Connect with us

International Organizations

၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဖွင့်လှစ်

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌ Francis က ၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ၁၀၉ ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးတွင် စက်တင်ဘာ ၁၀ ရက်က မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

နယူးယောက်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)
၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ စက်တင်ဘာ ၁၀ ရက် ညနေပိုင်းတွင် ဖွင့်လှစ်ခဲ့သည်။ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌ Philemon Young က ရာသီဥတုပြောင်းလဲမှု၊ ပဋိပက္ခများ တိုးမြင့်လာခြင်းနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခြင်းစသည့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းရန် နိုင်ငံတကာအသိုင်းအဝိုင်းအား တိုက်တွန်းခဲ့သည်။
ငြိမ်းချမ်းရေးနှင့် လုံခြုံရေးသည် မရှိမဖြစ် အရေးကြီးကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ဒေသတွင်း ပဋိပက္ခများကို ဖြေရှင်းရန် ကြိုးစားဖြေရှင်းသင့်ကြောင်း Philemon Young က အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။ “ကျွန်တော်တို့အနေနဲ့ တင်းမာမှုအခြေအနေတွေကို အတတ်နိုင်ဆုံး ကြိုးစားဖြေလျှော့သင့်ပြီး ကမ္ဘာတစ်ဝန်း ယုံကြည်မှုတည်ဆောက်ရမည်”၊ တစ်ချိန်တည်းမှာပင် ဆန်းသစ်တီထွင်မှုနှင့် အစိမ်းရောင်စီးပွားရေးမှတစ်ဆင့် စီးပွားရေးတိုးတက်မှုကို မျှတစွာမြှင့်တင်ရမည်ဖြစ်သလို “နိုင်ငံကြီးဖြစ်စေ နိုင်ငံငယ်ဖြစ်စေ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အသီးအပွင့်များကို ခံစား” ရရှိရမည်ဟု ၎င်းက အလေးပေးပြောကြားခဲ့သည်။
လက်ရှိကမ္ဘာ့အခြေအနေသည် လွန်စွာခက်ခဲဆိုးရွားနေပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ မညီမျှမှုပပျောက်ရေးနှင့် ရာသီဥတုအကျပ်အတည်းကို ဖြေရှင်းရေးစသည့် နယ်ပယ်အသီးသီးတွင် တိကျသောဖြေရှင်းနည်းလမ်းများ လိုအပ်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ပြောကြားခဲ့သည်။ ကုလသမဂ္ဂသည် ဘက်ပေါင်းစုံမှ ဖြေရှင်းနည်းလမ်းကို ရှာဖွေသော နေရာတစ်ခုဖြစ်ပြီး လူသားတို့ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် အထွေထွေညီလာခံသည် မရှိမဖြစ်လိုအပ်သော လက်နက်ကိရိယာတစ်ခုအဖြစ် ဆက်လက်တည်ရှိနေကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဆိုပါနေ့ နံနက်ပိုင်းတွင် ၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ပိတ်ပွဲအခမ်းအနားကျင်းပခဲ့ရာ ၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌ Dennis Francis က အမှာစကားပြောကြားခဲ့ပြီး ကင်မရွန်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Philemon Young က ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။
ကုလသမဂ္ဂ အထွေထွေညီလာခံသည် ကုလသမဂ္ဂ၏ အဓိက ဆင်ခြင်သုံးသပ်မှု၊ ကြီးကြပ်မှုနှင့် စစ်ဆေးမှုအဖွဲ့ဖြစ်ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးဖြင့် စုပေါင်းဖွဲ့စည်းထားခြင်းဖြစ်သည်။ ညီလာခံသည် နှစ်စဉ် စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ပုံမှန်အစည်းအဝေးများ ကျင်းပသည်။ ပုံမှန်အစည်းအဝေးကို ပုံမှန်အားဖြင့် အဆင့်နှစ်ဆင့် ခွဲခြားထားပြီး ပထမအဆင့်မှာ အထွေထွေ ငြင်းခုံဆွေးနွေးသည့် အဆင့်ဖြစ်ပြီး ဒုတိယအဆင့်မှာ အစည်းအဝေးအစီအစဉ်တွင် ထည့်သွင်းထားသည့် အမျိုးမျိုးသော ကိစ္စရပ်များကို ဆင်ခြင်သုံးသပ်သည့်အဆင့်ဖြစ်သည်။ (Xinhua)


……………………..
(Chinese Version)
第79届联合国大会开幕
新华社联合国9月10日电(记者潘云召)第79届联合国大会10日下午在纽约联合国总部开幕。第79届联大主席菲勒蒙·扬呼吁国际社会加强合作,应对气候变化、冲突升级、可持续发展放缓等一系列全球挑战。
菲勒蒙·扬在开幕致辞中说,和平与安全至关重要,国际社会应努力解决地区冲突。“我们必须尽一切努力缓解紧张局势,并在世界范围内建立信任。”他同时强调,要通过创新和绿色经济推动公平的经济增长,确保“各国无论大小都能享受到经济发展的成果”。
联合国秘书长古特雷斯在致辞中强调,当前全球形势严峻,需要在减贫、消除不平等和化解气候危机等各领域采取具体解决方案。他说,联合国是一个寻求多边解决方案的场所,在应对人类面临的挑战时,联大仍然是一个不可或缺的工具。
当天上午,第78届联大闭幕,第78届联大主席弗朗西斯致辞,喀麦隆前总理菲勒蒙·扬宣誓就任新一届联大主席。
联合国大会是联合国主要的审议、监督和审查机构,由联合国全体会员国共同组成。大会于每年9月至12月举行常会。常会通常分两个阶段,前段为一般性辩论阶段,后段为大会审议列入议程的各项议题阶段。(完)
图说:9月10日,在位于纽约的联合国总部,第78届联大主席弗朗西斯在第78届联大109次全会上致辞。