Connect with us

Africa & Middle East

ဒေသတွင်းတွင် ကပ်ဘေးအန္တရာယ်နောက်ထပ်တစ်ခု ဖြစ်ပွားစေနိုင်မည့် လုပ်ရပ်ကို ရပ်တန့်ရန် တရုတ်နိုင်ငံက အစ္စရေးကို တိုက်တွန်း

နယူးယောက်ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ပါလက်စတိုင်း-အစ္စရေး အရေး လုံခြုံရေးကောင်စီ တံခါးဖွင့်ဆွေးနွေးပွဲ ကျင်းပနေသည်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

လက်နက်သုံးသည့် အယူသန်မှုမျိုးကို စွန့်လွှတ်ရန်၊ စစ်ရေးဖြင့် အပြည့်အဝ အနိုင်ရလိုသည့် စိတ်ကူးယဉ်မှုကို စွန့်လွှတ်ရန်၊ ဂါဇာ၌ စစ်ရေးလှုပ်ရှားမှုများကို ချက်ချင်းရပ်တန့်ရန်၊ လက်ဘနွန်၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ထိပါးသည့် လုပ်ရပ်ကို ရပ်တန့်ရန်၊ ဒေသတွင်းတွင် ကပ်ဘေးအန္တရာယ်နောက်ထပ်တစ်ခု ဖြစ်ပွားစေနိုင်မည့် လုပ်ရပ်အား ရပ်တန့်ရန် တရုတ်နိုင်ငံက အစ္စရေးကို တိုက်တွန်းကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယအမြဲတမ်းကိုယ်စားလှယ် ကိန်းစွမ်က စက်တင်ဘာ ၁၉ ရက် လုံခြုံရေးကောင်စီ ပါလက်စတိုင်း-အစ္စရေးအရေး တံခါးဖွင့်ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

၁၀ ကြိမ်မြောက် ကုလသမဂ္ဂညီလာခံ အရေးပေါ် အထူးအစည်းအဝေးဖြစ်သည့် စက်တင်ဘာ ၁၈ ရက်တွင် ပါလက်စတိုင်းနိုင်ငံက အဆိုပြုသည့် အပြည်ပြည်ဆိုင်ရာ တရားရုံး၏ အကြံပြုသဘောထားကို အကောင်အထည်ဖော်ရေး ဆုံးဖြတ်ချက်မှာ သောင်ပြိုကမ်းပြို အနိုင်ရခဲ့ကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။ ဂါဇာပဋိပက္ခ အဆုံးမသတ်နိုင် ဖြစ်ပွားနေခြင်း၊ အရှေ့အလယ်ပိုင်း အခြေအနေ ဖြေရှင်းရခက် ရှုပ်ထွေးနေခြင်း၏ အရေးကြီးအချိန်အခါတွင် ဤဆုံးဖြတ်ချက်ကို အတည်ပြုလိုက်ခြင်းသည် အရေးကြီးသည့် သမိုင်းအနက်အဓိပ္ပါယ်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကုလသမဂ္ဂညီလာခံ ဆုံးဖြတ်ချက်တွင် အစ္စရေးကို တရားမဝင် သိမ်းပိုက်မှုများ ရပ်တန့်ရန် တောင်းဆိုထားသလို အစ္စရေးသိမ်းပိုက်မှုအခြေအနေကို ထိန်းထားနိုင်ရန် ဘက်ပေါင်းစုံက လက်နက်ပံ့ပိုးနေမှုကို ရပ်တန့်ရန်၊ “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” အကောင်အထည်ဖော်မှုကို အရှိန်မြှင့်တင်ရန် တိုက်တွန်းထားကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။ ဤဆုံးဖြတ်ချက်မှာ နိုင်ငံတကာ အသိုက်အဝန်း၏ ပါလက်စတိုင်းအရေး ဖြေရှင်းရန် တွန်းအားပေးနေသည့် ကျယ်ပြန့်သည့်ဘုံသဘောထားကို ထင်ဟပ်နေသလို နိုင်ငံတကာ အသိုက်အဝန်း၏ တရားမျှတမှုကို လက်ကိုင်ထားခြင်း၊ အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးကို ဖော်ဆောင်မည့် ခိုင်မာသော သန္နိဋ္ဌာန်ကို ထင်ဟပ်နေကြောင်း၊ လုံခြုံရေးကောင်စီအနေဖြင့် နိုင်ငံတကာအသိုက်အဝန်း၏ တိုက်တွန်းသံကို သေချာနားထောင်ကာ နိုင်ငံတကာအသိုက်အဝန်း၏ စိုးရိမ်ပူပန်မှုများကို ထိရောက်စွာ တုံ့ပြန်ပေးသင့်ပါကြောင်း ၎င်းက ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ၃ လ မတိုင်မီ၊ လုံခြုံရေးကောင်စီ၌ ဆုံးဖြတ်ချက်အမှတ် ၂၇၃၅ ကို အမေရိကန် တွန်းအားပေးစဉ်က အပစ်ရပ်ရေးသဘောတူညီချက်ကို အစ္စရေးလက်ခံပြီး ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း လက်တွေ့တွင်မူ ထိုသို့မဟုတ်ကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။ အချိန် ၃ လ ကျော်ကြာကာလတွင် အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုများ အဆက်မပြတ် အရှိန်မြှင့်နေမှု၊ ဆွေးနွေးပွဲတောင်းဆိုချက် ဆက်တိုက် ပို၍တိုးလာနေမှုနှင့် ရန်လိုသည့်လုပ်ဆောင်မှု အရှိန်တိုးလာနေမှုကိုသာ လူအများက တွေ့မြင်ရကြောင်း၊ ထာဝရအပစ်ရပ်ရေး၊ လူသားချင်းစာနာမှုကပ်ဘေးများဖြေလျှော့ရေးသည် အချိန်ဆိုင်း၍မရကြောင်း၊ သို့သော် အမေရိကန်နိုင်ငံအနေဖြင့် သံတမန်ရေးကြိုးပမ်းမှုကို ပို၍ အချိန်ပေးသည်းခံပေးရန် အဖန်တလဲလဲ တောင်းဆိုနေကြောင်း၊ သို့သော် ထိုသို့ ပို၍ အချိန်ပေးသည်းခံပေးရန် ဂါဇာအရပ်သားပြည်သူများသည် ၎င်းတို့၏ အသက်ခန္ဓာ၊ ဒုက္ခသုက္ခခံစားရမှုများဖြင့် စတေးရလျက်ရှိကြောင်း၊ အမေရိကန် လိုအပ်သည့် အချိန်နှင့်သည်းခံမှု၏ တန်ဖိုးမှာ ဤမျှပင် ကြီးမားနေလေသလောဟု ၎င်းက ပြောကြားခဲ့သည်။

လက်ရှိ ဂါဇာ စစ်ပွဲ ဆက်လက်ဖြစ်ပွားနေခြင်း၊ ပြင်ပသို့ ယိုလျှံသက်ရောက်မှုရှိခြင်းတို့သည် အရှိန်အဟုန်မြင့် သိသာထင်ရှားလာကြောင်း၊ လက်ဘနွန်၏အခြေအနေမှာ ပေါက်ကွဲတော့မည့်အနေအထားရှိသလို အရှေ့အလယ်ပိုင်းဒေသ၏ တည်ငြိမ်အေးချမ်းရေးမှာလည်း အလွန်တရာ အန္တရာယ်များလျက်ရှိကြောင်း ကိန်းစွမ်က အလေးထား ပြောကြားခဲ့သည်။ လုံခြုံရေးကောင်စီက ရွေးချယ်စရာနည်းလမ်း အလုံးစုံကို အသုံးပြု၍ သက်ဆိုင်ရာ ဆုံးဖြတ်ချက်ဖော်ဆောင်ရေး၊ စစ်မက်မီးလျှံအား အချိန်မီ ဆောလျင်စွာ ငြှိမ်းသတ်နိုင်ရေး၊ လူသားချင်းစာနာမှု ကပ်ဘေး ပြေလျော့ရေး၊ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းမှု ဖော်ဆောင်ရေး တစ်ဆင့်တိုး လှုပ်ရှားနေမှုကို တရုတ်နိုင်ငံ အနေဖြင့် ထောက်ခံပါကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
…………………………….
(Chinese Version)
中方敦促以色列停止可能将地区拖入另一场浩劫的冒险行径
新华社联合国9月19日电(记者潘云召)中国常驻联合国副代表耿爽19日在安理会巴以问题公开会上发言时表示,中方敦促以色列放下使用武力的执念,摒弃军事完胜的迷思,立即停止在加沙的军事行动、停止侵犯黎巴嫩主权和安全的行为、停止可能将地区拖入另一场浩劫的冒险行径。   耿爽说,第十次联合国大会紧急特别会议18日以压倒性多数通过巴勒斯坦国提出的要求落实国际法院咨询意见的决议。在加沙冲突延宕不已、中东局势复杂难解的关键时刻,这份决议的通过具有重要历史意义。   耿爽说,联大决议要求以色列结束非法占领,促请各方停止为以色列维持占领提供武器,重申必须坚持国际法治,并呼吁加快落实“两国方案”。这份决议反映了国际社会推动解决巴勒斯坦问题的广泛共识,反映了国际社会主持公道正义、实现中东和平的坚定决心。安理会应认真倾听国际社会呼声,有效回应国际社会关切。   耿爽说,3个多月前,美国推动安理会通过第2735号决议时声称,以色列已经同意接受停火协议。但事实似乎并非如此。3个多月来,人们看到的是以色列不断加强的军事行动、不断增多的谈判条件和不断升级的挑衅行为。实现永久停火、缓解人道灾难刻不容缓,美国却一再要求给予外交努力更多的时间和耐心,但是加沙平民正在用他们的生命和苦难为更多的时间和耐心埋单,难道美国需要的时间和耐心代价竟如此高昂?   耿爽强调,当前加沙战事持续延宕,外溢影响加速显现,黎以局势一触即发,中东地区的和平与稳定岌岌可危。中方支持安理会运用工具箱内的所有选项,推动有关决议的落实,及时为早日平息战火、缓解人道灾难、实现中东和平采取进一步行动。(完)
1. 9月19日,在位于纽约的联合国总部,安理会举行巴以问题公开会。新华社发(联合国供图/洛伊·费利佩摄)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.