机身亡
新华社墨西哥城9月9日电(记者吴昊 席玥)圣萨尔瓦多消息:萨尔瓦多总统布克尔9日在社交媒体发布公告说,该国一架空军直升机8日晚坠毁,造成9人死亡,其中包括萨国家警察局长毛里西奥·阿里亚萨。
公告说,8日晚,这架萨军方直升机前往萨尔瓦多和洪都拉斯边境执行任务时在拉乌尼翁省坠毁,机上9人死亡,其中包括国家警察局长等4名警官、3名机组成员、一名记者和一名犯罪嫌疑人。
布克尔宣布,萨全国将进入为期3天的哀悼期。
布克尔说,这起事件并非简单的“意外”,必须彻查原因并追究责任,萨方将请求国际援助。(完)
图说:这是2024年2月29日在萨尔瓦多首都圣萨尔瓦多拍摄的萨国家警察局长毛里西奥·阿里亚萨(中)的资料照片。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.