Connect with us

Europe

စီးပွားရေးအလားအလာမှေးမှိန်မှုက ဥရောပဗဟိုဘဏ် အတိုးလျှော့ချမှုကို အရှိန်မြှင့်ရန် လှုံ့ဆော်ပေးနိုင်

ဂျာမနီနိုင်ငံ၊ ဖရန့်ဖွတ်မြို့ရှိ ဥရောပဗဟိုဘဏ်ရုံးချုပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဥရောပဗဟိုဘဏ်ဥက္ကဋ္ဌ Christine Lagarde စကားပြောကြားနေသည်ကို စက်တင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖရန့်ဖွတ်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)
ဥရောပဗဟိုဘဏ်သည် ငွေကြေးမူဝါဒအစည်းအဝေးကို စက်တင်ဘာ ၁၂ ရက်က ကျင်းပခဲ့ပြီး အပ်ငွေယန္တရားအတိုးနှုန်းကို ၃.၅၀ ရာခိုင်နှုန်းသို့ ရာခိုင်နှုန်းပွိုင့် ၂၅ ခု လျှော့ချရန် ဆုံးဖြတ်ခဲ့သည်။ ယင်းသည် အဆိုပါဘဏ်က ယခုနှစ် ဇွန်လတွင် ဘဏ်အတိုးလျှော့ချကြောင်း ကြေညာပြီးနောက် ဒုတိယအကြိမ် အတိုးနှုန်းလျှော့ချခြင်းဖြစ်သည်။ ဥရောပဗဟိုဘဏ်သည် သီးခြားအတိုးနှုန်းလမ်းကြောင်းအတွက် ကြိုတင်ကတိကဝတ်မပြုသည့် သတိရှိရှိဖြင့်အတိုးနှုန်းလျှော့ချခြင်းနည်းဗျူဟာကို ဆက်လက်လုပ်ဆောင်နေသော်လည်း ယူရိုဇုန်၏ စီးပွားရေးအလားအလာမှေးမှိန်မှုက ဥရောပဗဟိုဘဏ် အတိုးလျှော့ချမှုကို အရှိန်မြှင့်ရန် လှုံ့ဆော်ပေးနိုင်သည်ဟု လေ့လာသုံးသပ်သူများက ထောက်ပြခဲ့ကြသည်။
ဥရောပဗဟိုဘဏ်၏ နောက်ဆုံးအတိုးနှုန်းလျှော့ချမှု ဆုံးဖြတ်ချက်သည် ယခင်က စီးပွားရေးပညာရှင်များနှင့် ငွေကြေးဈေးကွက်ရင်းနှီးမြှုပ်နှံသူများ၏ ဘေဘုယျမျှော်လင့်ထားသည်နှင့်ကိုက်ညီသည်။ သတိပြုသင့်သည့်တစ်ချက်မှာ ယခုအကြိမ်အစည်းအဝေးတွင် ဥရောပဗဟိုဘဏ်သည် စက်တင်ဘာ ၁၈ ရက်တွင် ငွေကြေးမူဝါဒ လည်ပတ်မှုမူဘောင်အသစ်ကို စတင်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ဤမူဘောင်အရ ယူရိုဇုန်ရှိ အဓိကအတိုးနှုန်း သုံးခုအနက်မှ တစ်ခုဖြစ်သော ပင်မပြန်အမ်းငွေနှုန်း (Main Refinancing Operations Rate- MRO)နှင့် အပ်ငွေယန္တရားအတိုးနှုန်း (Deposit Facility Rate- DF) ကြား အတိုးနှုန်းခြားနားမှုကို ရာခိုင်နှုန်းပွိုင့် ၁၅ ခု အထိ ကျဉ်းသွားစေပြီး ဘဏ်များမှအပေါင်ပစ္စည်းဖြင့် တစ်ရက် (တစ်ညအိပ်) ချေးယူနိုင်သောနှုန်းထား (Marginal Lending Facility Rate- MLF) နှင့် MRO ကြား အတိုးနှုန်းခြားနားမှုမှာ ရာခိုင်နှုန်းပွိုင့် ၂၅ ခု တွင် ဆက်လက်တည်ရှိနေသည်။ ထို့ကြောင့် ယခုအကြိမ် အတိုးနှုန်းလျှော့ချမှု ကြေညာပြီးနောက် ယူရိုဇုန်ရှိ အဓိကအတိုးနှုန်းသုံးမျိုးတွင် MRO နှင့် MLF အတိုးနှုန်းသည် ၃.၆၅ ရာခိုင်နှုန်းနှင့် ၃.၉၀ ရာခိုင်နှုန်းသို့ အသီးသီးကျဆင်းသွားသည်။
ဥရောပဗဟိုဘဏ်က ငွေလက်ကျန်ရှင်းတမ်းကို တဖြည်းဖြည်းလျှော့ချလိုက်သည့်အခြေအနေတွင် ရင်းနှီးငွေဈေးကွက်တွင် ငွေလည်ပတ်မှု အကျပ်အတည်းများ ဖြစ်နိုင်ခြေနှင့်ပတ်သက်၍ လူအများက စိုးရိမ်နေကြကြောင်း ပညာရှင်များက ထောက်ပြခဲ့သည်။ အဆိုပါလည်ပတ်မှုမူဘောင်အသစ်သည် ရေတိုချေးငွေနှုန်းကို လျှော့ချခြင်းဖြင့် ဘဏ်များအား ငွေလည်ပတ်မှု ပိုမိုလွယ်ကူရရှိစေရန် ရည်ရွယ်သည်။
ဥရောပဗဟိုဘဏ်ဥက္ကဋ္ဌ Lagarde က ထိုနေ့ သတင်းထောက်များ၏ မေးခွန်းများကို ဖြေကြားရာတွင် အတိုးနှုန်းအလားအလာအပေါ် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။ ယူရိုဇုန်တွင် လုပ်ခလစာတိုးတက်မှုနှုန်းမှာ လျှော့ကျလာသော်လည်း အလွန်မြင့်မားနေဆဲဖြစ်ပြီး ဝန်ဆောင်မှုစျေးနှုန်းများတိုးမြင့်လားခြင်း ဖိအားများမှာလည်း မျှော်လင့်ထားသည်ထက် ပိုမိုများပြားနေကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။
ဥရောပဗဟိုဘဏ်၏ နောက်ထပ်အတိုးလျှော့ချမှုသည် ငွေကြေးဖောင်းပွမှု ကျဆင်းခြင်း၊ စီးပွားရေး တုံ့ဆိုင်းခြင်းနှင့် လုပ်ခလစာ တိုးမြင့်လာခြင်း လျှော့ချလာခြင်းစသည့် အကြောင်းရင်းများ ပေါင်းစပ်သက်ရောက်မှု၏ ရလဒ်ဖြစ်သော်လည်း “ကိုင်တွယ်ရခက်ခဲသောသော ငွေကြေးဖောင်းပွမှုအန္တရာယ်” မှာမူ အလုံးစုံ မဖယ်ရှားနိုင်သေးဟု The Association of German Public Banks (VÖB) ၏ အထွေထွေမန်နေဂျာ Elise Betger-Kraus က ထင်မြင်သည်။
ယခုနှစ်နှင့် လာမည့်နှစ် နှစ်နှစ်အတွင်း ယူရိုဇုန်၏ ပင်မငွေကြေးဖောင်းပွမှုနှုန်း (စွမ်းအင်နှင့် စားနပ်ရိက္ခာစျေးနှုန်းများ မြင့်တက်ခြင်းမှလွဲ၍) အနည်းငယ် မြှင့်တင်မည်ဟု ယူရိုဇုန်၏ ငွေကြေးဖောင်းပွမှုနှုန်း၏ နောက်ဆုံးခန့်မှန်းချက်ကို ဥရောပဗဟိုဘဏ်က စက်တင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ဥရောပဗဟိုဘဏ်သည် ဝန်ဆောင်မှုလုပ်ငန်း စျေးနှုန်းများ မြင့်တက်လာခြင်းမှ ဖြစ်ပေါ်လာသော ငွေကြေးဖောင်းပွမှုအန္တရာယ်အသစ်များအတွက် စိုးရိမ်နေဆဲဖြစ်သောကြောင့် လာမည့်အတိုးနှုန်းလျှော့ချမှုကို ဒီဇင်ဘာလရောက်မှသာ ကြေညာမည်ဖြစ်ကြောင်း Commerzbank မှ သုံးသပ်ယူဆသည်။
ဥရောပဗဟိုဘဏ်သည် လာမည့်နှစ်တွင် အတိုးလျှော့ချမှုခြေလှမ်းကို အရှိန်မြှင့်ရန် မျှော်လင့်ကြောင်း၊ အမေရိကန်စီးပွားရေး အားနည်းလာမှုနှင့် ၎င်းက ယူရိုဇုန်အပေါ် သက်ရောက်မှုများက အကြောင်းရင်းခံ ဖြစ်နိုင်သည်ဟု Internationale Nederlanden Group (ING) မှ Macro Research အကြီးအကဲ Carsten Brzeski က ခန့်မှန်းထားသည်။
ယခုနှစ် ဒုတိယသုံးလပတ်တွင် ယူရိုဇုန်၏ ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှု GDP သည် ပထမသုံးလပတ်နှင့် နှိုင်းယှဉ်ပါက တိုးတက်မှုနှုန်းအနည်းငယ်ကို ထိန်းထားနိုင်ခဲ့ပြီး ၎င်းအနက် ဂျာမနီ၊ လတ်ဗီးယား၊ ဆွီဒင်နှင့် ဟန်ဂေရီတို့၏ စီးပွားရေးမှာ အတိုင်းအတာအမျိုးမျိုးဖြင့် ကျဆင်းသွားခဲ့သည်။ ဇူလိုင်လတွင် ဥရောပဗဟိုဘဏ်သည် ယူရိုဇုန်၏စီးပွားရေးတိုးတက်မှုအလားအလာအပေါ် သုံးသပ်ချက်ကို ” အောက်သို့တိမ်းညွတ်” ဟု ပြင်ဆင်ခဲ့သည်။ မှေးမှိန်သောတိုးတက်မှုအလားအလာများကြောင့် ပိုမိုပြင်းထန်သော အတိုးများလျှော့ချခြင်းဖြစ်ရန်မှာ အနှေးနှင့် အမြန်သာဖြစ်သည်ဟု Brzeski က ထင်မြင်သည်။
ယူရိုဇုန်၏ ၂၀၂၄ ခုနှစ် စီးပွားရေးတိုးတက်မှုနှုန်းသည် ၀.၈ ရာခိုင်နှုန်း၊ ၂၀၂၅ ခုနှစ်တွင် ၁.၃ ရာခိုင်နှုန်း၊ ၂၀၂၆ ခုနှစ်တွင် ၁.၅ ရာခိုင်နှုန်းရှိမည်ဖြစ်ပြီး ယေဘုယျအားဖြင့် ယခင် ခန့်မှန်းချက်တန်ဖိုးထက် ရာခိုင်နှုန်းပွိုင့် ၀.၁ ခု နိမ့်သွားကြောင်း ဥရောပဗဟိုဘဏ်၏ နောက်ဆုံးခန့်မှန်းချက်အရ သိရသည်။ ယူရိုဇုန်ရှိ ပုဂ္ဂလိကသုံးစွဲမှု ကျဆင်းလာကာ စက်မှုကုန်ထုတ်မှုမှာလည်း ပိုမိုနှေးကွေးလာပြီး အတိုးလျှော့ချခြင်းက သုံးစွဲမှုကို မြှင့်တင်နိုင်သည်ဟု Lagarde က ပြောကြားခဲ့သည်။
ဥရောပဗဟိုဘဏ်သည် ယခင်နှစ် အောက်တိုဘာလ အတိုးနှုန်းမြှင့်တင်ခြင်းကို ရပ်တန့်ပြီးနောက် ယခုနှစ် ဇွန်လ၌ ပထမဆုံးအကြိမ် အတိုးလျှော့ချခြင်းဖြစ်သော်လည်း ဇူလိုင်လ ငွေကြေးမူဝါဒအစည်းအဝေးတွင် အတိုးနှုန်းကို မပြောင်းလဲခဲ့ကြောင်း၊ ဥရောပဗဟိုဘဏ်၏ နောက်တစ်ကြိမ် ငွေကြေးမူဝါဒဆိုင်ရာ အစည်းအဝေးကို အောက်တိုဘာ ၁၇ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………………………..
(Chinese Version)
经济前景黯淡或令欧洲央行加快降息步伐
新华社法兰克福9月12日电 新华社记者邵莉
欧洲中央银行12日召开货币政策会议,决定将存款机制利率下调25个基点至3.50%。这是该行今年6月宣布降息后再次下调利率。分析人士指出,虽然欧洲央行仍坚持不预先承诺特定利率路径的审慎降息策略,但欧元区经济前景黯淡或导致欧洲央行加快降息步伐。
欧洲央行最新降息决定符合此前经济学家和金融市场投资者的普遍预期。值得关注的是,本次会议上,欧洲央行宣布将于18日开始实施新的货币政策操作框架。根据这一框架,欧元区三大利率之一的主要再融资利率与存款机制利率之间的利差缩窄到15个基点,同时边际借贷利率与主要再融资利率之间的利差仍保持25个基点。由此,此次宣布降息后,欧元区三大利率中的主要再融资利率和边际借贷利率分别降至3.65%和3.90%。
专家指出,在欧洲央行逐步缩减资产负债表的背景下,人们一直担心资本市场可能会出现流动性瓶颈。新的操作框架旨在通过降低短期贷款利率,让银行更容易获得流动性。
欧洲央行行长拉加德当天回答记者提问时拒绝对利率前景发表意见。她强调,虽然欧元区工资涨幅有所回落,但仍然太高,服务价格上涨压力比预期更大。
德国联邦公共银行协会总经理伊丽丝·贝特格-克劳斯认为,欧洲央行再次降息是通胀下降、经济停滞和工资上涨趋于平缓等因素综合作用的结果,但“顽固的通货膨胀风险”尚未完全消除。
欧洲央行12日还发布了对欧元区通胀率的最新预测,将今明两年欧元区核心通胀率(去除能源和食品的价格涨幅)小幅上调。德国商业银行分析认为,欧洲央行仍担心服务业价格上涨带来新的通胀风险,因此下一次利率下调要到12月才会宣布。
荷兰国际集团宏观研究主管卡斯滕·布热斯基则预计,欧洲央行明年有望加快降息步伐,美国经济走软及其对欧元区的影响可能是触发因素。
今年第二季度,欧元区国内生产总值环比保持一季度的低增长态势,其中德国、拉脱维亚、瑞典和匈牙利经济出现不同程度的萎缩。7月,欧洲央行将其对欧元区经济增长前景的评估调整为“倾向于下行”。布热斯基认为,黯淡的增长前景导致更激进的降息只是时间问题。
根据欧洲央行最新预测,欧元区2024年经济增速为0.8%,2025年为1.3%,2026年为1.5%,均较上一次预测值下调了0.1个百分点。拉加德表示,欧元区私人消费已经下降,工业生产也更加低迷,降息可以促进消费。
今年6月,欧洲央行自去年10月停止加息以来首次降息,但在7月货币政策会议上维持利率不变。欧洲央行下次货币政策会议将于10月17日举行。(完)
图说:9月12日,欧洲中央银行行长拉加德在德国法兰克福欧洲中央银行总部举行的新闻发布会上讲话。新华社记者张帆摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.