Connect with us

China

တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် နောက်ခံအကြောင်းအရာများ

၂၀၂၄ ခုနှစ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် တောင်အာဖရိကနိုင်ငံ သမ္မတ စီရယ်လ်ရာမာဖိုဆာ ပေကျင်းမြို့သို့ ရောက်ရှိလာသည်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂ ရက် (ဆင်ဟွာ)

၂၀၂၄ ခုနှစ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် ထိပ်သီးအစည်းအဝေးကို စက်တင်ဘာ ၄ ရက်မှ ၆ ရက်အထိ ပေကျင်းမြို့တွင် ကျင်းပမည် ဖြစ်သည်။ တရုတ်-အာဖရိက ခေါင်းဆောင်များက “လက်တွဲအတူ ခေတ်မီအသွင်ပြောင်းရေးကို တွန်းအားပေး၍ အဆင်မြင့် တရုတ်-အာဖရိက အေးအတူ ပူအမျှ အသိုက်အဝန်းအတူ တည်ဆောက်ကြမည်” ဟူသော ခေါင်းစဉ်ကို အဓိကထားကာ ချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ အနာဂတ်အရေးများကို အတူတကွ ဆွေးနွေးကြမည် ဖြစ်ပေသည်။ ယင်းမှာ တရုတ်-အာဖရိက ချစ်ကြည်ရင်းနှီးသော မိသားစုကြီး နောက်ထပ်တစ်ကြိမ် ထပ်မံ ဆုံစည်းကြခြင်း ဖြစ်သလို ယခုနှစ်များတွင် တရုတ်နိုင်ငံက ကျင်းပသည့် ပမာဏအကြီးဆုံး၊ နိုင်ငံခြားခေါင်းဆောင်များ တက်ရောက်မှု အများဆုံးသော သံတမန်ပွဲကြီးဖြစ်သည်။

တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်သည် တရုတ်နိုင်ငံနှင့် အာဖရိက နိုင်ငံများအကြား တန်းတူညီမျှအပြန်အလှန်အကျိုးဖြစ်ထွန်းမှုကို အခြေခံသည့် အဖွဲ့လိုက်တွေ့ဆုံဆွေးနွေးမှုယန္တရား ဖြစ်ရာ ၂၀၀၀ ပြည့်နှစ်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။ ယင်းဖိုရမ် ကျင်းပရသည့် ရည်ရွယ်ချက်မှာ တန်းတူညီမျှ ဆွေးနွေးညှိနှိုင်းရန်၊ နားလည်မှု တိုးမြှင့်ရန်၊ သဘောတူညီချက် ကျယ်ပြန့်ရန်၊ ချစ်ကြည်မှု အားဖြည့်ရန်၊ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ဖြစ်သည်။ ဖိုရမ်၏ အဖွဲ့ဝင်များတွင် တရုတ်နိုင်ငံ၊ တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်ထားသည့် အာဖရိက ၅၃ နိုင်ငံနှင့် အာဖရိက သမဂ္ဂကော်မရှင် (AUC) တို့ ပါဝင်ကြသည်။

၂၀၀၀ ပြည့်နှစ် အောက်တိုဘာလတွင် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် ပေကျင်း ၂၀၀၀ ပြည့်နှစ် ဝန်ကြီးအဆင့် အစည်းအဝေးကို ပေကျင်းမြို့၌ ကျင်းပခဲ့ရာ 《ပေကျင်း ကြေညာချက်》 နှင့် 《တရုတ်-အာဖရိက စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး လမ်းညွှန် အခြေခံမူ》ဟူသော သမိုင်းဝင် သဘောတူညီချက်များကို အတည်ပြုနိုင်ခဲ့ပြီး တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် ယန္တရားကို တရားဝင် တည်ဆောက်နိုင်ခဲ့ပါသည်။

ယနေ့အချိန်အထိ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်တွင် ဝန်ကြီးအဆင့် အစည်းအဝေး ၈ ကြိမ် ကျင်းပပြီးဖြစ်ရာ ၂၀၀၆ ခုနှစ် နိုဝင်ဘာလ၊ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ၊ ၂၀၁၈ ခုနှစ် စက်တင်ဘာလများ၌ ကျင်းပသော ထိပ်သီးအစည်းအဝေးများတွင် ၂၀၀၆ ခုနှစ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် ပေကျင်း ထိပ်သီးအစည်းအဝေး၌ အတည်ပြုခဲ့သည့် တရုတ်-အာဖရိက မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး ပုံစံသစ်၊ ၂၀၁၅ ခုနှစ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် ဂျိုဟန်နာဘတ်စ် ထိပ်သီးအစည်းအဝေးတွင် အတည်ပြုခဲ့သည့် တရုတ်-အာဖရိက ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး၊ ၂၀၁၈ ခုနှစ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် ပေကျင်း ထိပ်သီးအစည်းအဝေးတွင် အတည်ပြုခဲ့သည့် ပို၍ နီးကပ်မှုရှိသော တရုတ်-အာဖရိက အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေးတို့သည် တရုတ်-အာဖရိက ဆက်ဆံရေးကို သမိုင်းတွင် အကောင်းဆုံးခေတ်ကာလသို့ တွန်းပို့ပေးခဲ့ပါသည်။

တရုတ်-အာဖရိက ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး စဉ်ဆက်မပြတ် ကျယ်ပြန့်နက်ရှိုင်းလာသည်နှင့်အမျှ တရုတ်-အာဖရိက လူငယ်ခေါင်းဆောင်များ ဖိုရမ်၊ တရုတ်-အာဖရိက ပညာရှင်အဖွဲ့ ဖိုရမ်၊ တရုတ်-အာဖရိက အရပ်ဘက်ဆိုင်ရာ ဖိုရမ်၊ တရုတ်-အာဖရိက ဒေသန္တရ အစိုးရ ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်၊ တရုတ်-အာဖရိက မီဒီယာ ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်၊ တရုတ်-အာဖရိက ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေး၊ တရုတ်-အာဖရိက ပုဂ္ဂလိက စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဖိုရမ်၊ တရုတ်-အာဖရိက လယ်ယာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်၊ တရုတ်-အာဖရိက ငြိမ်းချမ်းရေးနှင့်လုံခြုံရေး ဖိုရမ် စသည့် တရုတ်-အာဖရိက ဖိုရမ်ခွဲများစွာကို ထူထောင်နိုင်လာခဲ့သည်။

တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် တည်ထောင်သည့် နှစ်ပေါင်း ၂၄ နှစ်ကြာ ကာလတွင် နှစ်ဖက် အတူတကွ ကြိုးပမ်းမှုများအောက်၌ တန်းတူညီမျှရှိမှု၊ လက်တွေ့ကျမှု၊ မြန်ဆန်ထိရောက်မှု ဟူသော ဝိသေသလက္ခဏာများ ဖြစ်တည်လာသလို ဖိုရမ်မူဘောင်အတွင်း တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ရလဒ်များမှာ သိသာထင်ရှားပြည့်ဝလာခဲ့ရာ တရုတ်-အာဖရိက ပြည်သူများ၏ ကျယ်ကျယ်ပြန့်ပြန့် ကြိုဆိုမှုနှင့် နိုင်ငံတကာ အသိုက်အဝန်း၏ ချီးကျူးမှုကို ရရှိခဲ့ပေသည်။

ယခုနှစ်များတွင် တရုတ်-အာဖရိက နှစ်ဖက်အတူ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အဆိုပြုချက်၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက်(GDI)နှင့် အာဖရိကသမဂ္ဂ《၂၀၆၃ ခုနှစ် အစီအစဉ်》၊ အာဖရိကနိုင်ငံအသီးသီး၏ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ အံဝင်ခွင်ကျ ချိတ်ဆက်သွားမည်ဖြစ်ကြောင်း၊ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် ပလက်ဖောင်းမှတစ်ဆင့် အာဖရိကနိုင်ငံများနှင့်အတူ “ကဏ္ဍ ၁၀ ရပ် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်”၊ “လှုပ်ရှားမှု အစီအစဉ် ၈ ရပ်”၊ “စီမံကိန်း ၉ ခု” တို့ကို ဖော်ဆောင်ကာ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု အရည်အသွေးမြှင့်တင်ရန် ဆက်တိုက်တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် တရုတ်နိုင်ငံသည် အာဖရိက၌ ရင်းနှီးမြှုပ်နှံမှု ပမာဏ အများဆုံး ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်ပြီး အာဖရိကတိုက်တွင် ပထမအကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက်အဖြစ် ၁၅ နှစ် ဆက်တိုက် ရပ်တည်ခဲ့သည်။ (Xinhua)


………………………….
(Chinese Version)
中非合作论坛|新闻背景:中非合作论坛
新华社北京9月2日电 新闻背景:中非合作论坛   新华社记者   2024年中非合作论坛峰会将于9月4日至6日在北京举行。中非领导人将围绕“携手推进现代化,共筑高水平中非命运共同体”这一主题,共叙友情,共商合作,共话未来。这是中非友好大家庭的又一次大团圆,也是中国近年来举办的规模最大、外国领导人出席最多的主场外交。
中非合作论坛是中国和非洲国家之间在平等互利基础上的集体对话机制,成立于2000年。其宗旨是平等磋商、增进了解、扩大共识、加强友谊、促进合作。论坛成员包括中国、与中国建交的53个非洲国家以及非洲联盟委员会。
2000年10月,中非合作论坛——北京2000年部长级会议在北京召开,会议通过《北京宣言》和《中非经济和社会发展合作纲领》两个历史性文件,中非合作论坛机制正式建立。
迄今,中非合作论坛已举行八届部长级会议,并先后于2006年11月、2015年12月、2018年9月举行论坛峰会——2006年中非合作论坛北京峰会确立中非新型战略伙伴关系;2015年中非合作论坛约翰内斯堡峰会确立中非全面战略合作伙伴关系;2018年中非合作论坛北京峰会确定构建更加紧密的中非命运共同体,推动中非关系进入历史最好时期。
随着中非友好与合作不断拓展和深化,中非青年领导人论坛、中非智库论坛、中非民间论坛、中非地方政府合作论坛、中非媒体合作论坛、中非减贫与发展会议、中非民营经济合作论坛、中非农业合作论坛、中非和平安全论坛等中非合作论坛分论坛陆续成立。   中非合作论坛成立24年来,在双方共同努力下,形成平等务实高效特色,论坛框架下的中非合作成效显著,成果丰硕,受到中非人民广泛欢迎和国际社会高度评价。   近年来,中非双方将“一带一路”倡议、全球发展倡议同非盟《2063年议程》及非洲各国发展战略有机对接,依托中非合作论坛平台,同非洲国家共同实施“十大合作计划”“八大行动”“九项工程”,持续推动中非合作提质升级。中国目前是对非投资规模最大的发展中国家,连续15年保持非洲第一大贸易伙伴地位。(完)
1. 9月2日,南非总统拉马福萨抵达北京,出席2024年中非合作论坛峰会。 新华社记者 张玉薇 摄